အလွန်ချောမောလှပတဲ့ ကောင်လေး၊ Taira no Atsumori ရဲ့ တိုတောင်းလှတဲ့ဘဝနဲ့ အဆုံးသတ်

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ Taira no Atsumori ဆိုတဲ့ကောင်လေးပါ

တွေ့သူတိုင်း နောက်ပြန်လှည့်ကြည့်ရလောက်အောင် ချောမောလှပါတယ်

သူ့ဘဝရဲ့ နောက်ဆုံးအချိန်အကြောင်း ပြောပြချင်ပါတယ်

 

ကြိုပြောထားဦးမယ်၊ ရှေးခေတ်ကအကြောင်းဆိုတော့ ဓာတ်ပုံတော့မရှိဘူးနော်

ကျွန်တော်ပြောပြတာလေး ဖတ်ရင်း စိတ်ကူးထဲကမင်းသားချောလေးပုံ မြင်ကြည့်လိုက်ပါ

 

သူ့ပန်းချီလေးတော့ ရှိပါတယ်

ဖြူဖွေးနေပြီး မြင်သာထင်သာရှိတဲ့ မျက်လုံး၊ နှာခေါင်း

တော်တော်လေး ကြည့်ကောင်းခဲ့မယ့်ပုံပါပဲ

 

Atsumori က Heike ပုံပြင်ထဲက တစ်ပုဒ်မှာပေါ်လာတာပါ

တစ်ချိန်က ဂျပန်မှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ Taira no Kiyomori မျိုးနွယ်တွေအကြောင်းဆိုပေမယ့်၊ Atsumori ကတော့ Kiyomori ရဲ့တူတော်ပါတယ်

အဲ့ဒီအချိန်မှာ အသက်ကလည်း 17 နှစ်ပဲရှိပါသေးတယ်

 

“ Atsumori’s last” ဆိုတဲ့သူ့ဘဝနောက်ဆုံးအချိန်အကြောင်း ပုံပြင်ကို ကြည့်လိုက်ရအောင်

 

Heike ကို လိုက်ဖမ်းခဲ့တာက Kamakura အစိုးရကို ဖန်တီးခဲ့သူ Minamoto no Yoritomo ပါ

Kamakura ရဲ့အရေးကြီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ Naozane Kumagai ဆိုတဲ့လူရှိပါတယ်

 

Saitama စီရင်စု Kumagaya မြို့ဆိုတဲ့ ဒေသတစ်ခုရှိပါတယ်

ဒီနားလေးမှာ နေခဲ့တဲ့ အင်အားကြီးမိသားစုတစ်ခုပါ

 

Naozane ဟာ Heike က မြင်းနဲ့အတူ လှေပေါ်တက်ပြေးသွားတာကို ကြည့်ပြီး၊

 

“ ကိုယ့်ထက် အားသာတဲ့သူနဲ့ တိုက်ခိုက်ပြီး နာမည်ရအောင်လုပ်ချင်လိုက်တာ”

လို့တွေးပြီး ကမ်းခြေဘက်ကို သွားခဲ့ပါတယ်

 

အဲ့ဒီအချိန်မှာ အကောင်းစားအဝတ်အစားတွေဝတ်ပြီး သံချပ်ကာအကောင်းစားဝတ်ထားတဲ့ အလွန်တရာလှပပြီး အဆင့်မြင့်လှတဲ့ မြင်းကိုစီးထားတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ သင်္ဘောပေါ်တက်ဖို့ ပင်လယ်ဘက်ကိုထွက်သွားတာ မြင်လိုက်ပါတယ်

 

Naozane  ကလှမ်းအော်လိုက်ပါတယ်

အဲ့ဒီနားကလူက ဒီတိုက်ပွဲက တပ်မှူးဖြစ်သူလို့ ထင်ပါတယ်

သူရဲဘောကြောင်စွာ ရန်သူကိုကျောခိုင်းပြီး ထွက်ပြေးမလို့လား?

ပြန်လာခဲ့

 

အဲ့ဒီစကားကြောင့် ပြန်လှည့်လာတဲ့ ဆာမူရိုင်းကို ဖမ်းပြီး မြင်းပေါ်ကဆွဲချလိုက်တဲ့ Naozane

ဦးထုပ်ကိုချွတ်ပစ်ပြီး လည်ပင်းကိုဖြတ်မလိုလုပ်တဲ့အချိန် မြင်လိုက်ရတဲ့မျက်နှာက အသက် 16၊ 17 လောက်ရှိတဲ့ ကောင်လေးတစ်ယောက်

မိတ်ကပ်လိမ်းထားပြီး အရမ်းချောလှတဲ့ ကောင်ကလေး

ဓားကိုဘယ်နှာထားရမလဲ မသိလောက်အောင်ကို ချောမောတာပါ

အလှတရားမှာ နစ်မြောသွားတဲ့ Naozane ဟာ ဒီလိုပြောပါတယ်

 

သင်က ဘယ်သူလဲ? နာမည်ပြောပြပါ

ကူညီပေးမယ်

 

အဲ့ဒီမှာ ကောင်လေးက Naozane ကို “သင်ကဘယ်သူလဲ? “လို့မေးပါတယ်

နာမည်ပြောပြလိုက်တဲ့ Naozane ကို Atsumori ကဒီလိုပြောပါတယ်

 

“ဒီလိုဆိုတော့ ကျွန်ုပ်နာမည်ကို ပြောပြနေစရာမလိုတော့ဘူး။ သင့်အတွက်က ရန်သူပဲလေ

ကျွန်ုပ်နာမည်ကို မပြောလည်းပဲ ခေါင်းဖြတ်ယူသွားရင် တခြားလူတွေကိုမေးကြည့်လိုက်ပါ

ဘယ်သူဆိုတာ သိတဲ့သူအများကြီးပါ”

 

Naozane ဟာ ဒီလိုစကားလုံးတွေမှာ နစ်မြောသွားပြီး အသက်အတွက် တောင်းပန်မနေတဲ့ ကောင်လေးကို လေးစားမိပါတော့ယ်

တိုက်ပွဲကလည်း အနိုင်အရှုံးပေါ်နေပြီ

ဒီလူကိုသတ်လိုက်ရုံနဲ့ ဘာမှမပြောင်းလဲတော့ပါဘူး

မသတ်ချင်ဘူး။ ကယ်ချင်တယ်

 

အဲ့ဒီအချိန်မှာ နောက်ပြန်လှည့်လာတဲ့ ကိုယ့်ဘက်သားတွေ သူတို့နားကို ကပ်လာပါတော့တယ်

 

ကယ်ချင်ပေမယ့်လည်း ငါ့စစ်တပ်က ဒီနားထိရောက်နေပြီ
ပြေးလို့မလွတ်တော့ဘူး

သူများသတ်လို့ သေမယ့်အတူတူ ကျွန်ုပ်ကပဲ သတ်ပြီး နောက်မှ အသုဘကောင်းကောင်းချပေးပါမယ်

 

ဒါကို လက်ခံလိုက်တဲ့ Atsumori

ချက်ချင်း ခေါင်းဖြတ်လိုက်တဲ့ Naozane

 

ခေါင်းဖြတ်ပြီးတော့ ထုပ်ဖို့အတွက် အဝတ်တွေကို ဖြတ်ယူတဲ့အခါ Atsumori က အရေးကြီးပုံပေါက်တဲ့ ပုလွေကိုထည့်ထားတာ တွေ့လိုက်ပါတယ်

တိုက်ပွဲကို ပုလွေ ယူလာတဲ့သူမရှိသလောက်ပါပဲ

ဂုဏ်သရေရှိလိုက်တာလို့ တွေးမိသွားပါတယ်

 

Atsumori ရဲ့ခေါင်းနဲ့ ပုလွေကိုယူပြီးပြန်လာကာ၊ အထက်လူကြီးဖြစ်သူ Minamoto Yoshitsune ကိုတွေ့တဲ့အခါ Yoshitsune ဟာငိုရင်းနဲ့ Atsumori ရဲ့နာမည်ကို ပြောပြလိုက်ပါတယ်

 

ဒီတိုက်ပွဲကပြန်လာတဲ့ Naozane ဟာလည်း အိမ်တော်ကထွက်သွားပြီး အေးအေးချမ်းချမ်းပဲ နေပါတော့တယ်

 

ပုံပြင်ထဲမှာတော့ ဘုန်းကြီးဖြစ်သွားတဲ့ Naozane ဆီကို Atsumori ရဲ့ဝိဥာဏ်လာလည်တဲ့ အကြောင်းလည်းပါပါတယ်

ရန်သူ မိတ်ဆွေဆိုတဲ့ အကြောင်းတွေကို မေ့ပြီး အညှိုးမထားတော့တာဘဲ ပြန်လာတာပါ

 

Atsumori ရဲ့အကြောင်းက “ Kowakamai” ဆိုတဲ့ ပြဇာတ်တွေမှာ ပါလာပြီး၊ “ Atsumori” ဆိုတဲ့နာမည်ကို ပါးစပ်ဖျားစွဲတဲ့အထိ ကြိုက်ခဲ့ကြရတဲ့ ပြဇာတ်ပါ

Oda Nobunaga ဆိုတဲ့ ဂျပန်ကိုအုပ်ချုပ်ခဲ့သူဟာလည်း ဒီပြဇာတ်ကို အရမ်းကြိုက်ခဲ့ပြီး မိမိကိုယ်ကို အဆုံးမစီရင်ခင်လေးတင်ကို ပြဇာတ်ကတာ ကြည့်ခဲ့တဲ့အထိပါ

 

“人間(じんかん)50年 下天(げてん)のうちをくらぶれば 夢幻の如くなり”

Nobunaga အရမ်းကြိုက်ခဲ့တဲ့ Atsumori ရဲ့ပြောစကားလေးပါ

အခုခေတ်စကားနဲ့ဆိုရင်

 

လူ့အသက်က ၅၀ ပဲရှိပါတယ်

လူ့လောကဟာ အိပ်မက်တစ်ခု သို့မဟုတ် မှော်ဆန်သလို တဒင်္ဂလေးပါ

၁ ကြိမ် မွေးဖွားပြီးပြီဆိုတာနဲ့ မသေနိုင်သောသူ မရှိတာကြောင့်ပါ

 

လို့အဓိပ္ပာယ်ရပါတယ်

 

တိုတောင်းလှတဲ့ သက်တမ်း

အကူအညီတွေရယူပြီး ရှင်သန်နိုင်ရင်တောင် နှစ် ၅၀

သေမယ့်အတူတူ ကိုယ်ပိုင်ဆန်တ်ေ ရှင်သန်ပြီး သေသင့်တယ်

 

ဒီလို ဂျပန်လူမျိုးတွရဲ့ သေခြင်းအပေါ်အယူအဆဟာ လူအများကို ကူးစက်သွားပြီး ထပ်တူခံစားကြရပါတယ်

 

အခုခေတ်အထိ လူကြိုက်များကြတဲ့ Atsumori

နားလည်ရခက်တဲ့ ဂျပန်တွေရဲ့ ခံစားချက်ကိုဖော်ပြထားတဲ့ အကြောင်းပါ

ဘယ်လိုထင်ပါသလဲ?

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: