ဘုန်းကြီးကမှည့်ပေးတဲ့ ဆိုးရွားလွန်းတဲ့ ကလေးနာမည်…

အမည်က ကိုယ်ကိုကိုယ်စားပြုတယ် (名は体を表す) ဆိုပြီး ဂျပန်မှာပြောကြပါတယ်
နာမည်အတိုင်း ဖြစ်လာမယ်လို့ ပြောချင်တာပါ
ကျွန်တော့်နာမည်က ပညာရှိစွာ ဉာဏ်အလင်းပွင့်ခြင်းဆိုပြီး တော်တ်ောလေး လောဘကြီးကြီး မှည့်ထားပေးပေမယ့်၊ နာမည်အတိုင်းဖြစ်ဖို့ကတော့ နောက်နှစ် ၃၀ လောက်ကြာဦးမယ်ထင်ပါတယ်
ခန်းဂျိစကားလုံး အဓိပ္ပာယ်ကို စဥ်းစားပြီး အရေးပါတဲ့ ကိုယ့်ရဲ့ ကလေးလေးတွေကို နှစ်လိုဖွယ်ကောင်းတဲ့ နာမည်မှည့်ပေးကြတာပါ
သို့သော…တော်တော် ဆိုးရွားလှတဲ့ ဘုန်းကြီးရှိခဲ့ပါတယ်
AD 1200 ဝန်းကျင်က ဂျပန်မှာ
Kamakura ခေတ်ဆိုပြီး ဆာမူရိုင်းခေတ်အစမှာ အခုခေတ် Nagano စီရင်စုဖြစ်လာမယ့်နေရာမှာ ဘုန်းကြီးတစ်ပါး ရှိခဲ့ပါတယ်
အထက်ပုဂ္ဂိုလ်လို့ ခေါ်ခံရလောက်အော် တော်တော်လေး ရာထူးမြင့်ခဲ့ပါတယ်
မိန်းမ ၃ ယောက်တောင်ရှိပြီး ကလေးတစ်ယောက်စီ မွေးခိုင်းထားပါတယ်
ဂျပန်ဘုန်းကြီးတွေက အခုမှသာ လက်ထပ်ခွင့်ရှိတာပါ
မူလက တခြားနိုင်ငံကဘုန်းကြီးတွေလိုပဲ လက်မထပ်ရပါဘူး
သူရှိခဲ့တဲ့ Kamakura ခေတ်မှာ ဘုန်းကြီးတစ်ပါးက လူသိရှင်ကြား “ဘုန်းကြီးတွေလည်း လက်ထပ်ခွင့်ရှိတယ်ကွ” ဆိုပြီးပြောခဲ့ပါတယ်
ဇာတ်လိုက်ကျော် ဘုန်းကြီးကလည်း အဲ့ဒီခေတ်က ခေါင်းဆောင်တစ်ယောက်ပဲလေ
ဒါပေမယ့် မိန်းမက ၃ ယောက်တောင်…
တကယ်ကိုပဲ မြင့်မြတ်ရာထူးကြီးခဲ့တာလား…
အဲ့ဒီတော့ မွေးလာတဲ့ကလေးတွေကို နာမည်ပေးရတော့မယ်
ဘုန်းကြီးဆိုတော့ သမိုင်းမှာထင်ရှားခဲ့တဲ့ တရားစာပေတွေထဲက နာမည်ကောင်းကောင်းလေးတွေ ပေးမယ်မှတ်တာပေါ့
ဆိုတော့ ပထမတစ်ယောက်နာမည်က…
思ヨラズ (Omoi yorazu)
နားလည်ကြရဲ့လား?
ဟင်? ငါ့ကလေးလား? တကယ်ကြီးလား၊ မွေးလာမယ်မထင်ထားဘူး
ဆိုတဲ့အဓိပ္ပာယ်ပါ
အဆိုးဝါးဆုံး အောက်တန်းအကျဆုံးပါပဲ ဒီလိုအဖေကတော့
နောက်တစ်ယောက်က
サモアルラム(Sa mo ari nan)
အင်း….ဟုတ်မယ်ထင်တာပဲ ဆိုတဲ့အဓိပ္ပာယ်ပါ
နည်းနည်းတော့ အသိအမှတ် ပြုချင်လာပြီ ထင်ရလို့ ရီစရာကောင်းပါတယ်
နောက်ဆုံးတစ်ယောက်က
子細なし(Shi sai nashi)
လုံးဝမမှားဘူး။ သေချာပေါက်ငါ့ကလေး ဆိုတဲ့အဓိပ္ပာယ်ပါ
နောက်ဆုံးတော့ သေချာအသိအမှတ်ပြုလိုက်ပြီလား၊ အဖေဆိုးပါပဲ
ဒီဘုန်းကြီးက ၃ကြိမ်လက်ထပ်ပြီး နောက်ဆုံးမိန်းမနဲ့ ကလေးတို့နဲ့ အတူတူနေနေပေမယ့်၊ ပထမဆုံးမိန်းမကဆုံးသွားတော့ သူနဲ့ရတဲ့ကလေးက ဘုန်းကြီးဆီရောက်လာတာပါ
နာမည်ဆိုးဝါးလှတော့ အလိမ်လိမ်အပိန်ပိန်နဲ့ ကြီးပြင်းလာရပုံပါပဲ
ဒုတိယမြောက်ကလေးနဲ့ မိန်းမက စာအုပ်စာပေတွေမှာမပါလာတော့ပေမယ့်၊ ဒီလိုဘုန်းကြီးမျိုးကို စိတ်ပျက်လွန်းလို့ ထွက်သွားကြတာပဲ ထင်ပါတယ်
နောက်ဆုံးကလေးကရော ဘယ်လိုဖြစ်သွားလဲ…
စာအုပ်တွေထဲ ရေးမထားဘူးဆိုတော့ ကောင်းကောင်းမွန်မွန် မွေးဖွားကြီးပြင်းဖို့ ဆုတောင်းပေးမိပါတယ်