နတ်ပေါင်းစုံကိုးကွယ်မှုကနေ ဖြစ်လာတဲ့ ကျိန်စာဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ဓလေ့တစ်ခု

နာမည်ကြီး anime ရဲ့ ရုပ်ရှင်ဗားရှင်းဖြစ်တဲ့ Jujutsu Kaisen 0 ဟာ ဂျပန်မှာသာမက၊ နိုင်ငံခြားမှာပါ အရမ်းနာမည်ကြီးနေပြီး၊ Jujutsu ဆိုတဲ့စာကားလုံးဟာ လူပြောများ လူသိများတဲ့ စကားလုံးတစ်ခု ဖြစ်လာပါတယ်

 

Jujutsu ၊ တစ်နည်းအားဖြင့် ကျိန်စာ

ကျိန်စာဆိုတာနဲ့ ဂျပန်လူမျိုးတွေတောင် ကြောက်တတ်ကြပါတယ်

တစ်ဖက်လူကို ကျိန်စာတိုက်သတ်မယ်၊ ကျိန်စာတိုက်ပြီး ဒုက္ခရောက်အောင်လုပ်မယ်

ဆိုပြီး ပြောတတ်ကြပါတယ်

တကယ်တော့ နဂိုမူလက ကျိန်စာဆိုတာက အဲ့ဒီလောက်ကြီး ကြောက်ဖို့မကောင်းခဲ့ပါဘူး

 

ဒီတစ်ခေါက်မှာတော့ ဒီကျိန်စာရဲ့အဓိပ္ပာယ်နဲ့ လွယ်လွယ်ကူကူအသုံးပြုပုံကို ပြောပြပေးပါမယ်

 

ကျိန်စာသမိုင်းဟာ တော်တော်လေးရှည်လျားပြီး ဂျိုးမွန်းခေတ်လို့ခေါ်တဲ့ ခေတ်ကတည်းက ရှိခဲ့တာပါ

ဂျိုးမွန်းခေတ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း 16000 ကနေ နှစ်ပေါင်း 3000 အထိ ရှိခဲ့တဲ့ခေတ်ပါ

ဒီလိုနေထိုင်ခဲ့ကြတာပါ

https://rekisiru.com/11124

 

 

အဲ့ဒီနောက်မှာ မင်းမျိုးမင်းနွယ်တွေရဲ့ခေတ်ဖြစ်တဲ့ ဟေးအန်းခေတ်မှာ ကျိန်စာသုံးသူဖြစ်တဲ့ အွန်းမျိုးဂျိ လို့လည်းခေါ်တဲ့အရာဟာ တိုးတက်လာခဲ့ပါတယ်

နိုင်ငံအဆင့် ကျန်စာသုံးသူတွေပါ ပေါ်လာပြီး နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ ကြီးကျယ်လာပါတော့တယ်

 

ချစ်ကြိုက်ဖို့အတွက် မဏ္ဍာန်တွေ၊ အောင်မြင်ဖို့သုံးတာတွေလည်း ရှိခဲ့ပြီး၊ တစ်ဖက်လူကို တိုက်ခိုက်ဖို့အတွက်ပဲ သုံးခဲ့တာမျိုး Anime ထဲကလို မိစ္ဆာတွေကိုသတ်တာမျိုးပဲ မလုပ်ခဲ့ကြပါဘူး

 

ဂျပန်နိုင်ငံဟာ နတ်ပေါင်းစုံကိုးကွယ်တဲ့ နိုင်ငံပါ

တောင်မှာရော၊ မီးဖိုချောင်ရော၊ ကျောက်တုံးတွေမှာရော နေရာတိုင်းမှာ နတ်တွေရှိပါတယ်

ဂျပန်တွေက ဒီလိုပဲယုံကြည်ထားကြပါတယ်

 

ဒီလိုနိုင်ငံမှာ ဒီလိုတွေးကြပါတယ်

 

နတ်တစ်ပါးတည်းက လူတိုင်းရဲ့ ဆုတောင်းတွေနားထောင်ပေးရမှာ

မပင်ပန်းဘူးလား?

 

နတ်မင်းတွေရဲ့အတွေး၊ နတ်တွေရဲ့စွမ်းအားတွေကို မနှစ်မြို့ရာကနေ ကျိန်စာ (မှော်ပညာ) တွေပေါ်ထွက်လာတာပါ

 

နောက်ဆုံးအနေနဲ့ လွယ်လွယ်လေးနဲ့ လုပ်နိုင်တဲ့ ချစ်ခြင်းတွေကို ပြည့်ဝစေတဲ့ မှော်ကျိန်စာကို မိတ်ဆက်ပေးပါမယ်

ကျောင်းသားလေးတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်

 

ခဲဖျက်ပေါ်မှာ နညမည်ရေးရမှာပါ

ခဲဖျက်အသစ်ပေါ်မှာ ကြိုက်တဲ့သူနာမည်ကိုရေးရပါမယ်

ဘယ်သူမှမတွေ့အောင် ခဲဖျက်ကိုသုံးနိုင်ခဲ့ရင် အချစ်ရေးမှာအောင်မြင်မှာပါ

နှုတ်ခမ်းနီကိုလည်း ဒီလိုလုပ်တာရှိပါတယ်

နှုတ်ခမ်းနီပေါ်မှာ ကြိုက်တဲ့သူနာမည်ကို ရေးရပါမယ်

သူ့အကြောင်းတွေးရင်း နှုတ်ခမ်းနီဆိုးရင် အချစ်ရေးမှာအောင်မြင်မှာပါ

 

ဒါလေးပဲလား

လို့တွေးမိသွားတယ်မလား

 

ဟုတ်ပါတယ်။ ဒါပါပဲ

လွယ်လွယ်ပြောရရင် ဘာလုပ်လုပ် သူ့အကြောင်းခေါင်းထဲထည့်ထားနိုင်တဲ့ အရာကိုပြင်ဆင်ထားဖို့ပါပဲ

 

အမြဲတမ်းဆက်လုပ်လာမယ်ဆိုရင် တစ်ဖက်လူကို ကိုယ့်ခံစားချက်ရောက်သွားမှာပါ

 

ကျိန်စာတွေ မှော်တွေကလည်း ဒီလိုတွေပဲနေမှာပေါ့

 

ဒါပေမယ့် ခဲဖျက်ကို ကုန်တဲ့အထိသုံးတဲ့သူရော ရှိလို့လား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: