မသေခင်လေးမှာ ရေးခဲ့တဲ့ကဗျာ။ ဂျိဆေးနို့ခု (じせいの く) မှာဘယ်သူက ဘာသတင်းစကားတွေ ထားခဲ့လဲ?

သေခြင်းက ကိုယ့်မျက်စိရှေ့တည့်တည့်ရောက်လာရင် ဘာလုပ်ချင်မလဲ?

ချစ်ရတဲ့လူ၊ အရေးကြီးတဲ့လူတွေကို စကားပါးခဲ့မယ်လို့ တွေးနေမလား?

 

အခုကတော့ ဖုန်းလည်းရှိ၊ သွားလို့လာလို့လည်းလွယ်တော့ နောက်ဆုံးအချိန်မှာတွေ့ဖို့က မခက်ခဲပါဘူး

ရှေးတုန်းကတော့ စကားလေးပါးခဲ့ဖို စာတိုလေး ရေးခဲ့ရပါတယ်

 

ဂျပန်မှာ သေခြင်းတရား ကဗျာဆိုတဲ့ ယဉ်ကျေးမှု ရှိခဲ့ဖူးပါတယ်။

ဒီကဗျာဟာ သူသေခါနီးမှာ ချစ်ရသူထံ ထားခဲ့တတ်တဲ့ စာတိုလေးတစ်ပုဒ်ပါ ။

ဒါကို မရဏကဗျာ (Death Poem) လို့ခေါ်ပါမယ်

ကြည့်ကြည့်လိုက်ရအောင်

 

のちの世も またのちの世も めぐりあはむ そむ紫の 雲の上まで

 

ဇာတ်လိုက်ဖြစ်သူ Minamoto no Yoshitsune ရေးခဲ့တဲ့ မရဏကဗျာ

အစ်ကိုဖြစ်သူနဲ့ တိုက်ခိုက်ပြီး ရှုံးနိမ့် အသတ်ခံလိုက်ရတဲ့ သူပေါ့

အခုခေတ်စကားနဲ့ ဘာသာပြန်ရရင်

နောက်မျိုးဆက်ရော၊ အဲ့ဒီနောက်က မျိုးဆက်ရော၊ တွေ့ကြရအောင်။

ဟိုးက ခရမ်းရောင်ဆိုးထားသလို ဖြစ်နေတဲ့ မြေကြီးနဲ့ တိမ်တွေပေါ်မှာ အတူတူ သွားကြရအောင်။

 

ဘန်းခေး (べんけい ) ရဲ့ မရဏကဗျာကို အကြောင်းပြန်တဲ့ပုံစံ ရေးထားတယ်လို့လည်း ပြောကြပါတယ်

ကဗျာကတော့

六道の道のちまたに待てよ君遅れ先立つ習ひありとも

(ဆိုလိုရင်း : သေလူတွေရဲ့ ရွာမရောက်ခင် လမ်းမှာစောင့်နေပါ။ သေရတဲ့ နံပါတ်စဥ် ရှေ့ဆုံးနဲ့ နောက်ဆုံးမှာ ဖြစ်နေရင်တောင်မှ…)

 

နောင်တတွေတသီကြီးနဲ့သေသွားတဲ့ သူတို့နှစ်ယောက်၊ ဗုဒ္ဓဘုရားဟောကြားတဲ့ တရားထဲကအတိုင်း အဆုံးမှာ ခွင့်လွှတ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ကို မြင်နိုင်ပါမယ်

 

おもしろき こともなき世を おもしろく

Shinsaku Takasugi ဆိုတဲ့ ဆာမူရိုင်းကမ္ဘာကို ခေတ်မှီလာစေတဲ့လူရဲ့ ကဗျာ

အခုခေတ်စကားနဲ့ဆိုရင်

စိတ်ဝင်စားစရာ ဘာမှမရှိတဲ့ ကမ္ဘာကြီးကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပါ။

 

ကမ္ဘာကြီးရဲ့ ဘုံသဘောကို ပြန်စဥ်းစားစေခဲ့တဲ့ Takasugi ဆန်တဲ့ စကားလုံးတွေ။

 

ဘယ်လိုလဲ?

လူတွေသေခါနီးရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝကိုပြန်တွေးတတ်ကြတယ်လို့ ပြောပါတယ်

ပြန်တွေးလိုက်တာနဲ့ စိတ်ကျေနပ်မှုရှိခဲ့တယ်ဆိုတဲ့ ဘဝမျိုးကို နေထိုင်နိုင်ရပါမယ်

ဒါဟာ ဂျပန်လူမျိုးတွေရဲ့ သေခြင်းအပေါ်ပအမြင်ပါပဲ

 

နောက်ဆုံးမှာ ဘယ်လိုစကားမျိုးကို ချန်ခဲ့လဲ

မရဏကဗျာ ဆိုတာ ရေးသူရဲ့ နေထိုင်ခဲ့ပုံ၊ အိမ်မက်၊ စရိုက်လက္ခဏာတွေကို မြင်သာစေတဲ့ ကဗျာပါပဲ

 

ကျွန်တော့်အိမ်မက်ကတော့ JAPO ကတစ်ဆင့် ကမ္ဘာတစ်ခုလုံးကလူတွေနဲ့ ဂျပန်ကို ချိတ်ဆက်ပေးချင်တာပါ

ပြီးတော့ ဂျပန်နိုင်ငံရဲ့ အတွေးအမြင်တွေကို ဖြန့်ကျက်ပေးသွားချင်ပါတယ်

 

သေတော့သေမှာမဟုတ်မသေးပေမယ့်၊ နောက်ဆုံးအချိန်ကျရင်တော့ ဒီအိမ်မက်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ဖြစ်မြောက်စေပြီး၊ စိတ်ကျေနပ်မှုရှိရှိသေချင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: