အဲဒိုတစ်ခုလုံးကို ရှုပ်ရှက်ခတ်သွားစေတဲ့ Ejima Ikushima Incident (Ejima Ikushima Jiken) အရှုပ်တော်ပုံ အကြီးစား

မြန်မာနိုင်ငံမှာရော သရုပ်ဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ အရှုပ်အရှက်ရှိလာရင် ဘာဖြစ်လာမလဲ?

ဂျပန်မှာဆိုရင်တော့ အပတ်စဥ်မဂ္ဂဇင်းတွေ၊ TV တွေမှာပါလာပြီး နောက်ထပ် လူရှေ့ကိုထွက်မလာရဲလောက်အောင် ဖြစ်သွားပါတယ်

 

အဲဒိုခေတ်မှာလည်း ဒီလိုအဖြစ်မျိုး ရှိခဲ့ပါတယ်

Ejima Ikushima အဖြစ်အပျက်အကြောင်း ပြောပြပါမယ်

 

အရင်ဆုံး ဒီပန်းချီကို ကြည့်ကြည့်လိုက်ပါ

ဘယ်ဘက်မှာက Kabuki ပြဇာတ် မင်းသား Ikushima Shingoro ဖြစ်ပါတယ်။

ညာဘက်က အမျိုးသမီးက Ejima လို့ခေါ်တယ်။

ယောက်ျားတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ဆိုပြီး မြင်ရပေမယ့်

ကယ်တော့ သူမဟာ တော်တော်ကြီးလေးတဲ့ ရာထူးအနေအထားမှာ ရှိနေသူပါ

 

Ooku (大奥) ဆိုတာကို သိပါသလား။

Edo ခေတ်မှာ Tokugawa မိသားစုဟာ မျိုးဆက်ပေါင်းများစွာ ထိပ်တန်းနေရာကို ရယူထားတာကြောင့် မျိုးဆက် ဆက်ခံဖို့ကလည်း အရေးကြီးပါတယ်။

ရှေးယခင်က ဆေးဘက်ဆိုင်ရာနည်းပညာတွေလည်း မဖွံ့ဖြိုးသေးတော့ ကလေးငယ်များ သေဆုံးမှုလည်း များပြီး၊

Tokugawa မိသားစုအတွက် ကလေးများ ပိုမိုလိုအပ်လာပါတော့တယ်။

Tokugawa မိသားစုအတွက်သာမက Tokugawa တွေရဲ့  နေရာပါ တုန်လှုပ်သွားပါက ဂျပန်တစ်ပြည်လုံး မတည်မငြိမ်ဖြစ်လာနိုင်တာကြောင့်

ဂျပန်ကို ဆက်လက်ငြိမ်းချမ်းစေဖို့လည်း လိုအပ်လာပါတော့တယ်

Tokugawa မိသားစု ခေါင်းဆောင် shogun ဖြစ်လာဖို့ သားစဉ်မြေးဆက်များကို မွေးပေးမယ့် အမျိုးသမီးသီးသန့် အဖွဲ့အစည်းဆိုပြီး အများကြီးရှိပါခဲ့ပါတယ်။

 

ရှင်းပြတာတောင် ရှည်သွားပြီ

ဒီလိုအစိုးရရဲ့  အရေးကြီးအဖွဲ့အစည်းဖြစ်တဲ့ Ooku (大奥)  ရဲ့ ထိပ်ပိုင်းအထိ တက်လှမ်းနိုင်ခဲ့တာကတော့ Ejima ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အရည်အချင်းရှိပြီး အခြားသူများက အသိအမှတ်ပြုခြင်းမရှိပါက ဒီရာထူးသို့ မရောက်နိုင်ပါ။

 

တစ်ရက်တော့ Ejima ကို အထက်လူကြီးဟောင်းက သူ့ကိုယ်စား အုတ်ဂူကို သွားကြည့်ခိုင်းလို့ သွားခဲ့ပါတယ်

Minato Ward မှာရှိနေဆဲဖြစ်တဲ့ Zoujoji ဘုရားကျောင်းကိုသွားခဲ့တာပါ

 

Ejima က Ooku (大奥)  ကနေ အပြင်မထွက်ရဘူး

ဒါကြောင့် အပြင်ထွက်ရတဲ့အခါ နည်းနည်းတော့ စိတ်အေးလက်အေး ဖြစ်မိသွားတယ်ထင်ပါတယ်

သင်္ချိုင်းကို လည်ပတ်ပြီးပြီးချင်းမှာပဲ  Ooku (大奥) ကို ပြန်မလာဘဲ မြို့ထဲကိုသွားခဲ့ပါတယ်

အစိုးရရုံးအရာရှိတွေအဝင်အထွက်ရှိတဲ့ ကီမိုနိုဆိုင်တစ်ဆိုင်ကို ဝင်ပြီး  ပြဇာတ်ကို သွားကြည့်ခဲ့ပါတယ်

 

ပြဇာတ်ကိုကြည့်ရင်း စီးမြောသွားပြီး  Ooku (大奥) ရဲ့ ညမထွက်ရအမိန့်ဖြစ်တဲ့ ညနေ ၆ နာရီကျော်သွားပါတော့တယ်

Ejima က တံခါးစောင့်ကို စကားပြောခဲ့ပေမယ့် အထဲကို ဝင်လို့မရခဲ့ပါဘူး

အချိန်တော်တော်ကြာခဲ့ပေမယ့် အထဲကိုဝင်နိုင်သွားပါတယ်

သို့သော်လည်း ဒီအကြောင်းဟာကို Edo မှာ လူသိများပြီး ပြောစရာဖြစ်သွားပါတော့တယ်

 

ဘာလို့လည်းဆိုတော့…

သူမဟာ ဇာတ်ရုံကအပြန်  ညစာစားပွဲ ကျင်းပခဲ့ပါသေးတယ်

ပြဇာတ်ရုံက သရုပ်ဆောင် Ikushima Shingoro ကိုလည်း ခေါ်ပြီး ညစာစားပွဲကို အတူတက်ရောက်ခဲ့ပါတယ်

Ejima လည်း စိတ်ကြည်နေတော့ အရက်အလွန်အကျွံသောက်ခဲ့ပါတယ်

 

Ikushima Shingoro ကလည်း အရမ်းချောပြီး နာမည်ကြီးတော့ သူတို့နှစ်ယောက် ဆုံခဲ့တဲ့အကြောင်းက အဲဒီမှာ hot topic တစ်ခုဖြစ်လာခဲ့ပါတော့တယ်

Ejima က Shingoro Ikushima ကိုဖိတ်ပြီး မသင်္ကာစရာတစ်ခုခုလုပ်ခဲ့တယ်၊ ဖောက်ပြားကျူးလွန်ခဲ့တယ်လို့ ကောလဟာလများ ထွက်ပေါ်လာပါတော့တယ်

 

အရေးပါတဲ့ အစိုးရအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ရာထူးနိမ့်တဲ့ သရုပ်ဆောင်တစ်ဦးနဲ့  ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိနေတဲ့အချက်က အစိုးရကို အရှက်ကွဲအကျိုးနည်းစေခဲ့ပါတယ်

ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းမှုများနဲ့ မညှာမတာ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံရသော်လည်း နှစ်ဦးကြားက ဆက်ဆံရေးကို ငြင်းဆိုခဲ့ကြပါတယ်။

၎င်းတို့နှစ်ဦးကို သေဒဏ်ချမှတ်သင့်တယ်လို့  ပြောကြသော်လည်း အဆုံးမှာတော့  Shingoro Ikushima ကို အဝေးက ကျွန်းငယ်လေးတစ်ခုသို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး

Ejima ကိုလည်း Nagano တောင်တန်းပေါ်မှာ အကျဉ်းချခံခဲ့ပါတယ်

 

ပြဇတ်ရုံကသရုပ်ဆောင်တွေပါ ထောင်ကျသွားတာပါ

Ikushima Shingoro ရဲ့ အစ်ကိုဖြစ်သူကတော့ အဆိုးဆုံးခံရခဲ့တာပါ

ကောင်းကောင်းမထိန်းသိမ်းဘူးဆိုပြီး သေဒဏ်ချမှတ်ခံလိုက်ရပါတယ်

 

နောက်ဆုံးမှာတော့ သူတို့ကြားက ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိမရှိ ဘယ်သူ့ပါးစပ်ကမှ သက်သေခံချက်မရှိခဲ့ပါဘူး

တကယ်ပဲ ဆက်နွယ်နေသလား ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့  ကြံစည်မှုကြောင့် Eshima ကနေ ထွက်သွားခဲ့ရတာလား?

 

လောလောဆယ်တွင် Ejima ကို ချုပ်နှောင်ထားခဲ့တဲ့  Kakomi Yashiki ဟုခေါ်သော အိမ်ကြီးကို Nagano စီရင်စုမှာ ပြန်လည်ပြင်ဆင်ထားပါတယ်။

https://news.yahoo.co.jp/articles/111bc76798cb7f9566211aeb8da0773fb8742137?page=3

 

အဖွင့်အပိတ် မလုပ်နိုင်တဲ့ ခြံစည်းရိုးတွေရှိလို့ အပြင်မထွက်ရပါဘူး။

ပြင်ပကို ဆက်သွယ်လို့မရဘဲ စာတောင်မရေးရဘဲ  တစ်ယောက်တည်း နေခဲ့ရတာပါ

 

ပထမဆုံးကြည့်ခဲ့တဲ့ ပုံထဲကလို တကယ်ပဲ နှစ်ယောက်တည်းတွေ့ခဲ့ကြတာလား

မတွေ့ခဲ့ကြဘူးလား

တွေ့ခဲ့တယ်ပဲထားဦး ဒီလောက်အထိ အပြစ်ပေးတာကတော့ မကြီးလေးလွန်းဘူးလား

ပုံမှန်ပဲလား

 

ဘယ်လိုထင်ပါသလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: