မင်းမျိုးမင်းနွယ်တွေရဲ့ အောက်တန်းကျတဲ့ ကစားနည်း။ Toribami ဆိုတာ ဘာလဲ။

ဆာမူရိုင်းတွေ မပေါ်လာခင်က ဂျပန်မှာ မင်းမျိုးမင်းနွယ်တွေ ကြီးစိုးခဲ့ပြီး ငြိမ်းချမ်းတဲ့နိုင်ငံပါ။
မဟုတ်ပါဘူး၊ မင်းမျိုးမင်းနွယ်တွေအတွက်ပဲ ငြိမ်းချမ်းခဲ့တာပါ
သာမန်ပြည်သူတွေအတွက်ကတော့ အဆင်မပြေခဲ့ပါဘူး
အချို့သော မင်းမျိုးမင်းနွယ်တွေဟာ အာဏာကို သိမ်းပိုက်ပြီး ဇိမ်ခံကြပါတယ်
အခြားတစ်ဖက်မှာတော့ အရပ်သားအများစုသည် ခက်ခဲတဲ့ဘဝမှာ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတာကတော့ ဟေးအန်းခေတ်ပါ
အဲဒီခေတ်က လူကြိုက်များခဲ့တဲ့ Toribami လို့ခေါ်တဲ့ အောက်တန်းကျတဲ့ ကစားနည်းကို သင်သိပါသလား။
လူသားတစ်ယောက်အနေနဲ့ တွေးလို့ မရနိုင်လောက်တဲ့ အောက်တန်းကျတဲ့အရာတစ်ခုကပါ
လူတွေက အာဏာနဲ့ ပိုက်ဆံရှိသွားတဲ့အခါ ရူးသွားပုံရပါတယ်။
Toribami ဆိုတာ ဘာလဲ။ ရှင်းပြဖို့အတွက် ငယ်ငယ်က လုပ်ခဲ့တာတွေကို မှတ်မိကြည့်စေချင်ပါတယ်။
ဥယျာဉ်ထဲမှာ ဖိတ်စင်နေတဲ့ ထမင်းကျန်တွေကို စုထားရင် ငှက်တွေက လာစားကြလိမ့်မယ်။
ဒီလိုချစ်စရာကောင်းတဲ့ပုံစံကိုမြင်ချင်လို့ လိုအပ်တာထက်ပိုပြီး အစားအသောက်တွေ ပေအောင် ဖိတ်အောင်လုပ်ပြီး မိဘတွေကို စိတ်တိုအောင်လုပ်ဖူးတဲ့သူ ရှိပါသလား
ငှက်တွေမှာ အတောင်ပံပါပေမယ့် လက်မပါပါဘူး
တချို့လူတွေက သူတို့ရဲ့ နှုတ်သီးလေးတွေနဲ့ အစာကောက်တာကို ကြည့်မရတာမျိုး ရှိကြသလား?
ဘာကိုဆိုလိုတာလဲ သိပါလား
Toribami ကို ခန်းဂျိနဲ့ 鳥喰 လို့ ရေးရပါတယ်
ငှက်တစ်ကောင်လို အစာစားတယ် ဆိုတဲ့အဓိပ္ပာယ်ပါ
ဥယျာဉ်ထဲမှာ ထမင်းကျန်တွေကို ဖျန့်ကျဲထားတာကို Toribami လို့ခေါ်တာပါ
အခုထိ ဇာတ်လမ်းကောင်းတစ်ခုလို့ထင်ရပေမယ့် ဒီနောက်ပိုင်းမှာတော့ စိတ်ပျက်စရာပါပဲ
Heian မင်းအမျိုးအနွယ်ဝင်များဟာ ဇိမ်ကျကျနေထိုင်ခဲ့ပါတယ်
ဒီလိုထမင်းကို စားခဲ့ရပုံပါပဲ
ပွဲသို့လာရောက်သူပေါ်မူတည်ပြီး ပစ္စည်းအရေအတွက် အပြောင်းအလဲရှိပုံရပါတယ်

尊者 (Sonja။ ဧည့်သည်တော်အဖြစ်လာတဲ့ ဝန်ကြီး) အတွက်ဆို ၂၈ မျိုး
公卿 (Kugyo၊ အမြင့်မြတ်ဆုံး မင်းမျိုးမင်းနွယ်) အတွက်ဆို ၂၀ မျိုး
ပြီးတော့လည်း အနည်းဆုံး စားစရာ ၈ မျိုးကိုတော့ ဆက်သရမယ်လို့ဆိုပါတယ်
ကြိုဆိုတဲ့ အဓိပ္ပါယ်နဲ့ ဇိမ်ခံအစားအစာအပြည့်နဲ့ ပွဲဖြစ်ပါတယ်
အစားကြီးနဲ့သူတောင် မစားနိုင်တဲ့ ပမာဏကို ဆက်သရပုံပါပဲ
တစ်ဖက်မှာလည်း သာမန်ပြည်သူလူထုမှာတော့ စားစရာမရှိလို့ အငတ်ငတ်အပြတ်ပြတ်နဲ့ လယ်ယာလုပ်ငန်းကို လုပ်နေခဲ့ကြရပါတယ်
အဲ့ဒီ စားကြွင်းစားကျန်တွေနဲ့ ကစားတာကို Toribami လို့ခေါ်တာပါ
Toribami စမယ်လို့ အချက်ပြလိုက်တာနဲ့ ပန်းခြံထဲသို့ဝင်လာကြတဲ့ ဆင်းရဲသားတွေ
သိတဲ့အတိုင်း အကုန်လုံး ဗိုက်ဆာနေကြပါတယ်
ဧည့်သည်တော်တွေက ကိုယ့်ရဲ့ စားကြွင်းစားကျန်တွေကို ဓားနဲ့ကောက်ယူပြီး ဥယျာဉ်ထဲကို ပစ်ချကြပါတယ်
လူတွေက စားစရာတွေကို လုယက်ရင်း ကောက်ယူစားသောက်ရပါတယ်
တခြားတစ်ယောက်က တခြားနေရာကို ပစ်လိုက်ရင် အဲ့ဒီနားကိုပြေးကောက်ရတယ်
အဲ့ဒီလိုမြင်ကွင်းမျိုးကို ကြည့်ပြီးပျော်နေတာကို Toribami လို့ခေါ်တာပါ
ထိုအချိန်က မင်းမျိုးမင်းနွယ်တွေဟာ ဒီအရာကို အလှူဒါနတစ်ခုလို့ ခေါ်တွင်ပြီး ဆင်းရဲသားများကို စားစရာတစ်မျိုးမျိုးနဲ့ ကျွေးတာကြောင့် ကောင်းတာလုပ်တယ်လို့ ယုံထားကြပါတယ်
လူလူချင်းပါပဲ။
ဒီ အစားအစာတွေကိုလည်း ပြည်သူတွေကပဲ ချက်ပြုတ်ထားတာပါ
ချက်ပြီးသားကို သိမ်းယူကြတာပါ
အာဏာရှိတယ်ဆိုတာနဲ့ပဲ အားလုံးကို သိမ်းပိုက်ခဲ့တဲ့ မင်းမျိုးမင်းတွေပါပဲ
အဲ့ဒီလိုခေတ် ကုန်ဆုံးသွားပြီး ဆာမူရိုင်းခေတ်သို့ ရောက်လာပါတော့တယ်
သို့သော်လည်း လူသားများဟာ အာဏာရလာတဲ့အခါ ပို၍ပို၍ ပုပ်ပွသွားတတ်တာကတော့ မည်သည့်နိုင်ငံနှင့် မည်သည့်ခေတ်တွင်မဆို အတူတူပါပဲ