ဂျပန်ကကြောင်လေးတွေက ငါးကြိုက်တယ်။ ဘယ်လိုငါးမျိုးတွေ ကြိုက်တတ်တာပါလိမ့်?

Anime တို့ဘာတို့မှာ ငါးအကောင်လိုက် ကိုက်ထားတဲ့ ကြောင်ကိုမြင်လိုက်ရင် တစ်မျိုးကြီး တွေးမိတတ်ကြပါသလား?
http://t-log.jp/2017/02/03/post-631/
ကြောင်က အဲ့ဒီငါးကို စားတတ်ရဲ့လား?
ကြောင်ဆိုတာကလည်း ခြင်္သေ့လိုမျိုး အသားစားသတ္တဝါပါပဲ
ကြွက်တွေဘာတွေ ဖမ်းစားတတ်ပြီး လူတွေရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်စီးတတ်တဲ့ ကြွက်တွေကို ဖမ်းပေးတတ်ပါတယ်
ကြောင်တော်တော်များများက ရေအရမ်းကြောက်ပြီး
ငါးနဲ့တွေ့ဖို့က တော်တော်ခက်ပါတယ်
သဘာဝအတိုင်းကတော့ ငါးစားပြီး အသက်ဆက်မရဘူးပေါ့နော်
ဒါပေမယ့် ဂျပန်မှာကတော့ ကြောင်စာကိုတောင် ငါးနဲ့တွဲပြီး ရောင်းကြပါတယ်
https://paypaymall.yahoo.co.jp/store/ehac/item/4549414140255-10/
မဂုရို့ လို့ရေးထားပြီး လူတွေတောင်စားလို့ရမယ့်ပုံပါပဲ
တခြားမှာလည်း ပင်လယ်ငါး၊ ဘောနီတို၊ ဂုံးကောင်တွေနဲ့ လုပ်ထားတာတွေပါ ရှိပါတယ်
ငါးတအားကြိုက်တဲ့ ကြောင်ကတော့ ဂျပန်မှာပဲ ရှိပုံပါပဲ
ဘာကြောင့်ပါလိမ့်?
ဂျပန်တွေကိုက ငါးကြိုက်လို့ပါပဲ
ဒါကိုရှင်းပြဖို့အတွက် ကြောင်တွေဆီကမြင်ရတဲ့ ဂျပန်သမိုင်းကို ကြည့်ကြည့်ရအောင်
အီဂျစ်သမိုင်းတွေမှာဆိုရင် ကြောင်တွေပါတတ်တယ်လေ
ဒါပေမယ့် ဂျပန်မှာတော့ ခေတ်နှောင်းပိုင်းအထိ ကြောင်တွေကို မမြင်ရသေးပါဘူး
ဂျပန်ကိုရောက်လာတာက တရုတ်ကပါ
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက အာဖရိက တောကြောင်လို့ ခေါ်တဲ့ ကြောင်တစ်ကောင်က ဂျပန်ကို ရောက်လာပြီး မင်းမျိုးမင်းနွယ်တချို့က မွေးခဲ့တာပါ
အဲ့ဒီခေတ်က ဘုရင်က ကြောင်အရမ်းချစ်ပြီး ကဗျာဖတ်တဲ့အချိန်မှာ ဒီလိုစကားလေးချန်ခဲ့ပါတယ်
「愛其毛色之不類。餘猫猫皆淺黑色也。此獨深黑如墨。爲其形容惡似韓盧」
ခန်းဂျိတွေနဲ့ဆိုတော့ ဖတ်ရခက်လို့ အခုခေတ်စကားနဲ့ဆိုရင်
ငါ့ရဲ့ ကြောင်က ထူးခြားတဲ့ အရောင်ရှိတယ်
အခြားကြောင်များအားလုံးမှာ နက်မှောင်တဲ့အရောင်ရှိပေမယ့် ငါ့ကြောင်မှာ ကတော့ မှင်လိုမျိုး လှပတဲ့ အနက်ရောင်ရှိတယ်
အိမ်နီးချင်းတိုင်းပြည်က ခွေးနက်တစ်ကောင်လိုပါပဲ။
ကြောင်ခရေဇီ ကတော့ အဲ့ဒီခေတ်ကတည်းက ရှိပုံပါပဲ
အဲ့ဒီခေတ်တုန်းကတော့ မွေးတာမျိုးသိပ်မရှိသေးတော့ အသားစာသတ္တဝါတွေပဲပေါ့
ဆာမူရိုင်းခေတ်ရောက်လာတော့ အကြီးကြီးပြောင်းလဲသွားပြီး
ကြိုးနဲ့ချည်ပြီး မွေးတာမျိုးရှိလာပါတယ်
ကြောင်တွေကို ချစ်ပါဆိုတဲ့ ဥပဒေကြောင့် ကြိုးချည်ထားတာမျိုး မလုပ်တော့ဘဲ
မြို့တွေထဲမှာ လျှောက်သွားလာနေတတ်ကြတဲ့ အထိ ကြောင်တွေပွားလာခဲ့ပါတယ်
ပြည်သူပြည်သားတွေပါ မွေးခဲ့ကြပုံပါပဲ
ဒါပေမယ့် အဲ့ဒီခေတ်က ဂျပန်မှာ အသားသိပ်မစားပါဘူး
ကြောင်တွေကကျတော့ အသားစားမှဖြစ်မှာဆိုတော့ ဂျပန်မှာရတဲ့ ငါးတွေပဲစားရတော့တာပေါ့
အိမ်မွေးကြောင်တွေကတော့ လူတွေစားကျန်ကိုစားရပြီး
လမ်းကေကြောင်လေးတွေကတော့ ကမ်းစပ်တို့ဘာတို့က ငါးဖမ်းလှေတွေကျခဲ့တာကို ကောက်စားရာကနေ ငါးကြိုက်တယ်ဆိုပြီး ဖြစ်လာတာပါ
ခိုးယတောင်ပေါ်က ရှင်းဂွန်းရှူးလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းကို အမျိုးသမီးနဲ့ ကြောင်တွေဝင်ခွင့်မရှိပါဘူး
အမျိုးသမီးကတော့ ရဟန်းသာမနေတွေ စိတ်ယိုင်မှာဖြစ်လို့ နားလည်ပေမယ့်
ကြောင်ကျတော့လည်း ဒီအကြောင်းပြချက်ကြောင့်ပဲ နေမှာပါ
ချစ်စရာကောင်းတာကိုး
Anime ထဲမှာ ငါးအကောင်လိုက် ချီထားတာတွေ့ပြီး တစ်မျိုးခံစားရတာအတွက် အဖြေထွက်ပြီထင်ပါတယ်