ဒဏ်ရာရသွားတဲ့ လက်မောင်းက အဆင်မပြေတဲ့အတွက် လွှနဲ့ခုတ်ဖြတ်လိုက်တယ်!? Kisaburo ၏ဒဏ္ဍာရီ၊ ရူးသွပ်နေတဲ့ယာကူဇာ

Kisaburo ဆိုသူကို “Udeno Kisaburo” (လက်မောင်း) လို့လည်းခေါ်ကြပါတယ်

ဘာလို့လဲဆိုတော့ ကိုယ့်လက်ကိုယ် ဖြတ်ပစ်လောက်တဲ့အထိ မိုက်ရူးရဲဆန်ခဲ့လို့ပါပဲ

 

သူ့အကြောင်းပြောရရင် အချက်၂ချက် ထည့်ပြောရပါမယ်

အဲဒို့ကို နဲ့ ခယိုးခခု

 

အဲဒို့ကိုဆိုတာက အဲဒိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ လူတွေကိုခေါ်တာဖြစ်ပြီး စိတ်ဆတ်တယ်လို့ လူသိများပါတယ်

 

မီးနှင့်ရန်ဖြစ်ခြင်းသည် အဲဒို၏ ပန်းပွင့်များပင်

 

ဆိုတဲ့စကားရှိပါတယ်

အဲဒိုမှာ သစ်သားအဆောက်အဦများလို့ ဆောင်းရောက်ရင် ခြောက်သွေ့ပြီး မီးကြီးကြီးလောင်တတ်တာ များပါတယ်

 

ရန်ဖြစ်ရင်လည်း ဒီလိုပါပဲ တစ်မြို့လုံး သတ်ကြတာပါ

အဲ့ဒီ၂ခုကို တင်စားပြီး ခေါ်ထားတာပါ

အဲ့လောက်ထိကို စိတ်မရှည်ဒေါသကြီးတတ်ကြတာပါ

Kisaburo ကလည်း အဲဒို့ကို ပါပဲ

 

ခယိုးခခု ဆိုတာက တရုတ်စကားမှာ မာဖီးယား၊ ယာကူဇာ ဆိုတဲ့ အဓိပ္ပာယ်ရပြီး ဂျပန်မှာကတော့ သိပ်မတူပါဘူး

“စည်းလွတ်ဝါးလွတ် လုပ်ကိုင်တတ်သူ” ဆိုပြီး ပြောတတ်ကြပြီး ယာကူဇာတွေဘာတွေရော ပါပေမယ့် အဓိပ္ပာယ်က ပိုကျယ်ပြန့်ပါတယ်

Kisaburo ကိုလည်း ခယိုးခခု လို့ခေါ်ကြပါသေးတယ်

 

Kisaburo အကြောင်းပြောကြရအောင်

Kisaburo က အဲဒိုခေတ်အစောပိုင်းက ခယိုးခခုဖြစ်ပြီးတော့ ရန်အမြဲဖြစ်နေတယ်ဆိုပြီး အပြောခံခဲ့ရသူပါ

 

တစ်ရက် ဆာမူရိုင်းတစ်ယောက်နဲ့ ရန်ဖြစ်ပြီး Kisaburo က ရန်သူတော်တော်များများကို ခုတ်နိုင်ခဲ့ပြီး၊ သူ့လက်မှာ ဒဏ်ရာရခဲ့ပါတယ်

လက်ပြတ်ထွက်တော့မတတ် ဒဏ်ရာကနက်နေတော့ Kisaburo က

 

“ကြည့်ရတာအဆင်မပြေဘူး၊ စိတ်ပျက်စရာပဲ”

လို့ပြောပြီး သူ့တပည့်ကို လွှနဲ့ လက်ကိုဖြတ်ခိုင်းခဲ့တာပါ

 

ဆိုးဝါးလိုက်တာ

ရူးနေတာများလား?

 

သူ့အကြောင်းကို လက်တွေ့သိမြင်နိုင်တဲ့ နေရာရှိပါတယ်

အဲ့တာကတော့ သူ့ရဲ့အုတ်ဂူပါ

https://www.walkerplus.com/trend/matome/article/146460/image829383.html

 

လက်သီးထောင်ထားတဲ့ပုံစံနဲ့ တမူထူးခြားနေပါတယ်

သူ့ဘေးကအုတ်ဂူတွေက ပုံမှန်ပါပဲ

အဲ့ဒီခေတ်တုန်းက လူတိုင်း လေးထောင့်ပုံ အုတ်ဂူဆောက်ကြတာကို သူကျတော့ လက်သီးပုံဆောက်ခဲ့တာပါ

သေတဲ့အထိကို အမိုက်စားတွေလုပ်နေတုန်းပါ

မိုက်လည်းမိုက်ပါတယ်

 

ခွန်အားအပြည့်မြင်ရတဲ့ Kisaburo အကြောင်း ပြဇာတ်တွေရှိပြီး စိတ်ဝင်စားရင် ကြည့်ကြည့်ပါနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: