အရက်မူးနေတဲ့ယောက်ျားကိုယ်စား ရဲတိုက်ကို ကာကွယ်ပေးတဲ့ဇနီး-မပျော့ညံ့ခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ မိန်းမ?

ဆာမူရိုင်းခေတ်ဆိုတာ အမျိုးသားတွေက သတ္တိရှိကြတဲ့ခေတ်ဖြစ်ပါတယ်။
ဒဏ္ဍာရီမှာ ပြောစမှတ်ပြုရတဲ့ အမျိုးသားတွေ အများကြီးရှိပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေကို အိမ်ထဲကနေပဲ ပံ့ပိုးကြတယ်လို့ပဲ ထင်ကြပါတယ်။
ဒါပေမယ့် ထူးခြားတဲ့အမျိုးသမီးတစ်ဦးလည်း ရှိနေပါသေးတယ်။
ဒီပုံမှာ မြင်းစီးနေတဲ့သူက အမျိုးသမီးတစ်ဦးဆိုတာကိုရော သိပါသလား?

https://mag.japaaan.com/archives

ဆံပင်က အတော်လေးရှည်တယ်နော်။

သူမဟာ အရက်မူးနေပြီး စစ်မတိုက်နိုင်တဲ့ယောကျ်ားဖြစ်သူအစား ချပ်ဝတ်တန်ဆာကို ဝတ်ပြီး စစ်ပွဲမှာတိုက်ကာ ရဲတိုက်ကို ကာကွယ်ပေးတဲ့ အာဂအမျိုးသမီးဖြစ်ပါတယ်။

သူမဟာ တိုးယမ နအိုခဂဲရဲ့ သမီးဖြစ်ပြီး ဆုဝဘဲ ဆဒခဆုရဲ့ သမီးဖြစ်ပါတယ်။
စိတ်မကောင်းစွာဘဲ သူမရဲ့နာမည်ကိုတော့ မသိရပါဘူး။

ယောကျ်ားဖြစ်သူ ဆဒခဆုဟာ ယနေ့ခေတ် ဆအိတမခရိုင်မှာရှိတဲ့ ဟိအိုဂျောလို့အမည်ရတဲ့ ရဲတိုက်ကို စောင့်ကြပ်ရတဲ့ စစ်ဗိုလ်တစ်ဦးဖြစ်ပါတယ်။
အဲ့ဒီရဲတိုက်ဟာ မြောက်ဘက်နဲ့ အနောက်တောင်ဘက်ရှိ အားကောင်းတဲ့ရန်သူတွေရဲ့ အချိတ်အဆက်ရှိတဲ့နေရာဖြစ်ပြီး လက်လွှတ်လို့မရတဲ့ အရေးကြီးအခြေခံနေရာဖြစ်နေပါတယ်။
ဒီလိုရဲတိုက်နေရာမှာ တာဝန်ချခံထားရတဲ့ ဆဒခဆုဟာ အတော့်ကို ချီးမြှောက်ခံရတဲ့ဆာမူရိုင်းဆိုတာ သိနိုင်ပါတယ်။

ဒါပေမယ့် ပြဿနာကတော့ အရက်သောက်တဲ့အကျင့်ဆိုးရှိနေတာပါပဲ။
အမြဲ အရက်သောက်ပြီး မူးနေကာ အရက်မူးမူးနဲ့ ရန်သူတွေကြားထဲ ခုန်ထွက်သွားတာတို့၊ အရက်နာကျလွန်းပြီး အမိန့်ပေးဖို့တောင် မလုပ်နိုင်တာတို့ အတော်များများ ရှိခဲ့ပုံရပါတယ်။
ဒီလိုအဓိကကျတဲ့နေရာကို တာဝန်ပေးလိုက်သူရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုတော့ သံသယဝင်စရာပဲနော်။
ဒီလိုဆိုရင်တော့ ရဲတိုက်ကို မကာကွယ်နိုင်လောက်ဘူး၊ မကာကွယ်နိုင်ရင် မိမိတို့ရဲ့အသက် အာမခံချက်မရှိတော့ဘူးဆိုတာ နားလည်တဲ့ ဆဒခဆုရဲ့မိန်းမဖြစ်သူဟာ ချပ်ဝပ်တန်ဆာကို ဝတ်ပြီး အမြဲအမိန့်ပေးနေခဲ့ရပုံရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ရှောင်လွှဲမရနိုင်တဲ့ရန်သူက တိုက်ခိုက်လာခဲ့ပါတယ်။
သူကတော့ အောက်ကလူပါ။

အိမ်နီးချင်းနိုင်ငံရဲ့ အင်အားကြီးရန်သူ တခဲဒစစ်တပ်က ယမဂတ မဆခဂဲဆိုသူ ဖြစ်ပါတယ်။
သူဟာ အင်အားကြီးတဲ့ တခဲဒစစ်တပ်ထဲက ထိပ်တန်းစစ်ဗိုလ်ကြီးဖြစ်ပါတယ်။
တခဲဒစစ်တပ်ရဲ့ အနီရောင်နတ်ဆိုးလို့ခေါ်ကြတဲ့စစ်သည်တော်က တိုက်ခိုက်ဖို့လာရောက်ပါတော့တယ်။

ဒီတိုက်ပွဲကိုတော့ ယောကျာ်းဖြစ်သူကို နိုးမှပဲဖြစ်ပါတော့မယ်။

 ယောကျာ်း၊ ရန်သူလာတိုက်ခိုက်နေပြီ!!

ဆိုပြီး အကြိမ်ကြိမ်နှိုးပေမယ့် မနိုးလာဘဲ အရက်ပဲ မူးနေခဲ့ပါတယ်။

စိတ်ပျက်သွားတဲ့ဇနီးဖြစ်သူဟာ စိတ်ပိုင်းဖြတ်ပြီး ဓားရှည်ကို ဆွဲကိုင်ကာ တခဲဒစစ်တပ်ကို ဆီးကြိုတိုက်ခိုက်ပြီး အဆုံးသတ်မှာတော့ တွန်းလှန်နိုင်ခဲ့ပါတယ်။

ရဲတိုက်အတွင်း ဟိုဟိုဒီဒီမှာ တောက်လောင်နေတဲ့ မီးညွှန့်တွေကို လက်အောက်ငယ်သားတွေက ငြိမ်းဖို့ကြိုးစားနေကြပါတယ်။
ရန်သူနဲ့ ကိုယ့်ဘက်တော်သားအလောင်းတွေကလည်း ဟိုဟိုဒီဒီ ပျံ့နှံ့နေပါတယ်။
နောက်ဆုံးမှာတော့ ဆဒခဆုတစ်ယောက် နိုးလာပေမယ့် ဘာဖြစ်သွားမှန်းတောင် သိပုံမရပါဘူး။

 ရှင်ကတော့လေ

မိန်းမရဲ့ အရှေ့အနောက်ကြည့်လိုက်တဲ့အခါ ကြမ်းပြင်မှာရော၊ ကိုယ်မှာပါ သွေးတွေနဲ့ စိုရွှဲနေပြီး ဓားရှည်မှာ ကပ်နေတဲ့ ရန်သူ့သွေးတွေဟာလည်း မခြောက်သေးပါဘူး။
ဒီပုံဟာ တခဲဒစစ်တပ်ရဲ့ အနီရောင်နတ်ဆိုးထက် ပိုကြောက်စရာကောင်းသွားမလားမသိပါဘူး။
အားလုံးက ဆဒခဆုကြောင့် ဖြစ်ရတာဖြစ်ပေမယ့် မိန်းကဖြစ်သူက အသတ်ခံလိုက်ရရင်တောင် အပြစ်ပြောမှာမဟုတ်ပါဘူး။

မိန်းမဖြစ်သူဟာ နောက်ပိုင်းမှာလည်း မပြောင်းလဲတဲ့ အပြုံးမျက်နှာရှိနေပမယ့် အဲ့ဒါက ပိုလို့တောင် ကြောက်စရာကောင်းနေပါတော့တယ်။
မိန်းမက နောက်ပိုင်းမှာ ဘာမှတော့မပြောပေမယ့် တိုက်ခိုက်မှုအကြောင်းကို လက်အောက်ငယ်သားကနေ ဆဒခဆုရဲ့အထက်လူကြီးဆီကို ပေါက်ကြားသွားတဲ့အတွက် အရက်သောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ဆိုပါတယ်။

ဆဒခဆုဟာ အသက် ၅၄ နှစ်မှာ ဆုံးပါးသွားတယ်ဆိုပေမယ့် အဲ့ဒီတိုက်ပွဲနောက်ပိုင်းကနေ သေတဲ့အချိန်အထိ အရက်ကို တစ်စက်မှ မတို့မထိဘဲ ရဲတိုက်ကို ရဲရဲဝံ့ဝံ့ကာကွယ်ကာ လက်အောက်ငယ်သားတွေကဆီက ယုံကြည်မှုကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်ပိုင်းမှာ မိန်းမဖြစ်သူဟာ အိမ်ကနေထွက်လို့ မယ်သီလရှင်ဝတ်သွားတယ်လို့ ဆိုပါတယ်။

ဂျပန်စကားပုံမှာ
အရက်သောက်ရင် မမူးစေနဲ့ ဆိုတဲ့ စကားပုံရှိပါတယ်။

အရက်ဆိုတာ အချိန်အခါကိုကြည့်ပြီး သင့်တော်သလို သောက်သုံးရတာဖြစ်ပါတယ်။
အရက်သောက်နေတဲ့သင့်အနောက်မှာ အနီရောင်နတ်ဆိုးတဲ့ကြောက်စရာကောင်းတဲ့ မိန်းမဖြစ်သူ ရပ်နေမလားမသိနိုင်ဘူးနော်?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: