ပထမဆုံးအကြိမ် AI Art Grand Prix ပြိုင်ပွဲ

“ဆုံးသွားပြီဖြစ်တဲ့ အမျိုးသမီးဖြစ်သူရဲ့ ပုံတူနဲ့ အသံကို ပြန်အသက်သွင်းခဲ့တဲ့ AI နည်းပညာ”
ပထမဆုံးအကြိမ် AI Art Grand Prix ပြိုင်ပွဲ
artificial intelligence = AI ကိုသုံးပြီး video နဲ့ manga တွေကို ဖန်တီးရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
“ generative AI” လို့ခေါ်တဲ့ စာတွေ၊ ပုံတွေကို command ပေးပြီး ဖန်တီးထားတဲ့ AI နည်းပညာတစ်မျိုးကို လုပ်ငန်းတွေမှာရော၊ အနုပညာနယ်ပယ်မှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်
CG creators တွေနဲ့ researchers ပါဝင်တဲ့ အကဲဖြတ်အဖွဲ့က ဦးစီးပြီး Akihabara, Tokyo မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ကျင်းပခဲ့တဲ့ “AI Art Grand Prix” ကို AI သုံးပြီး ဖန်တီးထားတဲ့ video တွေ၊ game တွေနဲ့ manga project 279 ခုပြသခဲ့တဲ့အထဲမှာ 5 ခုပဲ ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာ အနိုင်ရရှိသွားသူကတော့ “ Desperado by Tsuma Onsen Tori-chan [AI]” ရဲ့ဖန်တီးရှင် Koya Matsuo ပဲဖြစ်ပါတယ်။
သူဟာ ဆုံးသွားပြီဖြစ်တဲ့ အမျိုးသမီးဖြစ်သူရဲ့ သီချင်းဆိုသံနဲ့ စကားပြောသံတွေ၊ ဓာတ်ပုံဒေတာတွေကို AI ကိုသင်ပေးပြီး၊ အမျိုးသမီးဖြစ်သူရဲ့ အသံနဲ့ သီချင်းဆိုနေတဲ့ AI illustration တစ်ခုကို ဖန်တီးခဲ့တာပါ။
“AI ကိုစကားပြောဖို့ command ပေးလိုက်တော့ သဘာဝကျတဲ့ ဖန်တီးမှုတစ်ခုကို ရရှိခဲ့ပါတယ်။ စမ်းသပ်တာတွေ၊ error မျိုးစုံကို ရှင်းပြီးတဲ့နောက်မှာ ကျွန်တော်လိုချင်တာကို ရခဲ့ပါတယ်။” လို့ဆိုပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: