ဂျပန်မှာ လူပုံစံ စက်ရုပ်တွေ လည်ပတ်နေပြီလား? GUNDAM ကိုလက်တွေ့လုပ်တော့မှာလား?

ကျွန်တော့်အသက် 49 နှစ်ရှိပြီဖြစ်ပေမယ့် Gundam ကိုကြိုက်တုန်းပါပဲ

ကြိုက်ကြသူများရှိပါသလား?

ဧရာမ စက်ရုပ်များ တိုက်ခိုက်တဲ့ မြင်ကွင်းဟာ အရမ်းကြည့်လို့ကောင်းပါတယ်

အတိုချုပ်ပြောရရင် ကမ္ဘာတစ်ဝှမ်းလုံးက လူငယ်ဆန်တဲ့ နှလုံးသားရှိတဲ့ အမျိုးသားတွေဟာ ဒီ anime ကိုရူးသွပ်ကြပါတယ်

ဒီလိုရူးသွပ်ကြတဲ့သူတွေတောင် anime ပဲလေကွာ အပြင်မှာမရှိပါဘူးလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်

မှားပါတယ်

တကယ်က လက်တွေ့အပြင်မှာ တော်တော်နီးနီးစပ်စပ်ကို ရောက်နေလို့ပါပဲ

ဒီပုံကိုကြည့်ပြီး ဘယ်လိုထင်ပါသလဲ?

https://kai-you.net/article/84527

Gundam လို့ပြောရင်တော့ ချဲ့ကားပြောရာရောက်ပေမယ့် လူပုံစက်ရုပ်တွေရဲ့ အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့ အောင်မြင်မှုကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်

ဒီစက်ရုပ်ကတော့ JR အနောက်ဂျပန်ကတီထွင်ထားတဲ့ ရထားလမ်းလုံခြုံရေးအတွက် ကူညီပေးတဲ့ စက်ရုပ်ပါ

ဒီလိုပုံစံ အလုပ်လုပ်ပါတယ်

အလုပ်လုပ်နေတဲ့ ဦးလေးကြီးလိုပုံ ပေါက်နေပါတယ်

ဆောက်လုပ်ရေးမှာလည်း စက်ရုပ်ရှိပါတယ်

ဒါကတော့ လက်သည်း ၂ ဖက်ပါတဲ့ စက်အကြီးစားပါ

သူ့ကိုတီထွင်တဲ့သူဟာ Gundam ကိုအရမ်းကြိုက်ပြီး ပုံစံတူထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်

Anime နန်းတော်ကြီးဖြစ်တဲ့ ဂျပန်မှာ ကိုယ်ဖန်တီးထားတဲ့ anime တွေကို လက်တွေ့နည်းပညာတွေသုံးပြီး ဖန်တီးဖို့ကြိုးစားနေပြန်ပါတယ်

ကြိုးစားပါ ဂျပန်အိုတခု(animeစွဲလမ်းသူ)  တွေရေ

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: