RPG ကျနေတာပဲ? ကလေးကစားသလို လုပ်ထားတဲ့ Fukuoka မြို့ တရားဝင်ဝဘ်ဆိုဒ်ဟာ ပြောစရာဖြစ်လာပါတယ်

Dragon Quest၊ Final Fantasy နဲ့ The Legend of Zelda လိုမျိုး ဂျပန် RPG အဟောင်းတွေကို ကြိုက်နှစ်သက်သူ အများအပြား ရှိပါတယ်

ကျွန်တော့လို ဦးလေးကြီးတွေဆိုင်တော့ ဒီဂိမ်းဟောင်းလေးတွေကို နောက်ဆုံးပေါ်ဂိမ်းများထက် ပိုနှစ်ခြိုက်မိမှာပါ

 

ဟောင်းပေမယ့် ဂိမ်းကောင်းများကို အမှတ်ရစေတဲ့ website ကို လူတွေအာရုံစိုက်လာကြပါတယ်

ဒါလေးပါ

https://www.huffingtonpost.jp/entry/story_jp_61e108d3e4b0e612f6f9d8b4

 

“ Fukuoka မြို့ ပေါ်လာပြီ!”

 

ဆိုပြီး Fukuoka မြို့ က ဂိမ်းထဲက လူဆိုးကောင်ကြီးကျလို့?

ဆက်ရှာသွားရင် ထောက်ပံ့ကြေးအကြောင်း ပြောထားတဲ့နေရာကို‌ရောက်မှာဖြစ်ပြီး၊ screen တစ်ခုလုံးက လုံးဝကို DRAGON QUEST ဖြစ်နေပါတယ်

ဂိမ်းထဲက DRAGON QUEST ဘုရင်  ကတော့ ငွေအနည်းငယ်နဲ့ ပစ္စည်းကိရိယာနည်းနည်းကိုသာ ပေးမှာဖြစ်ပေမယ့်၊ ဒီ website ထဲမှာတော့ ယန်း 500,000 တောင်ရနိုင်မှာပါ

ပြောင်နေတယ်လို့ ထင်ပေမယ့် အစစ်အမှန် အချက်အလက်တွေကို တင်ထားတာပါ

 

Fukuoka မြို့က ဘယ်လိုမျိုးလဲဆိုတော့

ဒါကိုကြည့်လိုက်ရင် တကယ့်ကို File fantasy ဂိမ်း screen ကြီးပါပဲ

တည်နေရာ၊ ထောက်ပံ့ငွေ၊ ဒေသတွင်းအခွန်စနစ် အားကောင်းအောင် တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်များလား?

ဒီ site ကို မြို့ဝန်ထမ်းတွေက လုပ်ထားပုံရပြီး၊ ထုတ်လုပ်ရေးနေရာက အရမ်းပျော်စရာကောင်းမယ့်ပုံပါပဲ

 

Fukuoka မြို့မှာဆိုရင် လေဆိပ်က မြို့နဲ့ အရမ်းနီးတာကြောင့် နိုင်ငံရပ်ခြားနဲ့ ဂျပန်နိုင်ငံရဲ့ တခြားနေရာတွေကို အလွယ်တကူ သွားလာနိုင်ပါတယ်။

အစားအသောက်ကလည်း ဈေးသက်သက်သာသာနဲ့ အရသာရှိတယ်။

ဒီဒေသရဲ့ ဒေသိယစကားဖြစ်တဲ့ Hakata ဒေသိယစကားပြောတဲ့ ကောင်မလေးတွေကလည်း အရမ်းချစ်စရာကောင်းပါတယ်

 

ဒီမြို့နယ်ကို ကျွန်တော်အရမ်းကြိုက်ပါတယ်

ဒါကြောင့် Fukuoka ဟာ ကမ္ဘာတစ်ဝှမ်းလုံးက အာရုံစိုက်မှုများစွာရမယ်ဆိုရင် ဒီ web project ဟာ ကြီးကြီးမားမားအောင်မြင်မယ်ထင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: