ယောက်ျားလေးနဲ့ မိန်းမလေး ဘယ်သူကအသက်ရှင်ရပိုလွယ်လဲ? အခုခေတ်ကတော့ ယောက်ျားလေးတွေက ပိုပြီး ကံကောင်းတဲ့ပုံပဲနော်?

ဂျပန်အပါအဝင် နိုင်ငံတော်တော်များများမှာ အမျိုးသား အမျိုးသမီးဆိုပြီးတော့ ခွဲခြားဆက်ဆက်တာမျိုး ရှိကြပါတယ်

ဂျပန်မှာဆိုရင်

 

“ယောကျ်ားဆိုတာ အပြင်ထွက်အလုပ်လုပ်ရတဲ့အမျိုး

မိန်းမတွေက အိမ်ကိုပဲ စောင့်နေရမယ့်အမျိုး”

ဆိုတဲ့ အပြောများကြပြီးတော့ မျှတမှုဆိုတာနဲ့ တော်တော်လေးဝေးနေပါတယ်။

 

စစ်ကြီးပြီးတော့ အမျိုးသားအမျိုးသမီး တန်းတူအခွင့်အရေးဆိုတဲ့ စကားပေါ်ထွက်လာပြီး၊ အမျိုးသမီးတွေလည်း ကုမ္ပဏီတွေမှာ

အမျိုးသားတွေနဲ့တန်းတူ ပုခုံးချင်းယှဥ်ပြီး အလုပ်လုပ်လာကြပါတယ်။

စစချင်းမှာတော့ အတွေးဟောင်းကြီးထဲကတေ မထွက်နိုင်တဲ့ အမျိုးသားတွေ များခဲ့ပေမယ့်၊ ခေတ်တွေပြောင်းလာတာနဲ့အတူ အမျိုးသမီးတွေ လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်တာကိုမြင်ရတာပုံမှန်ဆိုတဲ့ ခေတ်ကိုရောက်လာပါပြီ။

အလုပ်မှာလည်း အမျိုးသားအမျိုးသမီး တန်းတူအခွင့်အရေးက ပုံမှန်ဖြစ်ပြီး အိမ်မှာလည်း ထိုနည်း၎င်းပါပဲ။ အိမ်ရှင်မဆိုရင်တော့ တစ်မျိုးပေမယ့်၊ အလုပ်အတူလုပ်ကြတဲ့ လင်မယားတွေဆိုရင် မိန်းမဖြစ်သူကလည်းအလုပ်ရှုပ်နေတာမျိုးဆိုရင်၊ အိမ်အလုပ်ကို ယောက်ကျားလုပ်သူနဲ့အတူ ခွဲဝေလုပ်သင့်တယ်ဆိုတဲ့ အတွေးတွေရှိနေကြပါပြီ။

 

အချက်အပြုတ်၊ အဝတ်လျှော်၊ သန့်ရှင်းရေး၊ ကလေးပြုစုတာတွေ။

အိမ်အလုပ်တွေအများကြီးရှိပေမယ့် ယောကျ်ားတွေလုပ်ဖို့ ခက်တယ်ဆိုတဲ့အလုပ်တွေ ရှိမယ်ထင်ပေမယ့်၊ အချက်အပြုတ်၊ အဝတ်လျှော်၊ သန့်ရှင်းရေးတွေကတော့ ဘယ်သူလုပ်လုပ် ရတာဖြစ်လို့ လုပ်နိုင်နေရမှာဖြစ်ပါတယ်။

ဒီလိုဖြစ်နေတဲ့ ခေတ်မှာတောင် စစ်တမ်းတွေအရ ယောက်ျားတွေကအသက်ရှင်ရတာပိုကံကောင်းတယ်လို့ မြင်လာရပါတယ်။

ဒါဆိုရင်ဂျပန်ယောကျ်ားတွေက မိန်းကလေးတွေရဲ့ ဘယ်လိုအပိုင်းတွေကို မနာလိုပြီး၊ ယောကျ်ားတွေရဲ့ ဘယ်အပိုင်းကို ကံကောင်းလိုက်တာလို့ တွေးနေကြသလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

 

  1. အမျိုးသမီးဦးစားပေးတွေများတာ

မြို့ကြီးတွေရဲ့ ရထားလိုင်းတွေမှာ အမြဲမြင်ရတတ်တဲ့ အမျိုးသမီးသီးသန့်ရထား

လူရှုပ်တဲ့ရုံးတက်ရုံးဆင်းချိန်တွေမှာ ရထားစီးရင် နှာဘူးတွေနဲ့တွေ့တာများလို့ အမျိုးသမီးသီးသန့် စီးလို့ရတဲ့ ရထားကိုစီစဥ်ပေးထားတာပါ

အမျိုးသမီးသီးသန့်ရထားဆိုရင် ချောင်ချောင်ချိချိနဲ့ လှေကားနဲ့နီးတဲ့နေရာမှာ ရှိတာတွေကို ယောကျ်ားတွေက မနာလိုကြတာပါ။

နှာဘူးတွေနဲ့တွေ့သွားတာမျိုး ကြုံခဲ့ရရင်တော့ သနားဖို့ကောင်းပါတယ်။

ဒါပေမယ့် ပျာယာခတ်ပြီး ရထားပေါ်ပြေးတက်လိုက်ရင် အမျိုးသမီးသီးသန့်ရထားဖြစ်နေတတ်တာမျိုး၊ ဒုက္ခများခဲ့ရတာတွေ ကြုံခဲ့ဖူးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။

ပြောစရာမလိုမှန်းသိပေမယ့်၊ အမျိုးသားသီးသန့်ရထားတော့ မရှိပါဘူး

 

ပြီးတော့ စားသောက်ဆိုင် တော်တော်များများမှာ Ladies’day ၊ ladies’ sets ဆိုတာတွေ ပြင်ဆင်ပေးထားကြပါတယ်။

အထူးဝန်ဆောင်မှုပေးနေကြပြီး၊ ယောကျ်ားတွေအတွက်ဆော့ ဒီလိုစပါယ်ရှယ် အစီအစဥ်ဆိုတာ မရှိသလောက်ပါပဲ။

စားသောက်ဆိုင်တွေမှာ ladies’ sets ရဲ့အချိုပွဲ၊ အရွက်သုပ်ဆိုတာတွေ လာချပေးတတ်ကြတာကို မနာလိုကြတဲ့ ယောကျ်ားတွေတော်တော်များပါတယ်။

ကျွန်တော်ကတော့ အသားလာချပေးရင် ladies’ sets တွေဘာတွေမလိုတော့ပါဘူး

 

2.လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးခြင်း

အလုပ်ခွင်ထဲမှာ အထက်လူကြီးက ညစ်ညမ်းစကားပြောလို့ တရာစွဲခံရပြီး၊ အလုပ်ပြုတ်တာတွေ ကြားရတာများပါတယ်။

 

တစ်ဖက်သားစိတ်မသက်မသာဖြစ်စေမယ့် စကားတွေကို မပြောသင့်တာ လူ့စည်းကမ်းတစ်ခုပါပဲ။ ဒါပေမယ့် ဂျပန်နိုင်ငံတစ်ခုလုံးမှာတော့ သည်းမခံနိုင်လောက်အောင်ဖြစ်ပျက်နေတယ်လို့ ထင်မိပါတယ်။

 

အထက်လူကြီးအမျိုးသားက ညစ်ညမ်းတာပြောလို့ တရားစွဲတဲ့ အမျိုးသမီးတွေများပေမယ့်၊ အထက်လူကြီးအမျိုးသမီးဆီက ညစ်ညမ်းတာပြောခံရလို့ တရားစွဲတဲ့ အမျိုးသားဆိုပြီးတော့တော့ သိပ်မရှိပါဘူး။

အမျိုးသားအမျိုးသမီး တန်းတူအခွင့်အရေးဆိုပြီးတော့ “ယောကျ်ားဖြစ်ပြီးတော့ ဒါလောက်တော့ သည်းခံမှပေါ့” လို့အပြောခံရလို့ပါ

 

3.ယောကျ်ားဆန်ခြင်း? မိန်းမဆန်ခြင်း?

ဂျပန်မှာ ရှေးခေတ်ကတည်းက “ယောကျ်ားဆိုတာ ဒီလိုဖြစ်နေရမယ်” ဆိုပြီးရှိပါတယ်။

ယောကျ်ားဆိုတာ ဘယ်သူ့ထက်မဆို သန်မာပြီး၊ အရေးပါတဲ့သူတွေကို ကာကွယ်ပြီး၊ မလိုတာတွေ မပြောရဘူး။

အဲ့ဒီလိုနေမှ ခန့်ညားတာ လို့ပြောကြတာပါ။

 

ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသမီးတွေကျတော့ အိ‌န္ဒြေရှိရှိနေရမှာဖြစ်ပြီး Yamato nadeshiko ဆိုတဲ့ပုံစံအတိုင်း နေရမှာဖြစ်ပေမယ့်၊ လူမှုအဖွဲ့အစည်းတိုးတက်လာတာနဲ့အညီ “ယောကျ်ားတွေကို ရှုံးစရာလားဆိုပြီး အလုပ်တန်းတူလုပ်နေကြသူတွေ” များလာပါတယ်

အပျက်သဘောတဲ့ ပြောကြသူတွေလည်း ရှိပေမယ့် “မိုက်လိုက်တာ” ဆိုပြီး အမျိုးသမီးအချင်းချင်း ပြောတတ်ကြပါသေးတယ်။

 

ဒါဆိုရင် အရင်ကတည်းကရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်လို ပြုမူတဲ့ ယောကျ်ားလေးတွေကိုကျတော့ ဘယ်လိုလက်ခံကြလဲဆိုရင် မနှစ်မြို့တဲ့သဘောနဲ့ ဆက်ဆံခံနေရာပါတယ်

ကျွန်တော့သူငယ်ချင်းရဲ့ မိန်းမက ဆရာဝန်ဖြစ်ပြီး သူငယ်ချင်းကတော့ အိမ်အလုပ်လုပ်ပါတယ်။

ခေတ်ဟောင်းစကားနဲ့ပြောရရင် ယောကျ်ားမိန်းမပြောင်းပြန်ဖြစ်နေပေမယ့်၊ အမျိုးသားအမျိုးသမီး တန်းတူအခွင့်အရေးဆိုတဲ့ လူ့လောကမှာတော့ ဘာမှဖြစ်ဘူးမဟုတ်လား?

ဒါပေမယ့်လည်း ယောကျ်ားအချင်းချင်းကို “အဖြစ်မရှိဘူး၊ ယောကျ်ားဖြစ်ပြီး” ဆိုပြီးပြောကြပြန်ပါတယ်။

လင်မယားချင်းအဆင်ပြေရင် ပြီးတာပဲမဟုတ်လား…

 

ယောကျ်ားနဲ့ မိန်းမဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းပုံလည်းမတူသလို၊ စဥ်းစားပုံလည်း မတူဘူးလို့ ပြောကြပါတယ်

ပြီးတော့ LGBTQ ဆိုတဲ့လူတွေလည်းရှိပြီး၊ ယောကျ်ားနဲ့ မိန်းမဆိုပြီး တိတိကျကျ ခွဲခြားမရတဲ့ခေတ် ရောက်လာပါတယ်

ယောက်ျားဖြစ်လို့၊ မိန်းမဖြစ်လို့ ဒီလိုနေရမယ် ဆိုတဲ့စကားကလည်း အဓိပ္ပာယ်မဲ့လာပြီး၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူတာကို တန်းတူဆက်ဆံရမယ်ဆိုရင်လည်း ခက်ထန်သွားပါလိမ့်မယ်

ယောကျ်ားတွေကရော မိန်းမတွေကပါ အပြန်အလှန်နားလည်ပေးကြပြီး ကူညီကြမယ်၊ ပြီးတော့ ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ ကြည့်ကြရပါမယ်

ဒါကိုက အရေးကြီးတဲ့ အချက်လို့ထင်ပါတယ်

 

ဒါပေမယ့်လည်း နောင်နှစ်ဆယ်ချီတဲ့အထိ ယောက်ျားအချင်းချင်းစုမိရင် မိန်းမအတင်းပြောမယ်၊

မိန်းကလေးတွေ အချင်းချင်းစုမိရင် ယောကျ်ားတွေရဲ့ အတင်းပြောကြတာကတော့ မပြောင်းမလဲ တည်ရှိနေမှာပါ

 

ယောက်ျားတွေကတော့ ဘယ်နားလည်ပါ့မလဲ ဆိုတာမျိုး

မိန်းမတွေကတော့ ယောကျ်ားတွေရဲ့ ခံစားချက်ကို နားလည်မှာကိုမဟုတ်ဘူး ဆိုတာမျိုးတွေ အမြဲတမ်းပြောနေကြဦးမှာပါ

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: