AI စက်ရုပ်နဲ့ သူငယ်ချင်းတွေ၊ ချစ်သူတွေဖြစ်ချင်ကြလား ?

ဂျပန်နိုင်ငံရဲ့ ယောကျ်ားလေး ၆၀% က AI စက်ရုပ်တွေနဲ့ ချစ်ကြိုက်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQUqVpy0aYg04lfyFj1lM3cJ9mz0psX_Ld7Je_9yNxaY_zIibWoiA

 

အရင်ဦးဆုံးသူငယ်ချင်းတွေကို AI စက်ရုပ်နဲ့တွဲချင်လား? ဆိုတဲ့ မေးခွန်းမေးကြည့်လိုက်တဲ့အခါမှာ

အဖြေက မိန်းကလေး 23% နဲ့ ယောကျ်ားလေး 30%အစမ်းတွဲကြည့်ချင်တာက 19% နဲ့ အတည်တွဲချင်တာက 5% ရှိပါတယ်။

မေးထားတာတွေ အားလုံးကိုပေါင်းလိုက်မယ်ဆိုရင် ဂျပန်လူမျိုးယောကျ်ားလေး 60% က

AI စက်ရုပ်နဲ့ တွဲချင်တယ်ဆိုတာကိုတွေ့ရပါတယ်။

 

https://images.newscientist.com/wp-content/uploads/2014/02/dn25057-1_800.jpg

 

မိန်းကလေး 40% ရှိခဲ့တာကြောင့် ယောကျ်ားလေးနဲ့မိန်းကလေးကြား ထင်မြင်မှုတွေ အရမ်းကိုကွာခြားနေတယ်ဆိုတာ စိတ်ဝင်စားစရာတဲ့အပိုင်းပါ။

မိန်းကလေးပုံစံ AI စက်ရုပ်ကလက်ဆောင်တွေဝယ်ပေးပြီး စိတ်ကျေနပ်အောင်လုပ်ပေးစရာမလိုတာကြောင့်

လူသားမိန်းကလေးတွေထက် AI စက်ရုပ်က ပိုပြီးတော့အဆင်ပြေပါတယ်။

အပြန်အလှန်အနေနဲ့ မိန်းကလေးတွေအတွက် ယောကျ်ားလေးပုံစံစက်ရုပ်တွေက လက်ဆောင်တွေမဝယ်ပေးနိုင်တဲ့အတွက် မကျေနပ်တဲ့အခါမှာ ဘယ်လိုလုပ်မလဲဆိုပြီးတော့ ပြောတဲ့သူတွေလည်းရှိပါတယ်။

အခုအချိန်မှာတော့ လူသားတွေနဲ့တန်းတူ စကားတွေပြောနိုင်တဲ့စက်ရုပ်တွေပေါ်လာပြီးတော့ လူသားတွေလိုပဲ လှုပ်ရှားသွားလာနိုင်တဲ့ စက်ရုပ်တွေကိုတီထွင်လိုက်မယ်ဆိုရင် အပေါ်က အချိုးအစားတွေ ပြောင်းလဲသွားမယ်လို့ထင်ပါတယ်။

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQDJ7Ybe96YQ8OdzEdHmHIS9HKpsYzcCyQMJZfmekk6jo7Mrr_C

 

နောက်တစ်ခု သေချာပေါက်ပြောနိုင်တာတစ်ခုရှိပါတယ်။

 

ပိုက်ဆံမရှိလို့ ရည်းစားမရှိဘူးဆိုတဲ့သူတွေအတ္ပက်

AI စက်ရုပ်လေး လက်ထဲရောက်လာဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ပြန်ပါဘူး။

 

AI စက်ရုပ် ပဲဖြစ်ဖြစ် လူသားမိန်းကလေးပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ရဲ့ကြွယ်ဝချမ်းသာမှုမရှိဘူးဆိုရင် တစ်သက်လုံးကိုယ်ဆီကို ရောက်လာနိုင်မှာမဟုတ်ပါဘူး။

 

စာဖတ်သူတို့ရော AI နဲ့ တွဲကြည့်ချင်ကြလား ?

 

AI နဲ့ အကုန်လုံးချစ်ကြိုက်သွားကြရင် ကလေးကိစ္စက ဘယ်လိုဖြစ်သွားမလဲနော် ?

 

စက်တွေနဲ့ ကလေးတွေထုတ်တာမျိုးပဲ ဖြစ်လာမလား ?

 

ဒီလိုနဲ့ လူသားတွေရဲ့ ကလေးတွေ မလိုတော့ဘူးလား ? ?

 

နောက်နှစ်တစ်ရာကျရင်ဘယ်လိုဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့အတွက် အချိန်တွေကိုကျော်ကြည့်နိုင်ရင်ကောင်းမှာပဲနော်……

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: