မိဘမဲ့ကလေးတွေအတွက် ခရစ်စမတ် လက်ဆောင်

ဒတဲနအိုတိုစံ “伊達直人(だて なおと)”ဆီကနေလက်ဆောင်တွေရတယ် !

ကျောင်းစဖွင့်ချိန် ၄ပိုင်းအစမှာနှစ်စဥ်နှစ်တိုင်းကြားနေရတဲ့ သတင်းဖြစ်ပါတယ်။

 

ဒတဲနအိုတိုစံ ဆိုတာက နှစ် ၄၀ မတိုင်ခင်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ anime မှာပါတဲ့ ကျားဇာတ်ကောင်ရဲ့ နာမည်ဖြစ်ပါတယ်။

Animeထဲမှာ မိဘမဲ့အနေနဲ့ ကြီးပြင်းလာတဲ့ ဒတဲနအိုတိုစံက ကျားပုံစံမျက်နှာဖုံးကိုတပ်ထားပြီးတော့ တိုက်ခိုက်တဲ့သူပဲဖြစ်ပါတယ်။

http://simple-lifehack.com/date-naoto/

 

 

နောက်ပြီးတော့ တိုက်ခိုက်ရင်းနဲ့ ရရှိခဲ့တဲ့ ပိုက်ဆံကို ကိုယ့်ရဲ့ မွေးရပ်မြေက မိဘမဲ့တွေကို လက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။

အဲ့ဒီလိုနှစ်တိုင်း Anime ကာရိုက်တာ ဆီကနေ တကယ့်လက်ဆောင်းတွေရနေတာကပုံမှန်အတိုင်းဖြစ်လာပါတယ်။

တကယ်တော့ပေးကမ်းတဲ့ သူက Animeနဲ့ သက်ဆိုင်တဲ့သူမဟုတ်ပါဘူး။

လူတစ်ယောက်က စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ရဲ့ ကလေးတွေက ကျောင်းသွားတဲ့အခါမှာ တူညီနဲ့ ကျောင်းကျောပိုးအိတ်ကိုလွယ်ကြပါတယ်။

http://news.livedoor.com/article/image_detail/15695599/?img_id=19556887

 

အဲ့ဒါကတကယ်တော့ တော်တော်လေးကို စျေးကြီးပါတယ်။

၆နှစ်လောက်မပျက်စီးဖို့အတွက် သားရေကိုအသုံးပြုထားတာကြောင့် ပိုက်ဆံကို ၆နှစ်အနေနဲ့ တွက်မယ်ဆိုရင် စျေးမကြီးပါဘူး။

ဒါပေမယ့် ဆင်းရဲတဲ့ မိသားသူကတော့ မဝယ်နိုင်ပါဘူး။

အများစုရဲ့ကလေးတွေက ကျောင်းလွယ်အိတ်တွေရှိတဲ့ထဲမှာကျောင်းလွယ်အိတ်မရှိဘူးဆိုရင် ရှက်စရာကောင်းပြီးတော့ အနိုင်ကျင့်ခံရတာစတဲ့ ပြဿနာတွေရှိပါတယ်။

 

အဲ့ဒီလိုကလေးတွေကိုသနားတဲ့ အနေနဲ့ အသက် ၃၀ အရွယ်ရှိတဲ့ ယောကျ်ားလေးတစ်ယောက်က သူ့ရဲ့နာမည်နဲ့မဟုတ်ပဲ ဒတဲနအိုတိုရဲ့ နာမည်နဲ့ အရင်ဦးဆုံးပို့ပေးခဲ့ပါတယ်။

အဲ့ဒီပရဟိတက ဂျပန်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ကိုယ့်ရဲ့နာမည်ကြီးဖို့ပဲမဟုတ်ဘဲ လုပ်ဆောင်ခဲ့တဲ့တာက တကယ့်ကို မွန်မြတ်တဲ့ အလုပ်လို့ထင်ပါတယ်။

 

ဒတဲနအိုတိုစံ ရဲ့ဆီကနေ ယမဂတစီရင်စု နန်းယောရှိ (山形県南陽市)က ကလေးတွေက နှစ်တိုင်း လက်ဆောင်ရနေပါတယ်။

ဒီနှစ်လည်း ဒတဲနအိုတိုစံ ဆီကလက်ဆောင်ကို မြို့တော်ခန်းမရဲ့ ဝင်ပေါက်မှာထားပေးခဲ့ပါတယ်။

လွယ်အိတ်အသစ်က ၄ လုံးဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ဒီလိုစာကိုထည့်ပေးလိုက်ပါတယ်။

 

အနာဂတ်မှာ နန်းယောရှိ အတွက် အိမ်မက်တွေအကြီးကြီးမက်ပေးမယ့် ကလေးလေးတွေအတွက် ခရစ်စမတ်လက်ဆောင်

 

 

နောက်ထပ်အလယ်တန်းကျောင်းသားကလေးတွေအတွက် ကျောင်းဝင်ကြေး ယန်း ၁ သောင်း ကို ၅ ယောက်စာ ထည့်ပေးထားတာနဲ့အတူ ဒီလိုစာလည်း ပါပါစသေးတယ်။

 

နွေဦးကနေစပြီးတော့အလယ်တန်းဝင်ခွင့်ရပြီဆိုတော့ ဂုဏ်ပြုပါတယ်။

ပတ်ဝန်းကျင်က လူတွေကို အလေးထားပြီးတော့ ၊

ကျေးဇူးတင်တဲ့ စိတ်ကိုဘယ်တော့မှမမေ့ပါနဲ့

စာနဲ့ ဦးဆောင်ပြီးလုပ်ရမယ့်အလုပ်တွေကို ကြိုးစားပါနော်။

လင်းလက်တောက်ပြောင်နေတဲ့ အနာဂတ်ကို ရအောင်လုပ်ဖို့တောင်းဆိုပါတယ်။

 

 

မြို့အတွက် ကလေးတွေကို ရွေးချယ်ပြီးတော့ လက်ဆင့်ကမ်းပေးခဲ့တာပဲဖြစ်ပါတယ်။

အခုကလေးတွေက ဒတဲနအိုတိုစံ ရဲ့ နာမည်ကိုရော ကျားမျက်နှာဖုံးကိုမသိတော့ပါဘူး။

နောက်ပြီးတော့ လှူတန်းခဲ့တဲ့သူက ဖြစ်နိုင်ရင်ဘယ်သူကိုမှမပြောပြတဲ့အတွက် ဘယ်သူမှနားမလည်နိုင်ဖြစ်နေပါတယ်။

 

ဂျပန်လူမျိုးရဲ့ပရဟိတကို အားလုံးဘယ်လိုထင်ကြပါသလဲ? ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: