ဂျပန်နိုင်ငံရဲ့ နံ့သာယဉ်ကျေးမှု

“ခိုးဒိုး” လို့ခေါ်တဲ့ – သက်တမ်းမကုန်နိုင်တဲ့ ခံစားမှုတွေရရှိနိုင်တဲ့ ရနံ့
မြန်မာနိုင်ငံမှာဆိုရင် အမွှေးနံ့သာတိုင်တွေကို မီးရှို့ထွန်းညှိတာက ဘုရားပူဇော်ရာမှာပဲ ရှိပါတယ်။ ဂျပန်နိုင်ငံမှာလည်း အမွှေးတိုင်ထွန်းတဲ့ ဓလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့အတူ နိုင်ငံခြားကနေ ရောက်လာတဲ့ ယဉ်ကျေးမှုဖြစ်ပေမယ့်၊ အခုခေတ်မှာတော့ မတူတော့ပါဘူး။
အမွှေးတိုင်ကို သဘာဝအပင်ကရရှိတဲ့ ရနံ့တွေနဲ့ ရောစပ်ပြီး အဓိကပြုလုပ်ပါတယ်။ ဒါကို ဧည့်သည်တွေကို ကြိုဆိုဖို့ အခန်းထဲမှာ အသုံးပြုရပါတယ်။
မူလက ဆုတောင်းတဲ့နေရာမှာပဲ ထွန်းခဲ့ပေမယ့် အခုအချိန်မှာတော့ ကျိုတိုမြို့တော်ရဲ့ နေ့စဉ်ဘ၀မှာ ကြွယ်ကြွယ်ဝဝ အသုံးပြုနေပြီဖြစ်ပါတယ်။
“ ခိုးဒိုး” သို့မဟုတ် လွန်ခဲ့တဲ့နှစ်ပေါင်း 1,500 က ဗုဒ္ဓဘာသာနဲ့အတူ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အမွှေးတိုင်ထွန်းခြင်းဟာ ဝိညာဉ်လောကနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ Aloeswood နဲ့ တခြားမွှေးရနံ့ရှိတဲ့ သစ်သားစတွေကို ဆန်စေ့ရွယ်အပိုင်းအစအဖြစ် ဖြတ်ပြီး ထွန်းညှိ တန်ဖိုးထားကြပါတယ်။ ကျိုတိုမြို့သားတွေရဲ့ နှလုံးသားနဲ့ အမွှေးနံ့သာ ရောယှက်နေတာကို လက်တွေ့ခံစားကြည့်စေချင်မိပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: