အသက် ၅ နှစ်မှာကတည်းက ခွေးကို သတ်ရပြီး၊ ၁၅ နှစ်မှာ လူကို သတ်ရတဲ့ ဆာမူရိုင်းများ

ဆာမူရိုင်းတွေရဲ့ ခါးမှာချိတ်ထားတဲ့ဓားက ဘာအတွက်လို့ထင်ပါသလဲ?

ဆာမူရိုင်းတွေရဲ့ ပညာရေးမှာတော့ သေချာပေါက် လူကို သတ်ဖို့ပါလို့ သင်ကြားထားပါတယ်။

လူသတ်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရတာဖြစ်တာကြောင့် ငယ်စဉ်ကတည်းက တော်တော်ပြင်းထန်တဲ့သင်ကြားမှုကို သင်ကြားရပါတယ်။

ဆာမူရိုင်းတွေအတွက် ဟဂခုရဲလို့ခေါ်တဲ့ ဖတ်စာအုပ်ရှိခဲ့ပါတယ်။

အဲ့ဒီဟဂခုရဲစာအုပ်ကို အခြေခံပြီး သင်ကြားခံခဲ့ရတဲ့ ယမမိုတို ခိချိဇအဲမွန်းဟာ ဖခင်ဖြစ်သူ ယမမိုတို ဂျင်းအဲမွန်းဆီကနေ စေ့စပ်တဲ့ ဆာမူရိုင်းပညာကို သင်ယူခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ အမိန့်နဲ့ အသက် ၅ နှစ်အရွယ်မှာ ခွေးကို သတ်ရပြီး အသက် ၁၅ နှစ်အရွယ်မှာ အကျဉ်းသားတစ်ဦးကို ခေါင်းဖြတ်ဖို့ သင်ကြားခံခဲ့ရပါတယ်။

၁၀ ယောက်လောက် သတ်ပြီးရင် လူသတ်ဖို့တွန့်ဆုတ်စိတ် မရှိတတ်တော့တဲ့အတွက် အပြစ်သားကို ခေါင်းဖြတ်ပြီး လေ့ကျင့်ပေးတဲ့ ကြောက်စရာကောင်းတဲ့သင်ကြားမှုဖြစ်ပါတယ်။

ဆာမူရိုင်းဖြစ်ရင် လူသွေး၊ အတွင်းအင်္ဂါကို မြင်ရုံရဲ့ မကြောက်ရဘူး

သရဲဘောကြောင်သူတွေပဲ ကြောက်လိမ့်မယ်

လို့ သင်ပြခံခဲ့ရပုံပါပဲ။

တကယ်ဆိုရင်တော့ ကြောက်သင့်ပါတယ်

ဒီနေ့ခေတ်နဲ့ကြည့်ရင် နားလည်ခက်တဲ့ သင်ကြားရေးဖြစ်ပေမယ့် အဲ့ဒီခေတ်အခါက ဥပဒေအရ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဆိုရင်တောင် ကျွန်တော်တော့ လုပ်နိုင်မယ်မထင်ပါဘူး။

ဒါပေမယ့် အရေးရယ်အကြောင်းရယ်ဆို ရန်သူကို မသတ်နိုင်ရန် ကိုယ့်ရဲ့တန်ဖိုးထားရတဲ့အရာကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ကိုတိုင်နဲ့ ကိုယ့်ရဲ့မိသားစုရဲ့အသက်၊ စည်းစိမ်ဥစ္စာ၊ ပြီးတော့ သစ္စာခံဆာမူရိုင်းသခင်ရဲ့ အသက်ကိုလည်း ကာကွယ်နိုင်မှာမဟုတ်ပါဘူး။

ဒီလိုလူသတ်ပြီး အသက်မွေးရတဲ့အတွက်ကြောင့် မလုပ်ချင်လည်း လုပ်ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် သနားစရာကောင်းတာက မိဘရဲ့အလုပ်ကို သားသမီးက ဆက်ခံရတဲ့ ခေတ်စနစ်ဖြစ်ခဲ့တာကြောင့် မသတ်ချင်ဘဲ သတ်ခဲ့ရတဲ့သူတွေလည်း အများကြီး ရှိခဲ့မယ်လို့ ထင်ပါတယ်။

ဆာမူရိုင်းတွေဟာ လက်ရှိခရိုင်၊ စီရင်စုတွေလိုမျိုး အဆင့်ဆင့် သခင်တွေ ရှိကြပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၁၆၀၃ ခုနှစ်မှာ ကြီးမားစွာ ပြောင်းလဲခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း အဲ့ဒိုခေတ်မှာတော့ နှစ်ပေါင်း ၃၀၀ ခန့် ဆက်လက်တည်ငြိမ်အေးချမ်းခဲ့တဲ့ခေတ်ဖြစ်ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းတဲ့ခေတ်မှာတောင် ဆာမူရိုင်းရဲ့စိတ်ဝိဉာဉ်မပျောက်ဆုံးစေဖို့အတွက် အပေါ်ကလို သင်ကြားမှုမျိုးကို ဆက်လက်သင်ကြားပေးတဲ့ မိသားစုတွေလည်း များစွာ ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ဆာမူရိုင်းအလုပ်တွေလည်း ပျောက်ကွယ်ကုန်ပြီး အဲ့ဒီသင်ကြားရေးစနစ်လည်း ပျောက်ကွယ်သွားပြီဖြစ်ပေမယ့် ဆာမူရိုင်းရဲ့သားသမီးဖြစ်တာကြောင့် ပျော်ရွှင်စရာ ရှာတာမျိုး၊ ပျော့ပျော့ပြောင်းပြောင်းဆက်ဆံလာတာမျိုးတော့ မရှိသေးပါဘူး။

ဒီလိုသာဆိုရင် ဆင်းရဲသား၊ ဆင်းရဲတဲ့လယ်သမားဖြစ်တာကမှ ကောင်းမယ်မဟုတ်လားနော်?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: