ဂျပန်တွေတောင် သတိမမူမိကြတဲ့ ဂျပန်လူမျိုးတွေရဲ့ ဘာသာရေးအယူ

ကိုးကွယ်မှု ဘာသာရေးဆိုတာဘာလဲ?

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာ စပြီး အသီးသီးရှိကြပါတယ်။

ဒီမှာ ဂျပန်တွေကို မေးလိုက်ရင် ဘာဖြေကြလဲ သိပါသလား?

တော်တော်များများက “ဘာသာမဲ့” လို့ဖြေတတ်ကြပါတယ်။

ဒါဆို နတ်တွေကိုမယုံဘူးလား? လို့မေးပြန်တော့လဲ ဆုတောင်းချင်တာရှိရင် နတ်ကွန်းကိုသွားကြပြီး၊ အသူဘကျရင် ဘုရားကို သွားပြန်ပါတယ်။

ဒါကိုတောင်မှ ကိုယ့်ကိုယ်ကို ဘာသာမဲ့လို့ထင်နေတာက၊ ရှင်းတိုး ဆိုတဲ့ နတ်ကိုးကွယ်တဲ့ ဘာသာရေးတစ်ခု သီးသန့်ရှိနေလို့ပါပဲ။

ရှင်းတိုး အကြောင်းအသေးစိတ်ရှင်းပြသွားပါမယ်

ဒါက ဘာသာရေးတစ်ခုအနေနဲ့မဟုတ်ပေမယ့် အကျင့်စာရိတ္တ၊ အမူအကျင့် သင်ကြားပေးတဲ့ အရာတစ်ခုဖြစ်နေပြီး၊ မသိလိုက်ခင်မှာပဲ ဂျပန်လူမျိုးတွေရဲ့ စိတ်ထဲစွဲနေတဲ့ ဂျပန်လူမျိုးဆန်တဲ့အရာကို မွေးထုတ်ပေးလိုက်ပါတယ်

 

ရှင်းတိုးဘာသာဟာ နတ်ကွန်းတွေကို အခြေတည်ထားပါတယ်

ဒါပေမယ့် ဘာသာရေးတစ်ခုအနေနဲ့ နာမည်တပ်ဖို့ ကျတော့လည်း ကြောင်တောင်တောင်နိုင်နေတာ သိပါသလား?

 

ခရစ်ယာန်ဘာသာမှာဆိုရင် သမ္မာကျမ်းစာ၊ ဗုဒ္ဓဘာသာအတွက် သုတ္တန်နဲ့ အစ္စလာမ်အတွက် ကိုရမ်ကျမ်ဆိုပြီး ကျမ်းဂန်များ ရှိပါတယ်။

ဒီလိုတွေးတောကြံဆပြီး ရှင်သန်သွားပါဆိုပြီး ရေးထားတတ်ကြပြီး၊ ရှင်းတိုးမှာ ဒါမျိုးမရှိပါဘူး

 

ဗုဒ္ဓဘာသာက ဗုဒ္ဓရုပ်ပွားတော်၊

ခရစ်ယာန်မှာဆို ခရစ်တော်နဲ့ မယ်တော် မာရီယာ၊

အစ္စလာမ်ဘာသာမှာဆို မြင်ရတဲ့ရုပ်ထုတော့မရှိပေမယ့် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းတာမျိုး ရှိပါတယ်။

 

ရှင်းတိုး ကရော?

ဘာမှမရှိပါဘူး။

နတ်ကွန်းတစ်ခုဆီမှာ Goshintai လို့ခေါ်တဲ့အရာရှိပြီး မှန်ဖြစ်လိုက်၊ ဓားဖြစ်လို့နဲ့ အမျိုးမျိုးပါပဲ

ဒါကိုလည်း မမြင်ရတဲ့နေရာမှာ သိမ်းထားတာပါ

ပြီးတော့ တည်ထောင်သူ မရှိတဲ့အချက်ကလည်း ထူးဆန်းနေပါတယ်

ဘယ်သူကစကိုးကွယ်လိုက်တယ်ဆိုတာလည်း မသိရဘဲ၊ သင်ပြမှုတွေပါတဲ့ စာအုပ်လိုမျိုးလည်း ရှိမနေပါဘူး။

ဘာသာရေးလို့ ခေါ်လို့မဖြစ်တာကလည်း ရှင်းတိုးရဲ့ ထူးခြားချက်ပါပဲ

 

ရှင်းတိုးမှာလည်း နတ်တွေရှိတယ်ဆိုတာ ယုံကြည်ကြပါတယ်

သို့သော် ဘယ်နေရာမှာမဆို နတ်တွေရှိတယ်ဆိုပြီး ယုံကြည်ကြတာကြောင့်၊ တောင်တွေမှာလည်း တောင်စောင့်နတ်၊ ပင်လယ်မှာလည်း ပင်လယ်စောင့်နတ်၊ စားတဲ့ဆန်မှာတောင် နတ်တွေရှိတယ်လို့ တွေးပါတယ်

Ya o yorozu no kami လို့ဆိုတဲ့ အခေါ်ရှိပြီး၊ နတ်ဘုရားပေါင်း သိန်းသောင်းချီရှိတယ်လို့ပြောချင်တာမဟုတ်ပါဘူး

မ‌ရေတွက်နိုင်အောင်ရှိတယ်လို့ ပြောချင်တာပါ

ဘယ်နေရာမှာမဆို နတ်ဘုရားတွေရှိတယ်လို့ ယုံကြည်ထားပါတယ်

 

တခြားဘာသာတွေ ယုံကြည်ထားသလို လူပုံဆန်စံတဲ့ နတ်လိုမျိုးနဲ့လည်း အနည်းငယ်ကွဲပြားပြီး၊ နတ်ရှိတယ် လို့ပဲယုံကြည်ထားတာပါ

 

ဒါကြောင့် နတ်တွေကိုကြည့် အားမကိုးပဲ ကိုယ်တိုင် လှုပ်ရှားမှရပါတယ်

ဒါပေမယ့် နေရာတိုင်းမှာရှိတဲ့ နတ်တွေကိုတော့ လေးစားရိုသေကြပါတယ်

 

သဘာဝ၊ တိရိစ္ဆာန်၊ အစားအသောက်တွေကို တရိုတသေရှိပြီး၊ ကိုယ်နဲ့စကားပြောနေတဲ့ တစ်ဖက်လူအပေါ်မှာလည်း ရိုသေကြပါတယ်

ဒါကြောင့် ဂျပန်စကားမှာ တစ်ဖက်လူအပေါ်အလေးထားကြောင်းပြတဲ့ Sonkeigo နဲ့ kenjougo လိုမျိုး၊ နိုင်ငံခြားသားတွေဘက်ကကြည့်ရင် ရှုပ်ရှပ်ခတ်စေတဲ့ စကားလုံးတွေ အများကြီးရှိနေတာပါ

နေရာတိုင်းမှာ နတ်တွေရှိတယ်ဆိုရင် အဲ့ဒီထဲမှာ ခရစ်ယာန်နတ်ပဲဖြစ်ဖြစ်၊ အစ္စလာမ်နတ်၊ ဟိန္ဒူနတ်ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး

ရှင်းတိုးပြီးတဲ့နောက် ဂျပန်နိုင်ငံကို ဝင်လာတဲ့ ဗုဒ္ဓဘာသာကို လက်ခံနိုင်ခဲ့ကြတာကလည်း၊ ဒီ ရှင်းတိုး အတွေးကြောင့်ပဲ ဖြစ်ပါတယ်

 

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အရာ၊ လူ၊ အဖြစ်အပျက် အကုန်လုံးကို လက်ခံနိုင်ပါတယ်

 

ဂျပန်တွေက ကိုယ့်ကျင့်တရားကောင်းတယ်လို့ အပြောခံရတာက DNA ကထူးခြားလို့ဆိုတာမျိုး လုံးဝမဟုတ်ဘဲ၊ ဒီရှင်းတိုးအယူက မသိလိုက်ခင်မှာပဲ ကိုယ့်စိတ်ထဲရောက်သွားခဲ့လို့လို့ ကျွန်တော်ကတော့ ထင်ပါတယ်

 

လူတွေကို အနှောက်အယှက်မပေးဘဲ၊ ကူညီရိုင်းပင်းရမယ်၊ တစ်ဖက်လူကို လက်ခံရမယ်။

 

ကမ္ဘာပေါ်မှာ ကိုရိုနာကြောင့် ဆိုးရွားတာတွေဖြစ်သွားပြီး စစ်တွေပါ ဖြစ်လာပါတော့တယ်

 

အကျိုးရှာတဲ့ လူနည်းစုက ကိုယ်ကျိုးကိုပဲအာရုံစိုက်နေလို့၊ ကူညီရိုင်းပင်းဖို့လည်း ဘာမှမတတ်နိုင်ပါဘူး

ဒီလိုဖြစ်နေတဲ့ ကမ္ဘာကြီးကို နည်းနည်းလေးပဲ ဖြစ်ဖြစ်အေးချမ်းသွားအောင် ရှင်းတိုး အတွေးလေးကို ဖြန့်ပေးဖို့လိုတယ်လို့ တွေးမိပါတယ်

ဂျပန်လူငယ်တွေလည်း အတူတူပါပဲ

ဂျပန်တွေရဲ့ ကောင်းတယ်ဆိုတဲ့ အချက်တွေကို ဆုံးရှုံးလာခဲ့တာကြောင့်၊ ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ အရေးကြီးတဲ့ အတွေးတစ်ခုအနေနဲ့ ရှင်းတိုး ဘာသာလို တွေးစေချင်ပါတယ်

 

ဘာသာပြောင်းကိုးကွယ်ဖို့တော့ မလိုဘူးလို့ထင်ပါတယ်

သို့သော် One more အနေနဲ့ စဥ်းစားကြည့်စေချင်ပါတယ်

 

ပျက်စီးစပြုနေတဲ့ ကမ္ဘာကြီးကို ကောင်းတဲ့ဘက်ကို ‌ဆွဲခေါ်ဖို့ တစ်ဦးတစ်ယောက်ချင်းစီက လျှောက်သင့်တဲ့ လမ်းလို့ထင်ပါတယ်

ဒီအတွေးကို ဖြန့်ဝေချင်တာကြောင့် JAPO မှာ ရှင်းတိုး၊ နတ်ကွန်းမှာအလုပ်လုပ်တဲ့ မိန်းကလေး မိကို ကို design motive လုပ်ထားတဲ့ idol group ကို ဗီယက်နမ်မှာ ဖန်တီးလိုက်ပါပြီ

ဖက်ရှင်ကိုလည်း မိကို ရဲ့ပုံရိပ်တစ်ခုတည်းမဟုတ်ဘဲ၊ ဂျပန်ရဲ့ ကောင်းတဲ့အချက်ကို ဖော်ပြနိုင်ဖို့ ရှင်းတိုးရဲ့ အတွေးတွေကို ဖြည်းဖြည်းချင်းပြောပြသွားမယ့် အရေးပါတဲ့ အရာတစ်ခုပါ

 

ကမ္ဘာ့ငြိမ်းချမ်းရေးကို အလေးအနက်ထားမယ့် MIKO-DOLL ပရော့ဂျက်ဖြစ်ပါတယ်

 

အားပေးကြပါဦးနော်

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: