ဘူတာ လှေကားပေါ်က ထူးဆန်းတဲ့ ရေတွေ!? ဂျပန်လူမျိုးတွေရဲ့ ကျင့်ဝတ်ကနေ ဖြစ်လာတဲ့ ထူးဆန်းတဲ့ မြင်ကွင်း

ဘယ်နိုင်ငံမှာမဆို ပြီးတော့ ဘယ်နေရာမှာဆို မြင်ရတတ်တဲ့ လှေကားမျိုးပါပဲ

ဒါကတော့ ဂျပန်နိုင်ငံက ဘူတာတစ်ခုက လှေကားပါ

သေချာကြည့်လိုက်ရင် လှေကားတစ်ဖက်ခြမ်းမှာပဲ ရေတွေစိုနေတာ မြင်ရမှာပါ

https://twitter.com/TZH331029_Evae/status/1523624607634563072?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1523624607634563072%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fsirabee.com%2F2022%2F05%2F12%2F20162853825%2F2%2F

 

ရှုပ်ထွေးစေတဲ့ ဂျပန်ဘူတာက လှေကားတွေပါပဲ

အတက်နဲ့ အဆင်းကို တစ်ဖက်စီခွဲထားပေးပြီး၊ အဆင်းဘက်မှာပဲ ရေတွေရွှဲနေတာပါ

 

ဒီတစ်ဖက်တည်းပဲ မိုးယိုနေတာလား?

မဟုတ်ပါဘူး။

 

ဒီလှေကားရဲ့ ဘယ်ဘက်ခြမ်း အောက်မှာ ရေပိုက်ရှိပြီး၊ အဲ့ဒီ‌ရေပိုက် ပေါက်နေလို့များလား?

ဒါလည်း မဟုတ်ပါဘူး။

 

သဲလွန်စကတော့ ဒီနေ့ရဲ့ ရာသူဥတုဖြစ်တဲ့ မိုးကြောင့်ပါပဲ

 

ထီးဆောင်းပြီး၊ အပြင်ထွက်လမ်းလျှောက်တယ်၊ ဆောင်းလာတဲ့ထီးကိုခေါက်ပြီး လှေကားကနေ ဆင်းမယ်။

ဆိုနေတဲ့ ထီးကနေ မိုးရေတွေကျပါတယ်

 

ဘာလို့တစ်ဖက်တည်းမာ စိုနေလဲဆိုတာကတော့၊ ဂျပန်လူမျိုးတွေက ဆင်းရမယ့်ဘက်ကနေပဲ ဆင်းနေလို့၊ ဘယ်ဘက်တစ်ခြမ်းပဲ စိုနေရတာပါ။

စည်းမျဥ်းအတိုင်း မလိုက်နာတဲ့လူ လည်းရှိပါတယ်

ဒါပေမယ့် တော်တော်များများက လိုက်နာနေတယ်ဆိုတာကိုတော့ မြင်နိုင်ပါတယ်

 

ဓာတ်ပုံထဲမာလို ခွဲသွားကြဖို့ ကာရံထားတာမျိုးလဲမရှိဘဲ၊ လိုက်နာကြတာကတော့ ဂျပန်မှာပဲ ရှိပါလိမ့်မယ်လို့ အခြားနိုင်ငံတွေမှာ ပြောနေကြပါတယ်

ဂျပန်လူမျိုးတွေရဲ့ ကျင့်ဝတ်ကဖြစ်လာတဲ့၊ တစ်နည်းပြောရရင် အနုပညာလက်ရာတစ်ခုပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: