seppuku/မိမိကိုယ်ကိုအဆုံးစီရင်ဖို့က ခဲယဥ်းတယ်? ကူညီပေးဖို့ Kaishakunin ဆိုတဲ့ကူညီပေးသူဟာ လူသာမန်တို့ထက် သာလွန်ခဲ့ပါတယ်

Seppuku ဆိုတာကိုယ့်ကိုယ်ကို အဆုံးစီရင်တာကိုပြောတာပါ

ကိုယ့်ဗိုက်ကို ဓားနဲ့လှီးပြီး သေရတာပါ

လှီးလိုက်ရုံနဲ့ ချက်ချင်းသေမှာမို့လို့လား?

တော်တ်ောနဲ့မသေဘဲ နာနေတာများပါတယ်

 

seppuku လုပ်နည်းအမှန်ကတော့ ဗိုက်ကိုဖောက်ပြီး၊ လည်ပင်း၊ နှလုံးတွေကိုပါ ထိုးဖောက်ရတာပါ

ဘယ်သူကလုပ်နိုင်မှာလဲ?

ဆာမူရိုင်းလို့ ဘယ်လိုပဲပြောပြော ဒီလိုလုပ်ဖို့ကတော့ ခက်ပါတယ်

အဲ့ဒီတော့ ဒီနည်းလမ်းနဲ့ပဲ အဆုံးသတ်ရပါတော့တယ်

ဒီတစ်ခေါက်ပြောပြမှာကတော့ seppuku လုပ်တဲ့သူနောက်က ဂျပန်ဓားကိုင်ထားတဲ့ လူအကြောင်းပါ

သူကို Kaishakunin လို့ခေါ်ပါတယ်

 

seppuku လုပ်တယ်ဆိုတာ ဆာမူရိုင်းတွေအတွက်ပဲ ခွင့်ပြုထားတဲ့အရာပါ

လွယ်လွယ်လေး သေဒဏ်ပေးတာတော့ မဟုတ်ပါဘူး

အပြစ်သားကို သေဒဏ်ပေးတာဆိုပေမယ့် seppuku လုပ်ခွင့်ရတဲ့ သေခြင်းမျိုးက ဂုဏ်သိက္ခာရှိတယ်လို့ ဆိုပါတယ်

ဗိုက်ထဲဓားဝင်သွားတာနဲ့ နာလွန်းလို့ မခံမရပ်နိုင်ဖြစ်သွားမှာ အမှန်ပါပဲ

ဒီလို သနားဖွယ်ရုပ်ကို ပြရတာက ဆာမူရိုင်းတစ်ယောက်အနေနဲ့ ရှက်စရာဖြစ်လို့၊ လည်ပင်းကိုဖြတ်ပေးမယ့် kaishakunin ကရှိနေတာပါ

 

ခေါင်းကိုခုတ်ဖြတ်လိုက်ရင်တော့ ပြတ်ထွက်သွားမှာပဲလို့ ထင်ရင်မှားသွားပါမယ်

လုံးဝကိုလွယ်တဲ့ အလုပ်မဟုတ်ပါဘူး

လည်ပင်းရိုးဟာ တုတ်ပြီးတော့၊ အရိုးတွေဆက်နေတဲ့ကြားကို ခုတ်ဖြတ်နိုင်မှ ရမှာပါ

 

ပြီးတော့ kaishaku ဆိုတာ ခုတ်ဖြတ်ပစ်ရတာမဟုတ်လို့၊ ပြတ်ထွက်သွားတဲ့အထိ မခုတ်ဘဲ အရေခွံတစ်ချပ်စာ ချန်ထားရတယ်လို့ ပြောကြပါတယ်

 

Kaishakunin ဖြစ်ချင်ရင် ဒါတွေလုပ်နိုင်မှ ရမှာဆိုတော့ တော်တော်လေး ဓါးရေးကျွမ်းမှရမှာပါ

မကျွမ်းတဲ့သူကလုပ်ရင် ခဏခဏခုတ်နေရတော့ seppuku လုပ်တဲ့သူကို ပိုဒုက္ခပေးသလိုဖြစ်ပါတယ်

ခုတ်ဖြတ်မိရင်လည်း ပြစ်ဒဏ်ခံရမှာပါ

 

Kaishakunin ဆိုတာ ဆာမူရိုင်းလောကမှာ တော်တော်လေးအရေးပါတဲ့ ကဏ္ဍမှာရှိနေတာပါ

လစာလည်းတော်တော်များပါတယ်

ဒါပေမယ့်လည်း “လူသတ်သမား” နဲ့နည်းတူပဲဆိုတော့ လူ့အဖွဲ့အစည်းမှာတော့ ဂုဏ်သတင်းမွှေးတဲ့ အလုပ်မဟုတ်ပါဘူး

 

အခုကတော့ seppuku လည်းမရှိတော့၊ Kaishakunin ဆိုတဲ့အလုပ်လည်း မရှိတော့ပါဘူး

တစ်ယောက်ယောက်ကို အထောက်အပံ့ပေးတာကို Kaishaku လို့ခေါ်ပြီး၊ ဂျပန်ဘာသာစကားမှာတော့ ကျန်နေပါသေးတယ်

 

အလုပ်ကြောင့်ပါလို့ပဲပြောပြော၊ seppuku လုပ်တဲ့သူရဲ့ သိက္ခာအတွက်ပဲပြောပြော၊ လူတစ်ယောက်ရဲ့ ခေါင်းကိုဖြတ်တယ်ဆိုတာ ဘယ်လိုစိတ်မျိုးနဲ့ လုပ်နိုင်တာပါလိမ့်?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: