ကျိန်စာဆိုတာ တကယ်ရှိတာလား?

Jujutsu Kaisen ကိုကြည့်ပြီးကြပြီလား?

ဂျပန်မှာတင်မက နိုင်ငံတကာမှာပါ အောင်မြင်နေပြီး၊ အခုခေတ်ဂျပန်ထက် နည်းနည်းလေးပဲစောတဲ့ ခေတ်ကိုရိုက်ပြထားတာပါ

 

ဒါနဲ့…

ဂျပန်မှာကျိန်စာဆိုတာ တကယ်ရှိပါတယ်

Anime နဲ့ ဇာတ်ကားတွေထဲမှာတင်မက တကယ့်လက်တွေ့ အစိုးရပိုင်းဆိုင်ရာတွေမှာပါ ကျိန်စာတိုက်တာတွေ၊ မှော်အတတ်တွေ ရှိပါတယ်

 

ကျိန်စာဆိုတာ ဘယ်လိုမျိုးလဲ?

လက်၊ လက်နက်တွေမသုံးဘဲ စိတ်စွမ်အား၊ နာမ်စွမ်းအားတွေကို သုံးပြီး၊ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ကံဆိုးအောင်၊ အဆိုးတွေဖြစ်အောင် လုပ်တဲ့သဘောပါပဲ

ကျိန်စာတိုက်သူ (လူ) က တစ်ခြားလူတစ်ယောက်ကို ကျိန်စာတိုက်တာကို ဂျုဇို လို့ခေါ်ပြီး၊ အဲ့ဒီမကောင်းတာတွေကို ချေဖျက်တာကို ချိုးဟုခု လို့ခေါ်ပါတယ်

 

ဒီလိုကျိန်စာတွေကို အစိုးရပိုင်းမှာ သုံးခဲ့တာက ဟေးအန်းခေတ်မှာပါ

ကျိုတိုက မြို့တော်ဖြစ်နေတဲ့ခေတ်မှာ မင်းမျိုးမင်းနွယ်တွေကပဲ တိုင်းပြည်အုပ်ချုပ်ခဲ့ပါတယ်

ရာထူးအာဏာလိုချင်ကြသူတွေက တိုက်ခိုက်တာမျိုးမလုပ်ကြတော့ဘဲ နောက်ကွယ်ကတေ တစ်ဖက်လူကို ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုတော့ ရာထူးတက်‌အောင် ချမ်းသာအောင် လုပ်ခဲ့ကြတာပါ

https://thegate12.com/jp/article/412

 

တကယ်တော့ ဂျပန်စကားမှာ ကျိန်စာကို “နိုရိုအိ” လို့ပဲမဟုတ်ဘဲ “မဂျိနအိ” လို့လည်း ခေါ်ပါသေးတယ်

“နိုရိုအိ” ဆိုရင် မကောင်းတဲ့စိတ်အတွက် အသုံးချတာဖြစ်ပြီး

“မဂျိနအိ” ဆိုရင်တော့ ဆုတောင်းတဲ့ အဓိပ္ပာယ်သက်ရောက်တာကြောင့်

အဓိပ္ပာယ် ၂ မျိုးရှိနေတာပါ

 

နောက်တစ်မျိုး နည်းနည်းဆင်တာက “တတရိ” ဆိုတာလည်းရှိပါတယ်

“နိုရိုအိ” မှာကျိန်စာတိုက်တဲ့သူရှိပြီး တစ်ဖက်ကခံရပါတယ်

“တတရိ” မှာတော့မရှိပါဘူး

ဝိဥာဏ်တွေ၊ သရဲတွေ၊ သေပြီးသားသူတွေစတဲ့ လူတွေလက်လှမ်းမမှီတဲ့သူတွေက လုပ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဆိုလိုတာပါ

ရှေးတုန်းကဆို ငလျင်၊ ဆူနာမီတွေကို တတရိ လို့ခေါ်တာပါ

 

ကျိန်စာရဲ့သမိုင်း

ဂျပန်မှာ ရှေးအကျဆုံး ကျိန်စာက ဒဏ္ဍာရီတွေထဲမှာ ပါပါတယ်

Izanagi Mikoto နဲ့ Izanami Mikoto လို့ခေါ်တဲ့ နတ်ဘုရားစုံတွဲတစ်တွဲရှိပြီး၊ Izanagi Mikoto က နေနတ်ဘုရားကို မွေးဖွားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်

သေသွားတဲ့အခါ Yomi no Kuni လို့ခေါ်တဲ့ နိုင်ငံကို သွားခဲ့ရတာကြောင့်၊ Izanagi Mikoto က သူ့မိန်းမကို ပြန်ခေါ်ဖို့ အဲဒီနေရာကို သွားခဲ့ပါတယ်

လုံးဝချောင်းမကြည့်ရဘူး ပြောထားတဲ့ကြားက မစောင့်နိုင်တော့လို့ ကြည့်လိုက်တဲ့အခါ ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမဖြစ်သူကို တွေ့လိုက်ရပါတော့တယ်

 

အရမ်းထိတ်လန့်သွားတဲ့ Izanami Mikoto ဟာ

“ကတိဖျက်တဲ့အတွက် ဒီနေ့ကစပြီး နေ့တိုင်း

လူ ၁၀၀၀ ကိုသတ်မယ်”

 

ဆိုပြီး မိန်းမဖြစ်သူရဲ့ ကျိန်စာဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသောကျိန်စာ ဖြစ်သွားခဲ့ပါတယ်

ဒီမှာပဲ လူ့အသက်ဆိုတာစပြီး ဖြစ်လာပုံရပါတယ်

နတ်ဘုရားရဲ့ဒေါသဖြစ်လို့ တတရိ လို့ဆိုကြတာပါ

 

တကယ့်လက်တွေ့ ကျိန်စာအစွမ်းသုံးပြီး တိုက်ခိုက်တဲ့ ဟီးရိုးတွေလည်း ရှိခဲ့ပါတယ်

အွန်းမျိုးဂျိ လို့ခေါ်တဲ့ ဟေးအန်းခေတ်က လူတစ်စုပါ

အဘဲနို့ ဆေးမေး စတာတွေနဲ့ အရမ်းနာမည်ကြီးခဲ့တာပါ

 

ကျိန်စာတိုက်နည်းအမျိုးမျိုးရှိပါတယ်

နာမည်အကြီးဆုံးကတော့ Ushi no toki mairi ဖြစ်ပြီး လုပ်နည်းကိုကြည့်ကြည့်ရအောင်

 

အဖြူရောင်ကီမိုနိုတစ်ထည် (အဖြူရောင်ကီမိုနို၊ Seppuku (ကိုယ့်ဗိုက်ကိုဓားနဲ့ခွဲတဲ့အချိန်) လုပ်တဲ့အချိန်တို့မှာ သုံးတဲ့အဝတ်)၊ ကောက်ရိုးရုပ်၊ ငါးလက်မရှည်တဲ့သံ၊ တူတစ်ချောင်းလိုအပ်ပါတယ်

ကောက်ရိုးတဲ့ပုံပေါ်အောင်လုပ်တာကတော့ လူတိုင်းလုပ်တတ်မယ်ထင်ပါတယ်

 

နောက်တစ်ဆင့်ကစပြီးခက်တာပါ

အဝတ်အဖြူစကို ဝတ်ပေးမယ်

ဖြူစွတ်နေတာရှာမရရင်၊ အဝတ်အဖြူရောင်နဲ့လည်း ရနိုင်ပေမယ့်၊ စိတ်အားထက်သက်မှုကို ပြဖို့အတွက်ဆင်ကြတဲ့ပုံပါပဲ

အဖြူရောင်ဆိုတာ လူသေတွေကိုဝတ်ပေးတာလေ

ဒီတိုင်းတော့အဖြူရောင်ကီမိုနိုကို မဝတ်ကြပါဘူး

 

မျက်နှာကိုလည်း ဖြူစွတ်နေအောင်ခြယ်ပြီး နီရဲနေတဲ့နှုတ်ခမ်းနီကို ဆိုးရပါတယ်

ခေါင်းမှာဆောင်းထားတာကလည်း လူသေတွေကို ဆောင်းပေးတဲ့စာပါ

ဖိနပ်ကလည်း ဒေါက်တစ်ချောင်းတည်းပါတာပါ

ဒါကြီးနဲ့လမ်းလျှောက်ရတာကတော့ နာမယ့်ပုံပဲ

 

Ushi no toki mairi ကိုလုပ်ကြည့်ကြရအောင်

ကောက်ရိုးအရုပ်၊ ငါးလက်မ သံချောင်း၊ သံတူတွေယူပြီး နတ်ကွန်းသို့ သွားပါမယ်

သွားမယ့်အချိန်က ရှေးဂျပန်စကားနဲ့ပြောရရင် အုရှိနို့ခိုခု

အခုခေတ်လိုဆိုရင် မနက်၁နာရီကတေ ၃နာရီကြား

အဲ့ဒီအချိန်ကြားထဲ နတ်ကွန်းသွားရဲဖို့ကတော့ ကျွန်တော်ဆိုမလုပ်ရဲပါဘူး

 

သံကိုကိုင်ပြီး နတ်ကွန်းကသစ်ပင်၊ နတ်ရှိတယ်လို့ယုံကြည့်တဲ့ သစ်ပင်ကိုသွားပါတယ်

ရောက်တဲ့အခါ အရှေ့မြောက်ဘက်ကို ဦးတည်ပြီး မုန်းတီးသူရဲ့ မျက်နှာကို တွေးပြီး ကောက်ရိုးရုပ်ကို သစ်ပင်ပေါ် ရိုက်ထည့်ရပါတယ်

ဒီလိုမျိုး ၇ရက်ဆက်တိုက် လုပ်ရပါတယ်

 

ဒီလိုလုပ်ရင် ကျိန်စာထိတယ်ပြောကြပေမယ့် ရာဇဝတ်မှုမြောက်မယ်ထင်တယ်နော်

ဘုရားကျောင်းဝင်းအတွင်း ကန့်သတ်ချက်မရှိရင်တော့ တရားမဝင်ကျူးကျော်တယ်လို့ မဖြစ်ပေမယ့်၊ နတ်ကွန်းကသစ်ပက်ကိုတော့ သံမရိုက်သင့်ပါဘူး

ဖျက်လိုဖျက်စီးလုပ်ရာရောက်တယ်လေ

ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ယန်း၃သိန်း ပေးဆောင်ရတတ်ပါတယ်

 

ဒီလိုလုပ်နေတာကို သူများမြင်သွားလို့လည်း မရပါဘူး

မြင်သွားရင် မြင်သွားတဲ့သူကို သတ်ပစ်ရပါတယ်

လူသတ်မှု

သေဒဏ်ဒါမှမဟုတ်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ၅နှစ်နဲ့အထက်ကျသွားနိုင်တာတွေရှိပါတယ်

 

အခုခေတ်ဆိုရင်တော့ ညကြီးမင်းကြီး ဘယ်သူမှမမြင်အောင် နတ်ကွန်းကို လူသေအဝတ်တွေဝတ်ပြီး သွားဖို့က မလုပ်ရဲလောက်ပါဘူး

နတ်ကွန်းကသစ်ပင်မှာ ကောက်ရိုးရုပ်ကို တွေ့ရင် တစ်ယောက်ယောက်က စောင့်နေပြီး တားသင့်ပါတယ်

၇ရက်ပြီးလို့အောင်မြင်သွားနိုင်တယ်ဆိုတာ ရှိပါ့မလား?

 

ဂျပန်စကားမှာ ဒီစကားလုံးလေး ရှိပါတယ်

“ လူကိုကျိန်စာတိုက်ရင် အပေါက်၂ပေါက်”

 

ကျိန်စာက ထိရင်ထိသလောက် ကိုယ်ပြန်ခံရတတ်ပါတယ်

ပြစ်ဒဏ်ပဲကျခံရမလား၊ နောက်ဘဝမှာပဲ ခံရမလား?

 

ကောင်းတာမဟုတ်လို့ ကျိန်စာတိုက်တာမျိုး မလုပ်ကြပါနဲ့နော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: