ဂျပန်မှာ ခဏခဏမြင်ရတတ်တဲ့ ရုပ်ပွားတော်လေးတွေက ဘယ်သူလဲ?

ဂျပန်နိုင်ငံက ဘုန်းကြီးကျောင်းတွေမှာ၊ သင်္ချိုင်းတွေရဲ့ ထောင့်တွေမှာ ဒီလိုချစ်စရာကောင်းတဲ့ ရုပ်ပွားတော်လေးတွေ ထားထားတတ်တာ တွေ့ဖူးတဲ့သူရှိပါသလား?

နတ်ဘုရားလား၊ ဒါမှမဟုတ် လာဖူးတဲ့သူကို ပုံစံလုပ်ထားတာလား?

နားမလည်ဘဲ ဒီတိုင်းကြည့်ပြီး ဖြတ်သွားဖြစ်ကြတယ်လေ

ပြီးတော့ မြို့ဟောင်းလေးတွေကို သွားကြည့်ရင်လည်း လမ်းဘေးမှာ ဒီလိုကျောက်အရုပ်လေးတွေ ရှိနေပါသေးတယ်

 

 အိုဂျိဇိုးစံ

လို့ခေါ်ပါတယ်

 

အိုဂျိဇိုးစံရဲ့ အမည်ရင်းက ဂျိဇိုးဘိုဆဆု ဖြစ်ပြီး ဂျပန်ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ရုပ်ပွားတော်လေးပါ

မူလက အိန္ဒိယ၊ Sanskrit ဘာသာစကားမှာ Kṣitigarbha လို့ခေါ်တာပါ

မြေကြီးနဲ့ သားအိမ်ဆိုတဲ့ စကားလုံးတွေကို ပေါင်းစပ်ပြီး ဖြစ်လာတဲ့နာမည်ပါ

အဲ့ဒီအဓိပ္ပာယ်နဲ့ နီးစပ်တဲ့ ခန်းဂျိစာလုံးကိုယူပြီး ဂျိဇိုးဘိုဆဆု ဆိုပြီးဖြစ်လာတာပါ

 

နာမည်အတိုင်း မြေကြီးက အသက်အားလုံးကို ပြုစုပျိုးထောင်နိုင်တဲ့ စွမ်းအားရှိသကဲ့သို့၊ ဒီ ဂျိဇိုးကလည်း မြေကြီးကဲ့သို့ ကြီးမားသော ကရုဏာဖြင့် ဒုက္ခရောက်နေသူများကို ဖုံးအုပ်ကာ ကယ်တင်ပေးသည် ဆိုတဲ့ အိုဂျိဇိုးစံ ပါပဲ။

 

ဗုဒ္ဓဘာသာကို ဦးဆောင်သူ Shaka ပျောက်ကွယ်သွားပြီး နှစ်ပေါင်း ၅၇၆ သန်းအကြာမှာ  အရိမေတ္တေယျဘုရားဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့ကို ကယ်တင်ရန် ပွင့်တော်မူလာမယ်လို့ ပြောကြသော်လည်း၊ အခုခေတ်ကမ္ဘာကြီးကတော့ အချိန်တွေအကြာကြီး စောင့်ရဦးမှာပါပဲ

ဒီကြားထဲမှာ ကျွန်ုပ်တို့တွေကို လမ်းပြကူညီပေးမှာကတော့ အိုဂျိဇိုးဆမ လေးတွေပါပဲ

ဗုဒ္ဓဘာသာ ဇာတ်ကြောင်းကို ဒေသနှင့် ဂိုဏ်းတွေအပေါ်မူတည်ပြီး ပြောင်းလဲပြောကြကာ၊ ဂျပန်ဗုဒ္ဓဘာသာကတော့ ဒီလိုလေးပါ

 

ပြီးတော့ ဂျပန်နိုင်ငံမှာ ကလေးများ၏ အုပ်ထိန်းမှုဆိုင်ရာ နတ်ဘုရားဖြစ်ပြီး ကလေးများ၏ ဘေးကင်းမှုကို အကာအကွယ်ပေးသော ဘုရားလို့လည်း လူသိများပါတယ်

အဲ့ဒါကြောင့် ကလေးဝတ်အင်္ကျီနှင့် ဦးထုပ်အနီ ဆင်ပေးထားတာ တွေ့ရမှာပါ

အနီရောင်သည် အဆောင်လို့ အဓိပ္ပာယ်ရတယ်ဆိုတာကို ရှေးကတည်းက ဆိုကြပါတယ်

အရင်တုန်းကတော့ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ကောင်းကောင်းမဖွံ့ဖြိုးသေးဘဲ မွေးကင်းစကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပါတယ်။

ရှင်သန်မှုနှုန်းကို အနည်းငယ်လေးပဲဖြစ်ဖြစ် တိုးလာစေဖို့ အနီရောင်ကို ၀တ်ဆင်ပေးကြတယ် ဆိုသော်လည်း၊ အဲ့ဒီခေတ်က အကြွင်းအကျန် အနေနဲ့ အိုဂျိဇိုးစံတွေမှာ ကျန်နေခဲ့တာပါ

 

ဂျပန်မှာ အရင်းနှီးဆုံး နတ်ဘုရားဖြစ်တဲ့ အိုဂျိဇိုးဆမ

တွေ့မိရင် လက်အုပ်ချီပြီးဆုတောင်းကြည့်ပါနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: