အဲဒိုခေတ်မိန်းကလေးတွေရဲ့ လွပ်လပ်မှု? မလွတ်လပ်မှု? ကွာရှင်းဖို့အတွေးဟာ အခုနဲ့ဆိုရင် တော်တော်လေး ကွာခြားခဲ့ပါတယ်
ဆာမူရိုင်းခေတ်ဖြစ်တဲ့ အဲဒိုခေတ်၊ အမျိုးသားလူ့အဖွဲ့အစည်း ဦးစားပေးခေတ်ဖြစ်ပြီး အမျိုးသမီးတွေက ဟင်းချက်အဝတ်လျှော် ကလေးထိန်းခဲ့ရတဲ့ခေတ်လို့ ဂျပန်လူမျိုးတော်တော်များများကတောင် တွေးနေကြတာပါ။
ဒါကရောတကယ်လား?
အဲဒိုခေတ်က မိန်းကလေးတွေရဲ့ လွတ်လပ်မှု၊ မလွတ်လပ်မှုတွေနဲ့ အခုခေတ်အတွေးအမြင်တွေနဲ့ လုံးဝကွဲပြားပါတယ်။
ဆာမူရိုင်းတွေ ကွာရှင်းကြရင် ဘယ်လိုဖြစ်မလဲ?
အဲဒိုခေတ်မှာ မင်္ဂလာဆောင်ရင် ဒီလိုပုံပါ။
သူဌေးတွေရဲ့ အခမ်းအနားဖြစ်ပုံရပေမယ့်၊ လက်ထပ်ပြီး တစ်သက်လုံးပေါင်းသင်းနေသွားတာမျိုးကတော့ ရှားပုံပါပဲ။
အခုခေတ် ကွာရှင်းကြရင် လင်မယားအမည်နဲ့ ရပ်ကွက်ရုံးမှာ စာရွက်စာတမ်းတွေ တင်ဖို့လိုပေမယ့်၊ အဲ့ဒီခေတ်ကတော့ ရိုးရှင်းခဲ့ပါတယ်။
မိန်းမက ယောကျ်ားကို ဒါမှမဟုတ် ယောကျ်ားက မိန်းမကို ရိအန်းဂျိုး ဆိုတဲ့ ကွာရှင်းစာချုပ်လိုအရာကို တိုက်ရိုက်ပေးလိုက်ရင် ကွာရှင်းပြီးသားဖြစ်ပါပြီ။
ဒါလောက်လေးပဲလုပ်ရတော့ ဒေါသထွက်နေတုန်း ကွာရှင်းမိသွားသူတွေလည်း တော်တော်များခဲ့မယ် ထင်ပါတယ်။
ဒီကွာရှင်းစာက နောက်အိမ်ထောင်ပြုဖို့အတွက် ခွင့်ပြုစာလိုလည်း ဖြစ်နေပြန်တော့ “ဒီမှာ ငါကွာရှင်းပြီးပြီ၊ လက်ထပ်ကြရအောင်!” လို့ပြောလို့ရပါတယ်။
ကွာရှင်းစာမှာပါတဲ့ အကြောင်းပြချက်တွေကို လေ့လာကြည့်တဲ့အခါ ဒီလိုမျိုး ရှိနေခဲ့ပါတယ်။
အများဆုံးက – အကြောင်းပြချက်မရှိ
ဒုတိယက – ကွာရှင်းချင်လို့
တကယ်ကြီးလား အဲဒိုသားကောင်းသမီးကောင်းတို့ရယ်။ လွတ်လပ်လွန်းမနေဘူးလား?
လို့တွေးမိကြမယ်ထင်ပေမယ့်၊ ဒီမှာလည်း အကြောင်းပြချက် ရှိနေပြန်ပါတယ်?
ကွာရှင်းချင်တဲ့ အကြောင်းပြချက်ကို ကွာရှင်းစာမှာရေးတဲ့အခါ ရှုပ်နေအောင်ရေးမိရင် နောက်အိမ်ထောင်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ တွေးပူပြီး၊ နောက်ဆုံးအနေနဲ့ သဘောကောင်းပေးကြတဲ့ သဘောများလား?
ဒါကလည်း သာမန်လူတွေပဲ လုပ်လို့ရတာပါ။
ဆာမူရိုင်းတွေဆိုရင်တော့ သူတို့ရဲ့ ဇနီးတွေက ကွာရှင်းခွင့်တောင်းလို့မရပါဘူး။
အိမ်ကိုစောင့်ရှောက်ဖို့၊ အိမ်အတွက်အလုပ်လုပ်ဖို့၊ အိမ်အတွက်ပဲ အသက်ရှင်ဖို့ဆိုပြီး ဆာမူရိုင်းတွေက တွေးကြတာကြောင့်ပါ။
ဒီလို တာဝန်ကြီးတဲ့ အရာမျိုးဆိုတော့ မိန်းကလေးတွေဘက်က ကွာရှင်းခွင့်တောင်းလို့ မရခဲ့ပါဘူး။
ဒါဆိုရင် မိန်းကလေးဘက်က လမ်းခွဲချင်ရင် ဘယ်လိုလုပ်မလဲ? ဆိုရင်တော့ ဖျန်ဖြေပေးသူ ရှိခဲ့ပုံပါပဲ။
အမျိုးသားရဲ့ အထက်လူကြီး၊ ဘုန်းကြီးတွေက ဖျန်ဖြေပေးရတာပါ။
ယောကျ်ားတစ်ယောက်အတွက် အိမ်ဆိုတာ အရေးကြီးတယ်။
အထက်လူကြီး၊ ဘုန်းကြီးတို့က အိမ်ရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ အကြံပြုကြပြီး ဇာတ်လမ်းကို ခင်ပွန်းဘက်က ကွာရှင်းစာထုတ်တဲ့ ပုံစံဖြစ်အောင် ရေးခဲ့ကြပုံပါပဲ။。
အခုခေတ်ဆိုရင် တရားရုံးဆိုပေမယ့်၊ အဲ့ဒီခေတ်ကတော့ ဘုန်းကြီးကျောင်း တရားစီရင်နေရာ လို့လည်းခေါ်ပြီး၊ ဘုန်းကြီးတွေက လူတွေအပေါ် အာဏာသက်ရောက်မှု ရှိခဲ့ပါတယ်။
ကွာရှင်းနှုန်းက အခုခေတ်မှာ 0.2% လောက်သာရှိခဲ့ပေမယ့်၊ အဲဒိုခေတ်တုန်းက 10% တောင်ရှိခဲ့တာပါ။
တော်တော်လေး လွတ်လပ်ခဲ့ပုံပါပဲ။