ဖြတ်ခနဲမြင်ရတဲ့ အတွင်းခံလေးက sexy ကျတယ်။ ဒီလိုပြောတဲ့ပုံစံ ကီမိုနိုခေတ်မှာ ရှိခဲ့တာလား!?
အဝတ်ပုံစံအနေအထားကတော့ ရေကူးဝတ်စုံတွေနဲ့ ပုံစံတူလိုဖြစ်ပေမယ့်၊ အတွင်းခံဆိုပြီးခေါ်လိုက်ရင်တော့ မတူတော့ဘူးပေါ့နော်။
ဘာလို့လဲဆိုတော့ “ကြည့်လို့မသင့်တော်ဘူး” ဆိုတဲ့အချက်နဲ့ အတွင်းခံလို့ခေါ်တာကြောင့်ပါ။
မကြည့်ရဘူးဆိုလေ ကြည့်ချင်လေ။
ဒါက ယောက်ျားတွေက နှာဘူးတယ်လို့ပြောတာထက်၊ လူတွေကိုက မလုပ်ရဘူးဆို လုပ်ချင်တတ်တယ်လို့ မထင်ဘူးလား?
ဒါကြောင့်ကိုပဲ ခေတ်အဆက်ဆက်ပြောင်းလာပြီး အမျိုးသမီးတွေရဲ့ အတွင်းခံကို ဖြတ်ခနဲမြင်ရတာက မိုက်တယ်ဆိုတဲ့ခေတ်အထိ ရောက်လာတာပါ။
အခုခေတ် မိန်းကလေးတွေက ရဲလိုက်တာလို့တွေးလို့လည်း မရပြန်ပါဘူး။
ဘာလို့လဲဆိုတော့ အတွင်းခံကိုဖြတ်ခနဲမြင်ရတာမျိုးက လူတိုင်းကီမိုနိုဝတ်ကြတဲ့ အဲဒိုခေတ်မှာလည်း ရှိခဲ့လို့ပါပဲ။
ကီမိုနိုမှာ အတွင်းခံပါသေးတာလား? လို့တွေးမိကြမယ်ထင်ပါတယ်။
ကီမိုနိုဆိုတာ အတွင်းခံကနေ ထပ်ဆင့်ဖြစ်လာတဲ့အရာပါ။
အခုမှကြားဖူးကြတာမဟုတ်လား?
ကျွန်တော်တို့တွေအခု ကီမိုနိုလို့ခေါ်နေကြတဲ့ (ယုခတ နဲ့မတူဘူးနော်) အရာက၊ အဲဒိုခေတ်အထိက ခိုဆိုဒဲ လို့ခေါ်ကြတာပါ။
တရားရုံးလိုနေရာတွေမှာ မင်းမျိုးမင်းနွယ်တွေ ဝတ်ကြတဲ့ အိုးဆိုဒဲ ကနေ၊ လက်တိုပုံဖြစ်လာတဲ့ ခိုဆိုဒဲ။
ဒီခိုဆိုဒဲ က တကယ်တော့ တရားရုံးကလူတွေဝတ်တဲ့ ဂျူးနိဟိတိုအဲ လို့ခေါ်တဲ့ အကောင်းစားကီမိုနိုနဲ့ အထက်တန်းဆာမူရိုင်းတွေရဲ့ အဝတ်အောက်က အတွင်းခံအနေနဲ့ ဝတ်ကြတာပါ။
https://intojapanwaraku.com/culture/122635/
ဒီလို တောက်ပြောင်နေတဲ့ ကီမိုနိုတွေရဲ့ အောက်မှာ အတွင်းခံလို အဖြူရောင်ခိုဆိုဒဲ ကိုဝတ်ခဲ့ကြပါတယ်။
ဒီခိုဆိုဒဲက အခုခေတ်အတွင်းခံလိုမျိုး ပြောင်းလဲလာခဲ့တာပါ။
ပထမဆုံးကတော့ အဖြူရောင်ရိုးရိုးရှင်းရှင်း လေးတွေပဲဆိုပေမယ့်၊ ပုံအမျိုးမျိုးပြောင်း အရောင်တွေဆိုးထားတာတွေ ခေတ်စားလာပါတော့တယ်။
မမြင်ရတဲ့နေရာမှာ အလှဆင်နေတယ်လို့ ပြောလို့ရပါတယ်။
ဒါကိုပဲ ၂မျိုးကွဲပြီး ပုံစံပြောင်းလာတာပါ။
ပထမတစ်ခုကတော့ ချမ်းသာရာထူးကြီးတဲ့ အိမ်တွေမှာဝတ်တာဖြစ်ပြီး၊ အတွင်းခံအနေနဲ့ လမ်းပေါက်လာခဲ့တဲ့ အုချိခခဲ ဆိုတဲ့အရာဖြစ်လာတာပါ။
နောက်တစ်ခုက သာမန်လူတွေဝတ်ကြတဲ့ ခိုဆိုဒဲ ပါ။
အတွင်းခံလိုဝတ်ခဲ့တဲ့ ခိုဆိုဒဲက သာမန်အဝတ်အစားဖြစ်လာပြီး၊ “ကိရုမိုနို” ကနေ ကီမိုနို ဆိုပြီးဖြစ်လာတာပါ။
အတွင်းခံက ဆင့်ကဲဖြစ်လာတဲ့ အဝတ်လေးကိုပဲ အပြင်ဝတ်လိုဝတ်နိုင်ကြတာကတော့ အထင်ကြီးစရာပါပဲ။
အေးချမ်းတဲ့ခေတ်ရောက်လာတော့ ခိုဆိုဒဲ ကထပ်ဆင့်ပြောင်းလဲလာခဲ့ပါတယ်။
အဲဒိုခေတ်နှောင်းပိုင်းရောက်တော့ ကုန်သည်တွေ၊ မြို့သားတွေက သူဌေးတွေဖြစ်လာကြပါတယ်။ ပိုက်ဆံလေးရှိလာတော့ ဘယ်သူနေနေ ဂုဏ်ဆာချင်လာကြတယ်။ အဝတ်တွေမှာ ငွေတွေချိတ်ဆွဲလာကြပါတယ်။
ပန်းထိုး၊ အရောင်ဆေးဆိုးတာမျိုးတွေ လုပ်ကြပါတယ်။
ဒါပေမယ့် အဲ့ဒီခေတ်က အစိုးရဖြစ်တဲ့ အဲဒိုဘခုဟု က ငွေမရှိတော့ဘဲဖြစ်လာပါတယ်။
မြို့သားတွေကသူဌေးဖြစ်လာပြီး၊ ဆာမူရိုင်းတွေ ဆင်းရဲခဲ့တဲ့ခေတ်ပါ။
အဲ့ဒီမှာပဲ အစိုးရက ဇိမ်ခံပစ္စည်းတွေကို ပိတ်ပင်ပါတော့တယ်။
သာမန်လူတွေဝတ်လို့ရတဲ့ အဝတ်အရောင်ကိုလည်း သတ်မှတ်လိုက်ပါတယ်။
ဒါပေမယ့်လည်း သူဌေးတွေရဲ့ ကြွားဝါလိုတဲ့ လောဘက သေးမသွားပါဘူး။
ကီမိုနိုရဲ့ အနားသတ်မှာ အလှဆင်ကြပြန်ပါတယ်။
ကီမိုနိုအောက်မှာလည်း အတွင်းခံအစား ဂျုဘန်း လို့ခေါ်တဲ့ ပိတ်စအပါးကို ဝတ်လာကြပါတယ်။
ဒါကိုပဲ လှပအောင် ပြုပြင်ရာကနေ အတွင်းခံအလှတွေ ဖြစ်လာတာပါ။
အတွင်းခံအလှတွေဝတ်ထားမှတော့ လှစ်ကနဲ ပြချင်ကြတာပေါ့။
အဲ့ဒီခေတ်က မိန်းကလေးတွေက ဒီလိုမျိုး ဖြစ်ခဲ့တာပါ။
Abe Kengo