ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ သင်္ချိုင်းတွေရဲ့ အနာဂတ်
အနည်းငယ်ထူးခြားသော ယဉ်ကျေးမှုရှိသည့် ဂျပန်သင်္ချိုင်းများနှင့် သင်္ဂြိုဟ်နည်းလမ်း။
အားလုံးရော သိကြပါသလား?
ဂျပန်နိုင်ငံတွင် မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို တားမြစ်ထားပြီး အရာအားလုံးကို မီးသဂြိုလ်ခြင်းမပြုပါက ဥပဒေနှင့် ဆန့်ကျင်ပါတယ်။
သို့သော်လည်း သမိုင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကစတင်ပြီး နောက်ပိုင်းမှသာ မီးသဂြိုလ်ခြင်းဆိုပြီး ဖြစ်လာတာဆိုပေမယ့်၊ မြေမြှုပ်သင်္ဂြိုဟ်ဖို့ သတ်မှတ်လိုက် ပြီးတော့ မီးသဂြိုလ်ခြင်းသို့ ပြန်သွားလိုက်နဲ့ သမိုင်းကြောင်းဟာ ထပ်ခါတလဲလဲ ဖြစ်နေခဲ့ပါတယ်။
အဆင့်ဆင့် ပြောင်းသွားပြီးနောက် လက်ရှိပုံသဏ္ဍာန်ဖြစ်လာသည့် ဂျပန်အုတ်ဂူတွေမှာရော ဆင့်ကဲပြောင်းလဲမှုအသစ်တစ်ခုက စောင့်ဆိုင်းနေပုံရပါတယ်။
သင်္ချိုင်းတွေရဲ့ သမိုင်းကြောင်းက ဘယ်လောက် သက်တမ်းရှိနေပြီလဲဆိုတာရော သိပြီးကြပြီလား?
တကယ်တော့ အင်မတန် နက်နဲတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။
https://natgeo.nikkeibp.co.jp/nng/article/news/14/7677/
လွန်ခဲ့သောနှစ်ပေါင်း 40,000 ကျော်က တည်ရှိခဲ့တဲ့ Neanderthals လူမျိုးတွေမှာ မြေမြှုပ်သင်္ဂြိုလ်ခြင်းဓလေ့ရှိနေပြီဟု ဆိုကြသည်။
ဂူထဲမှာ မြှုပ်နှံထားတဲ့ လူအရိုးအမြောက်အမြားကို တွေ့ရှိခဲ့ရပြီး ကွယ်လွန်သူ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သင်္ချိုင်းပစ္စည်းတွေကိုလည်း သိမ်းဆည်းထားတာကြောင့် ဒါဟာ ကွယ်လွန်သူအတွက် ဝမ်းနည်းစရာအမှတ်တရတွေ ထားခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။
ဂျပန်မှာ ရှေးအကျဆုံးကတော့ လွန်ခဲ့သောနှစ်ပေါင်း 10,000 ခန့်က ဂျိုးမွန်းခေတ်မှဖြစ်ပါတယ်။ ကွယ်လွန်သူအား မြေမြှုပ်သင်္ဂြိုဟ်ခြင်းနဲ့ ပစ္စည်းများပါ အတူတကွ မြှုပ်နှံထားကြောင်း သမိုင်းကြောင်း ရှိပါတယ်။
အဲဒီနောက် ၃ ရာစုနဲ့ ၄ ရာစုလောက်မှာ သူဌေးတွေနဲ့ တော်ဝင်မိသားစုတွေက ကြီးမားတဲ့ သင်္ချိုင်းဂူတွေကို စတင်တည်ဆောက်ခဲ့ကြပါတယ်။အီဂျစ်ပိရမစ်များလောက် မမြင့်သော်လည်း အလွန်ကျယ်ပြီး အလွန်ကြီးမားတဲ့ ခိုဟွန်း လို့ခေါ်တဲ့ သင်္ချိုင်းများကို တည်ဆောက်ခဲ့ပါတယ်။
ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးသင်္ချိုင်းသုံးခုအနက်မှ တစ်ခုအဖြစ် ဂျပန်သင်္ချိုင်းကြီးလည်း ပါဝင်ပါတယ်။
သေဆုံးသူ၏ အဖော်အဖြစ် ရှင်နေသူများကို အမှန်တကယ် အရှင်လတ်လတ် မြှုပ်နှံထားသည်ဟု ဆိုခဲ့သော်လည်း၊ နောက်ပိုင်းမှာတော့ Haniwa လို့ခေါ်တဲ့ စဥ့်အရုပ်များနဲ့အတူ မြှုပ်နှံခဲ့ပါတယ်။
https://www.asahi.com/articles/ASN1T24D3N1LUJHB008.html
ထိုအချိန်က ပုံမှန်နည်းလမ်းဟာ ဂျိုးမွန်ခေတ်နှင့် သိပ်မကွာခြားလှပါဘူး။ထို့နောက် 645 ခုနှစ်မှာ Taika ပြင်ဆင်ရေး လို့ခေါ်တဲ့ အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ဇိမ်ခံအသုဘအခမ်းအနားများကို ပိတ်ပင်ခဲ့ပြီး ခိုဟွန်း ယဉ်ကျေးမှု ပျောက်ကွယ်သွားခဲ့ပါတယ်။
အဲ့ဒီနောက် ဟေးအန်းခေတ်မှစ၍ ဗုဒ္ဓဘာသာ၏ သြဇာလွှမ်းမိုးမှု အားကောင်းလာကာ အချို့သော မင်းမျိုးမင်းနွယ်များကဲ့သို့သော အခွင့်ထူးခံလူတန်းစားများအတွက် မီးသင်္ဂြိုဟ်ခြင်းမှာ အဓိက ဖြစ်လာခဲ့ပါတယ်။
ခမခုရခေတ်ရောက်လာတဲ့အခါ သာမန်လူများကြားမှာပါ ပျံ့နှံ့သွားပြီး မီးသဂြိုလ်ခြင်းသည် နိုင်ငံတစ်ဝန်း အဓိကပုံစံဖြစ်လာခဲ့ပါတယ်။သို့ရာတွင် မီးသဂြိုလ်ပြီးနောက် အရိုးများကိုသာ မြေကြီးထဲတွင် မြှုပ်နှံထားတာကြောင့် သင်္ချိုင်း သို့မဟုတ် သင်္ချိုင်းအမှတ်အသားများမရှိခဲ့ပုံပါပဲ။
မင်းမျိုးမင်းနွယ်များ၊ နောက်ပိုင်းမှ ထွက်လာသော အခွင့်ထူးခံ ဆာမူရိုင်းလူတန်းစားများဟာ တစ်ဦးချင်းမဟုတ်ကြဘဲ “ အိမ်” ကို ကာကွယ်ချိတ်ဆက်မှုအယူအဆဆိုပြီး ရှိလာပြန်ပါတယ်။ “ အိမ်” လို့ဆိုခြင်းဖြင့်၊ သင်္ချိုင်းကိုလည်း “ အိမ်” တစ်ခုဖြစ်စေကာ၊ မိသားစုတစ်ခုလုံး တူညီသောသင်္ချိုင်းထဲသို့ဝင်ကြတဲ့ ဂျပန်ယဉ်ကျေးမှုက ဒီနေရာမှာ မွေးဖွားခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ အဲဒိုခေတ်မှာ နောက်တစ်ခေါက် မြေမြှုပ်နှံမှုကို ပြန်သွားခဲ့ခြင်းပါပဲ။
လူဦးရေသိပ်သည်းဆမြင့်မားတဲ့ အဲဒိုမှာ မီးသဂြိုလ်တဲ့အနံ့နဲ့ မီးခိုးငွေ့တွေရဲ့ ဒုက္ခကိုခံစားခဲ့ရပုံပါပဲ။ အုတ်ဂူရဲ့တည်နေရာကို ညွှန်ပြရန်အတွက် ဒိုးမန်းဂျူး လို့ခေါ်တဲ့ မြေပုံကြီးတွေကို ပြုလုပ်လာခဲ့ကြပါတယ်။
ဆာမူရိုင်းတွေရဲ့ သင်္ချိုင်းဂူတွေကို အိတတိုးဘ (စာရေးထားသည့်ပျဥ်ပြား)နဲ့၊ ဆဲခိတိုးဘ (စာရေးထားသည့်ကျောက်ပြားပြား)တွေနဲ့တည်ဆောက်ကြပြီး၊
ဒါကလည်း သာမန်လူများထံ ရောက်လာကာ ဆိုတိုဘ နဲ့ ကျောက်သင်္ချိုင်းဂူ ပုံသဏ္ဍာန်တွေ ဖြစ်လာတာပါ။
ဒါကြောင့် လက်ရှိသင်္ချိုင်းပုံသဏ္ဍာန်ဟာ အဲဒိုခေတ်မှာ တည်ဆောက်ခဲ့တယ်ဆိုပြီး ဖြစ်လာပါတယ်။
မဲဂျိခေတ်မှာတော့ မြို့ပြတွေမှာ မြေဈေးတွေမြင့်တက်လာတာကြောင့် မီးသဂြိုလ်ခြင်းက သာမာန်ပြန်ဖြစ်လာပါတယ်။ ဘာသာတရားနဲ့ မသက်ဆိုင်သော်လည်း cemetery သုသာန်ပုံစံ ကိုလည်း ဖန်တီးလာခဲ့ကြပါတယ်။
ယနေ့ခေတ်မှာတော့ ဂျပန်ရိုးရာသင်္ချိုင်းများသာမက အလျားလိုက်အုတ်ဂူတွေဟာလည်း လုပ်ထုံးပုံစံတစ်ခုလိုဖြစ်လာပါတယ်။
ကျွန်တော့အဖွားကလည်း တိုင်းရှိုးခေတ်မှာ မွေးဖွားခဲ့သော်လည်း၊ သူမကိုယ်တိုင် သင်္ချိုင်းနဲ့ အုတ်ဂူပုံတွေကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခဲ့တာကတော့ အလျားလိုက် အနောက်တိုင်းစတိုင်ပါ။ အနောက်တိုင်းကို အလွန်ချစ်မြတ်နိုးတဲ့ အဖွားပါပဲ။
ယနေ့ခေတ်မှာတော့ မြို့ပြအသွင်ကူးပြောင်းမှု တိုးတက်လာသည်နှင့်အမျှ မြို့ပြဒေသများရှိ မြေဈေးများ မြင့်တက်လာကာ၊ Nuclear family တွေကြောင့် သင်္ချိုင်းအရေအတွက် သိသိသာသာ တိုးမြင့်လာပြီး၊ သင်္ချိုင်းမြေကို ဝယ်မယ်ဆိုရင် ယန်း သိန်း၃၀ ခန့်က ပုံမှန်ဈေးဆိုပြီးတော့ ဖြစ်လာပါတော့တယ်။
ဂျပန်ဟာ စိတ်အေးချမ်းသာစွာနဲ့ သေဖို့တောင်ပူပန်နေရတဲ့နိုင်ငံဖြစ်လာသော်လည်း၊ ရွေးချယ်မှုအသစ်တစ်ခုအဖြစ် အရိုးအိုးပုံစံ (နိုးခို့ဆုဒိုး) ဆိုပြီး စတိုင်တစ်မျိုးပေါ်လာပြန်ပါတယ်။
သာမာန် အရိုးအိုးတွေကတော့ ဒီလို လော့ကာပုံစံဖြစ်ပါတယ်။
မိသားစုတစ်စုအတွက် အခန်းတစ်ခုကို ဝယ်ယူရတဲ့ပုံစံဖြစ်ပါတယ်။
ဒါက နောက်ထပ်ဖြစ်လာတဲ့ အလိုအလျောက် သယ်ယူပို့ဆောင်ရေး အမျိုးအစားလို့ ခေါ်တဲ့အရာပါ။
မိသားစုဝင်တစ်ဦးစီအတွက် ထုတ်ပေးထားတဲ့ အထူးကတ်ကို ပိုင်ဆိုင်ထားရင်၊ သိမ်းဆည်းထားတဲ့ အရိုးများပါရှိတဲ့ သေတ္တာကို ဓာတ်လှေကားက သယ်ဆောင်လာပေးမှာဖြစ်ပြီး ကိုယ့်ရှေ့ကို ထွက်လာမှာပါ။
စာရင်းသွင်းပေးထားရင် သေဆုံးသွားသူ အသက်ရှင်စဥ်ဓာတ်ပုံတွေနဲ့ သူနှစ်သက်တဲ့သီချင်းတွေကိုပါ ဖွင့်ပေးဖို့ ယန္တရားပါ တပ်ဆင်ထားပေးပါတယ်။
အပြင်သင်္ချိုင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သန့်ရှင်းရေးလုပ်ဖို့ မလိုအပ်ဘဲ အခန်းတွင်း လေအေးပေးစက် အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ချိုင်းကို သွားရောက်လည်ပတ်နိုင်တယ်ဆိုတာကလည်း ကျေးဇူးတင်စရာကောင်းတဲ့ အခြေအနေလေးပါပဲ။
ဒီအမျိုးအစားဟာ ယန်း ၆ သိန်းကနေ ၁၀သန်းလောက် ကုန်ကျမှာဖြစ်ပြီး၊ ဘူတာရုံအနီးမှာရှိနေတယ်ဆိုတာကလည်း စျေးသက်သက်သာသာနဲ့ အဆင်ပြေပါတယ်။
လူတွေရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ သင်္ချိုင်းဂူဟာ အနာဂတ်မှာလည်း သိသိသာသာ ပြောင်းလဲလာမယ်လို့ ထင်ရပါတယ်။
Abe Kengo