ဟင်? ဒီလိုတောရွာမှာလည်း ဒီလောက်ကောင်းမွန်တာလား? ဂျပန်တစ်နိုင်ငံလုံးမှာ လမ်းမတွေပြည့်နှက်နေတာ ဆာမူရိုင်းတွေရဲ့ ကျေးဇူးကြောင့်လား?
နိုင်ငံအမျိုးမျိုးမှာ ကားစီးပြီးသွားဖူးပေမယ့်၊ နယ်ဘက်တွေအထိပါ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ဂျပန်နိုင်ငံအကြောင်းတွေးမိတိုင်း လန့်လောက်အောင်အံ့ဩမိပြန်ပါတယ်။
အမြန်လမ်းနဲ့ အဝေးပြေးလမ်းမတွေပါ သေသေချာချာဆောက်လုပ်ထားပြီး အရမ်းကိုအဆင်ပြေပါတယ်။
အခုခေတ်နည်းပညာတွေနဲ့ အစိုးရကောင်းမှုကြောင့်လည်း ပါပေမယ့်၊ မူလကတော့ ဆာမူရိုင်းခေတ်က Sankin-koutai ဆိုတဲ့စနစ်ကြောင့်ဖြစ်ပါတယ်။
https://intojapanwaraku.com/culture/107225/
Sankin-koutai ဆိုတာက ဆာမူရိုင်းတွေရှိခဲ့တဲ့ နောက်ဆုံးခေတ်၊ အဲဒိုခေတ်မှာ ချမှတ်ခဲ့တဲ့ စည်းမျဥ်းတစ်ခုပါ။
တစ်ခွန်းတည်းပြောရရင် “နယ်ဘက်ကဆာမူရိုင်းတွေကို ရက်ရက်စက်စက် သုံးဖြုန်းစေဖို့ချခဲ့တဲ့ စည်းမျဥ်း”ပါ။
အဲဒိုခေတ်မရောက်ခင်မှာ ဂျပန်တစ်နိုင်ငံလုံးမှာ အခုခေတ်လိုမျိုး စီရင်စု လိုမျိုးပုံစံနဲ့ တစ်နယ်ချင်းစီက နိုင်ငံလိုဖြစ်တည်နေတာပါ။
အကုန်လုံးကို ပြန်အုပ်ချုပ်တာက ဧကရာဇ်ဖြစ်ပြီး၊ ဂျပန်နိုင်ငံဆိုပြီးဖြစ်နေတာပါ။
ဒီလို စီရင်စုအဆင့်ရှိတဲ့ ဟန်း ဆိုတဲ့နေရာကို အပိုင်စားရတာက ဆာမူရိုင်းတွေရဲ့ ထိပ်ပိုင်းအရာရှိ ဒိုင်းမျိုး လို့ခေါ်သူတွေပါ။
ဒီလိုဖြစ်လာတာကတော့ တိုခုဂဝ အိအဲယဆု ဖန်တီးခဲ့တဲ့ အဲဒိုဘခုဟု (အဲဒိုအုပ်ချုပ်သူ) ဆိုတဲ့စနစ်ကြောင့်ပါ
ဒီဖွဲ့စည်းပုံမှာ နယ်အသီးသီးက ဟန်း တွေက အရမ်းချမ်းသာသွားရင် ပြန်အာခံလာနိုင်တယ်လေ။
အဲ့ဒီလိုလုံးဝအဖြစ်မခံနိုင်ဘူးဆိုတဲ့အတွေးဝင်လာပါတယ်။
ငွေတွေစုမိပြီဆိုတာနဲ့ အာဏာရလာပြီး ပြန်အာခံဖို့က သေချာနေပါတယ်။
ဒီမှာစဥ်းစားလိုက်တာက Sankin-koutai ဆိုတဲ့စနစ်ပါပဲ
တစ်နိုင်ငံလုံးမှာ အယောက်၂၅၀ ကျော်ရှိခဲ့တဲ့ ဒိုင်းမျိုးအိမ်တွေကို၊ ၂နှစ်မှာတစ်ခေါက် အဲဒို ကိုလာရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။
ပြီးရင် အဲဒိုမှာတစ်နှစ်နေပြီး ကိုယ့်နယ်ကိုပြန်ရပါတယ်။
အဲဒိုမှာတစ်နှစ်၊ မွေးရပ်မြေမှာတစ်နှစ် အပြန်ပြန်နေရတော့ ဒိုင်းမျိုး တွေအတွက်ကတော့ တစ်ယောက်တည်းနေဆိုပြီး ကန့်သတ်ခံလိုက်ရတာပါပဲ။
ဒါကဘာလို့ နယ်တွေဘက်ကို အာဏာသက်ရောက်မှုတွေကို လျော့အောင်လုပ်သလိုဖြစ်လဲလို့ပြောရရင်၊ ဒိုင်းမျိုးတွေကို လူအထင်ကြီးအောင် လုပ်စေခဲ့လို့ပါပဲ။
“ဟင်? ဒိုင်းမျိုး ဖြစ်နေပြီး ဒီလိုခြောက်ကပ်ကပ် အဖွဲ့လေးနဲ့ အဲဒိုကို သွားရတာပေါ့? မရှက်ဘူးလား?”
ဆိုတဲ့ပုံစံမျိုးဖြစ်အောင် ဝိုင်းပြောကြပြီး၊ လူတွေအများကြီးနဲ့ လှလှပပ အဆင့်မြင့်မြင့် မသွားရင် ရှက်ဖွယ်ပဲလို့ ပြောစမှတ်တွင်အောင် လုပ်ခဲ့ကြပါတယ်။
ရလဒ်အနေနဲ့
ဒီလိုလူတန်းအရှည်ကြီးနဲ့ ပြောင်းရွှေ့တာထုံးစံဖြစ်သွားပါတော့တယ်။
ဘယ်လောက်ကုန်ကျသလဲဆိုတော့ အကွာအဝေးကိုလိုက်ပြီး ကွာပေမယ့်၊ ခဂဟန်း ဆိုတဲ့ အင်အားကြီး နယ်ကအိမ်တစ်အိမ်ကို ဥပမာပြပါမယ်။
သူတို့နေတာက အခုခေတ်အခေါ် အိရှိခဝ စီရင်စုမှာပါ။
လမ်းမှာကြာမယ့်ရက်က ၁၂ရက်ကနေ ၁၃ရက်ဆိုရင် ၂သန်းနဲ့ သိန်း၄၀၀လောက်ကုန်မှာပါ
လူက နည်းမယ်ဆိုရင်ကို ၂၀၀၀ လောက်ရှိပါတယ်
လူ၂၀၀၀ ဆိုတာ မြို့ငယ်တစ်ခုစာလောက်ကို ရှိပါတယ်
ဒီလူတွေအကုန်လုံးနဲ့ ပြောင်းရွှေ့လာတဲ့အဆင့်ဖြစ်ပါတယ်
ဒီလောက်လူအများကြီးက ပြောင်းလာပြီး အဲဒိုမှာလာနေတယ်
ဒီလိုမျိုး ဂျပန်နိုင်ငံဒေသအသီးသီးကနေ အုပ်စုလိုက်တွေရောက်လာမှတော့ အဲဒိုမြို့ကြီး တိုးတက်တာအဆန်းမဟုတ်တော့ပါဘူး
အခုခေတ်တိုကျိုလိုမျိုး ဖြစ်ခဲ့တာကတော့ အံ့ဩစရာမရှိပါဘူး
ပြီးတော့ ပြောချင်တဲ့ လမ်းမတွေရဲ့အကြောင်းရောက်လာပါပြီ
အရင်ကတော့ ကုန်သည်တွေလောက်ပဲ ဖြတ်သန်းသွားလာခဲ့ပေမယ့်၊ ဒီလောက်လူတန်းရှည်ကြီး ဖြတ်သွားရလောက်အောင် ဖြစ်လာခဲ့ပါပြီ
လမ်းတွေကို ပြုပြင်ကြတယ်၊ ပြီးတော့လမ်းတစ်လျှောက်မှာ မြို့တွေတည်ကြပြီး ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်လာကြတာကတော့ ထုံးစံပါပဲ
လမ်းမအကြီးကြီးတွေ ဂျပန်တစ်နိုင်ငံလုံးမှာ ဆောက်လုပ်ကြပြီး၊ ဒါတွေကို အခြေခံပြီးဆောက်လုပ်ထားတာက အခုခေတ် ဂျပန်ရဲ့ လမ်းမတွေလို့တွေးကြည့်ရင်တော့၊ အဲဒိုမြို့ကြီးရဲ့ ခမ်းနားမှုကိုမြင်ရမှာပါ
Sankin-koutai နဲ့ နယ်တွေဘက်က ကြွယ်ဝမှုတွေကို ဖျက်စီးပြီး ခံနိုင်ရည်အားမဲ့အောင် လုပ်တဲ့ဗျူဟာက၊ ရလဒ်အနေနဲ့ လမ်းမတွေတည်ဆောက်ဖို့နဲ့ အဲဒိုမြို့ကြီး တိုးတက်ဖို့ အကူအညီပေးရာရောက်သွားပါတော့တယ်
ဒါပေမယ့် မသွားချင်ဘဲ အလှည့်ကျအခေါ်ခံရတဲ့အပြင် ငွေတွေအများကြီး သုံးရတဲ့ ဒိုင်းမျိုး တွေကတော့ တော်တော်လေး ပင်ပန်းခက်ခဲခဲ့ကြမှာပဲနော်
Kengo Abe