ဂျပန်လူမျိုးနှင့် ဘာသာရေး၊ တခြားဘာသာတွေကိုတော့ လက်ခံပေးပြီး ဘာကြောင့် ခရစ်ယာန်ဘာသာကို ဖိနှိပ်ခဲ့တာလဲ?

“မင်းဘယ်ဘာသာကို ကိုးကွယ်တာလဲ?”လို့မေးရင် ပြန်ဖြေဖို့ခက်နေတတ်တဲ့ ဂျပန်လူမျိုးတွေ အများကြီးရှိပါတယ်။

အပတ်တိုင်းလည်း ချတ်ကျောင်းသွားတာမျိုးလည်းမရှိ၊ ဗုဒ္ဓအဆုံးအမတွေကိုလည်း အသံထွက်မဖတ်နိုင်ပြန်ပါဘူး။

ဒီလိုဆိုတော့ “ဘာသာမဲ့” လားလို့ပြောပြန်ရင်လည်း ဒီလိုလည်းမဟုတ်ပါဘူး။

ရှင်းတိုး ကလည်း ဂျပန်တွေရဲ့ နေ့စဥ်ဘဝနေထိုင်မှု၊ ပညာရေးတွေထဲမှာ စိမ့်ဝင်နေပြီးဖြစ်ပေမယ့်၊ ဒါကလည်း နားလည်ရခက်လောက်အောင် ကျမ်းဂန်တွေမရှိတာက ထူးခြားနေတာပါ။

ရှင်းတိုးမှာ နတ်ဘုရားများစွာကိုကိုးကွယ်ကြပြီး၊ နတ်ဘုရားတွေလည်း များစွာရှိနေတယ်လို့ ယုံကြည်ကြတာကြောင့်၊ တခြားဘာသာရေးတွေကို လက်ခံနိုင်ခဲ့ပုံပါပဲ။

ဒါကြောင့်လည်း ဗုဒ္ဓဘာသာက ပြဿနာမရှိဝင်ရောက်လာနိုင်တာပါ။

 

နတ်တစ်ပါးတည်းဆိုရင် နတ်ဘုရားကလည်း ကိုယ်ယုံကြည်တဲ့ နတ်ဘုရားတစ်ပါးတည်းရှိနေလို့ တခြားဘာသာတရားတွေကို လက်ခံဖို့ခဲယဥ်းတယ်လို့ ရှိပေမယ့်၊ ဂျပန်မှာကတော့ ဘာနေနေ OK ပါပဲ။

အော်၊ ဒီလိုနတ်တွေလည်းရှိတာလား လောက်သာတွေးပြီး၊ ခရစ်စမတ်ရော ဗယ်လင်တိုင်း ရော ပျော်ကြပါတယ်။

 

ဒီလိုဂျပန်နိုင်ငံက ဘာကြောင့်မှန်းမသိ ခရစ်ယာန်ဘာသာကို လက်ခံဖို့ခဲယဥ်းပြီး၊ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ဖူးတာ သိကြပါသလား?

ခရစ်ယာန်ဘာသာဝင်တွေကိုဖမ်းပြီး၊ သတ်တာမျိုးအထိပါလုပ်ကာ ဖိနှိပ်ခဲ့တာပါ။

အဲ့ဒါကို ဆန့်ကျင်ဆန္ဒပြတာတွေဖြစ်လာတော့ အကုန်သတ်ပစ်ပြန်ပါတယ်။

 

ဗုဒ္ဓဘာသာကိုကျတော့ လွယ်လွယ်လေးလက်ခံလိုက်တဲ့နိုင်ငံက ဘာကြောင့် ခရစ်ယာန်ဘာသာကို ဒီလောက်အထိငြင်းပယ်ခဲ့တာလဲဆိုတာ ပုံဖော်ကြည့်နိုင်ကြပါသလား?

 

ဒါကတော့ ခရစ်ယာန်ဘာသာနဲ့ ကိုလိုနီအုပ်ချုပ်မှုတို့ရဲ့ ဆက်စပ်မှုကို ကြောက်ခဲ့လို့ပါပဲ။

၁၆ရာစုလောက်မှာ အနောက်နိုင်ငံတွေက တစ်ကမ္ဘာလုံးကို ကိုလိုနီနယ်ချဲ့ပြီး အုပ်ချုပ်ခဲ့ကြပါတယ်။

သူတို့တွေအသုံးပြုခဲ့တာက သေနတ်နဲ့ ခရစ်ယာန်ဘာသာ ကိုပါ။

သေနတ်နဲ့လည်းခြိမ်းခြောက်နေပြီး၊ တစ်ချိန်တည်းမှာပဲ ခရစ်ယာန်ဘာသာ ဝါဒဖြန့်ပြီး တစ်နိုင်ငံလုံးကို ခွဲခြမ်းခဲ့လို့ပါပဲ။

 

ဂျပန်နိုင်ငံက ခရစ်ယာန်ဘာသာ ကိုငြင်းဆန်ခဲ့တာမဟုတ်ပေမယ့်၊

ခရစ်ယာန်ဘာသာကို သုံးပြီး ကိုလိုနီနယ်ချဲ့တာကို ငြင်းဆန်ခဲ့တာပါ။

 

အနောက်နိုင်ငံတွေ ဂျပန်ကိုရောက်လာတာနောက်ကျသွားလို့၊ ဂျပန်ကလည်း တခြားနိုင်ငံတွေရဲ့ သမိုင်းကနေ သင်ယူနိုင်ခဲ့ပုံပါပဲ။

ဒီကိုလိုနီအုပ်ချုပ်မှုကို ကြောက်ရတဲ့ခေတ်ကုန်သွားတဲ့နောက်မှာ‌တော့၊ ဂျပန်မှာလည်း ခရစ်ယာန်ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်လာနိုင်ပါတော့တယ်။

 

ထိခိုက်သေဆုံးသူအများကြီးရှိခဲ့တဲ့ ခရစ်ယာန်ဘာသာ ဖိနှိပ်မှုပါပဲ

ဒီကျေးဇူးကြောင့်ပဲ ဂျပန်ကကိုလိုနီလက်အောက်မကျခဲ့ပဲ လွတ်လပ်တဲ့နိုင်ငံဖြစ်ခဲ့တာလားဆိုတာကတော့ မှန်သလားမှားသလား အခုထိနားမလည်နိုင်ပါဘူး။

သေဆုံးသူများရဲ့ ဝိညာဉ်များအတွက် ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးယုံမှအပပါပဲ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: