ဟင်!? ဂျပန်က ကမ္ဘာ့နံပါတ် ၁? ဂျပန်တွေဂုဏ်ယူကြတဲ့ ကမ္ဘာ့နံပါတ် ၁ အရာ ၁၀ခု

ဂျပန်နိုင်ငံကို စိတ်ဝင်စားသူအားလုံးပဲ မင်္ဂလာပါ။

အချိန်အတန်ကြာ စီးပွားရေးစုတ်ယုတ်လာနေပြီဖြစ်တဲ့ ဂျပန်မှာ လူတွေကလည်း တက်တက်ကြွကြွမရှိကြတော့ပါဘူး။ စီးပွားရေးနယ်ပယ်အရလည်း တရုတ်ကိုရှုံးနိမ့်နေပြီး၊ တခြားနိုင်ငံတွေကိုလည်း ရှုံးမလိုဖြစ်နေပြန်ပါတယ်။

သို့သော် အကြောင်းပြချက်အမျိုးမျိုးနဲ့ ကမ္ဘာ့နံပါတ် ၁ လို့ဂျပန်တွေဂုဏ်ယူရတဲ့ အရာတွေလည်း ရှိနေပြန်ပါတယ်။

ဂျပန်တွေဂုဏ်ယူကြတဲ့ ကမ္ဘာ့နံပါတ် ၁ အရာ ၁၀ခုကို ကြည့်ကြည့်ရအောင်!

 

1 သမိုင်းဝင် လုပ်ငန်းအရေအတွက်မှာ ကမ္ဘာ့နံပါတ် ၁

အချိန်အကြာကြီး ရပ်တည်လာတဲ့ ဂျပန်လုပ်ငန်းတွေ များစွာရှိပါတယ်

စတင်တည်ထောင်ချိန်ကနေ နှစ်၁၀၀တိုင် ဆက်လက်တည်ရှိနေတဲ့ လုပ်ငန်းပေါင်း ၃သောင်းကျော်

ဒုတိယနေရာမှာရှိနေတဲ့ အမေရိကန်က ၂သောင်းတောင်မပြည့်ပါဘူး

ဆိုတော့ ဂျပန်လုပ်ငန်း ဘယ်လောက်များများက သက်တမ်းရှည်ကြာ ရပ်တည်နေလဲဆိုတာ သိနိုင်ကြမှာပါ။

စကားမစပ် ကမ္ဘာ့သက်တမ်းအကြာဆုံး လုပ်ငန်းရှိနေတာကလည်း ဂျပန်ပါပဲ။

၅၇၈နှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

 

2 နိုင်ငံတော်သီချင်းက ကမ္ဘာ့နံပါတ် ၁

ဘာကြောင့် ကမ္ဘာ့နံပါတ် ၁ ဖြစ်နေရလဲဆိုတော့ ရိုးရှင်းပါတယ်

နိုင်ငံတော်သီချင်းရဲ့ တိုတောင်းမှုကြောင့်ပါ

အိုလံပစ်တို့ ဘောလုံးပွဲတို့မှာ နိုင်ငံအသီးသီးက ထုတ်လွှင့်သီဆိုတဲ့အချိန်ဟာ ပုံမှန်အားဖြင့် တစ်ပိုင်းလောက်ကိုပဲဖြတ်ထားကြတာဖြစ်ပေမယ့်၊ ဂျပန်ကတော့ တစ်ပုဒ်လုံးပါ။

အားလုံးလည်း နားထောင်ဖူးကြမယ်ထင်ပါတယ်၊ ဟုတ်ပါတယ် အဲ့တာအကုန်ပါပဲ။

သီချင်းစာသားပါဝင်တဲ့ နိုင်ငံတော်သီချင်းတွေကို ချရေးကြည့်လိုက်ရင် ဂျပန်နိုင်ငံသီချင်းက အတိုဆုံးဖြစ်လို့ပါ

သို့သော် ဒါက နိုင်ငံတော်သီချင်းမှာ သီချင်းစာသားပါဝင်တဲ့ နိုင်ငံတွေပဲ ထည့်တွက်ထားတာပါ။ သီချင်းစာသား မပါတဲ့ နိုင်ငံတွေလည်း ရှိပုံပါပဲ။

 

3 ကြယ်အရေအတွက်က ကမ္ဘာ့နံပါတ် ၁ ဖြစ်နေတဲ့ မြို့ရှိနေခြင်း

အဲ့ဒီမြို့ကတော့ တိုကျိုမြို့ပါ

ညကောင်းကင်ယံမှာ တောက်ပနေတဲ့ ကြယ်အရေအတွက် မဟုတ်ပါဘူး

Michelin ရဲ့ စားသောက်ဆိုင်လမ်းညွှန်မှာ မိတ်ဆက်ပေးထားတဲ့ star rating စားသောက်ဆိုင်အရေအတွက်က ကမ္ဘာ့နံပါတ် ၁ ဖြစ်နေတာပါ။

ဒါပေမယ့် ထင်ထားတာနဲ့ တက်တက်ဆင်လွဲတတ်တဲ့ ဆိုင်တွေလည်းရှိလို့ သတိပြုပါနော်

 

4 ကားအရောင်းရဆုံး ကမ္ဘာ့နံပါတ် ၁

၂၀၂၀ခုနှစ်ရဲ့ ကားအရောင်းစံချိန်ကတော့ တိုယိုတာက ကမ္ဘာမှာ အစီးရေ ၉၅၂၀၀၀ နဲ့ No.1 ချိတ်ပါတယ်။

ဒုတိယက Volkswagen

တတိယက Renault–Nissan–Mitsubishi Alliance ဖြစ်ပါတယ်

 

5 ကလေးသူငယ် ဘေးကင်းလုံခြုံမှုမှာ ကမ္ဘာ့နံပါတ် ၁

လုံခြုံမှုရှိတဲ့နိုင်ငံဆိုတဲ့ ဒဏ္ဍာရီကို ပြိုလဲလုနီးနီးဖြစ်စေတဲ့ အမှုအခင်းတွေ များလာတဲ့ဂျပန်မှာတော့ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုမှာ ကမ္ဘာ့နံပါတ် ၁ ဖြစ်နေဆဲပါပဲ

UNICEF ဒေတာအရ မွေးကင်းစကလေး အသက်ဆုံးရှုံးမှု ရာနှုန်းကလည်း ကမ္ဘာမှာ အနိမ့်ဆုံးဖြစ်ပြီး၊ ၁၁၁၁ မှာ ၁ယောက် သာလျှင် ဖြစ်ပါတယ်

ဒုတိယကတော့ အိုက်စလန် ဖြစ်ပြီး ၁၀၀၀မှာ ၁ယောက် သာလျှင်ဖြစ်လို့ 10% ကျော်ကွာခြားပါတယ်

ဆန့်ကျင်ဘက်အနေတဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးကတော့ ပါကစ်စတန်ဖြစ်ပြီး ၂၂ယောက်မှာ ၁ယောက်သာ ဆိုတဲ့ဒေတာရှိနေပါတယ်

 

6 ဆေးရုံကုတင်အရေအတွက်မှာ ကမ္ဘာ့နံပါတ် ၁

လူဦးရေအလိုက် ဆေးရုံကုတင်အရေအတွက်က No.1 ဖြစ်နေပုံပါပဲ

လူဦးရေ အယောက်၁၀၀၀မှာ ကုတင် ၁၃.၀ လုံး သာထားရှိထားတာကြောင့် No.1 ဖြစ်နေတာပါ

ဒုတိယကတော့ ဂျာမဏီဖြစ်ပြီး ကုတင် ၈လုံးပါ

ဆေးရုံအရေအတွက်ကလည်း ၈၄၀၀ရှိပြီး No.1 ပါ။ ဒုတိယက ဆေးရုံ ၃၀၀၀ ရှိတဲ့ အမေရိကန်ဖြစ်ပြီး ယှဥ်ကြည့်ရရင် နိုင်ငံကျဥ်းကျဥ်းလေးမှာ ဆေးရုံတွေဘယ်လောက်တောင်ရှိနေတာလဲ? ဆိုပြီး နားလည်လို့ရမယ်ထင်ပါတယ်

 

7 ပတ်စပို့ရဲ့ အဆင်ပြေမှုမှာ ကမ္ဘာ့နံပါတ် ၁

ဒါကတော့ အရင်က JAPO မှာလည်းရေးဖူးတာကြောင့် သိပြီးသားသူတွေ များမယ်ထင်ပါတယ်

VISA မပါပဲသွားလို့ရတဲ့နိုင်ငံက ၁၉၃နိုင်ငံရှိပြီး ကမ္ဘာ့နံပါတ် ၁ ပါ

 

8 ဘူတာအသုံးပြုသူအရေအတွက်မှာ ကမ္ဘာ့နံပါတ် ၁

တိုကျိုကတော့ ရထားလိုင်းတွေ အံ့ဩဖွယ်ကောင်းလောက်အောင် ပြည့်စုံနေတဲ့ နေရာပါပဲ

တိုကျိုရဲ့ အလယ်ဗဟိုမှာရှိနေတဲ့ ရှင်းဂျုခု ဘူတာကတော့ ၁ရက်မှာ လူအရေအတွက် ၃၅၉၀၀၀ တောင်အသုံးပြုနေပြီး၊ ဂင်းနစ်စံချိန်တင်ရလောက်အောင်ပါပဲ

 

9 ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ဘုရင့်မျိုးဆက်

ဂျပန်ဘုရင့်မိသားစုဖြစ်တဲ့ ဧကရာဇ်မိသားစုမျိုးဆက်ဟာ BC 660 နှစ်ကတည်းက ဆက်လာခဲ့တာပါ

အရမ်းကိုရှည်ကြာနေပြီဖြစ်တာကြောင့် သမိုင်းတွေကလည်း မသေချာမရေရာဖြစ်နေပေမယ့် သမိုင်းမှတ်တမ်း သေသေချာချာ ချန်ထားခဲ့တာကတော့ ၆ရာစုနောက်ပိုင်းမှသာ ဖြစ်ပါတယ်

၁ခုတည်းသော နိုင်ငံနံမည်ကို တောက်လျှောက်ထိန်းသိမ်းလာခဲ့တဲ့ မင်းဆက်အနေနဲ့ ကမ္ဘာ့နံပါတ် ၁ ပါပဲ

 

10 ဥရောပနိုင်ငံတွေက ကြိုဆိုမှုအများဆုံး ခရီးသွားသူများ

ခရီးသွားဝက်ဘ်ဆိုဒ်ရဲ့ Expedia ကိုလေ့လာကြည့်တဲ့ရလဒ်အရ၊ ဥရောပနိုင်ငံတွေရဲ့ ဟိုတယ် ၁၅၀၀၀ ကျော်ကို စစ်တမ်းကောက်ကြည့်တဲ့အခါ အများဆုံးကြိုဆိုလိုတဲ့ နိုင်ငံအဖြစ် ရွေးချယ်ခံရပါတယ်

ကျင့်ဝတ်ရှိမှု၊ ယဉ်ကျေးမှု၊ ဆူညံသံမရှိခြင်း၊ အခန်းကို မညစ်ညမ်းစေခြင်း

စတဲ့ ပုံရိပ်တွေရှိနေလို့ပါပဲ

ခရီးသွားခဲ့တဲ့ ကိုယ်တိုင်သာမကဘဲ၊ နောက်ပိုင်းမှာရောက်လာမယ့် ကိုယ့်နိုင်ငံသားတွေအတွက်လည်း ဝမ်းသာဖွယ်ကောင်းတဲ့ ခွဲခြားထားမှုလေးဖြစ်လို့ အရေးကြီးပါတယ်နော်

 

အားလုံးသိနေကြတဲ့ အရာတွေနဲ့ ထင်မထားတဲ့အရာတွေပါ ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ No.1 တွေ။

ဘယ်လိုလဲ စိတ်ဝင်စားဖို့ကောင်းရဲ့လား?

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: