လိင်ဆန္ဒပြင်းပြလွန်းတဲ့ ဧကရာဇ်တစ်ပါး? ထိုဧကရာဇ်၏နန်းကျခြင်းနှင့်နောက်ဆက်တွဲ

မျက်မှောက်ခေတ်ဂျပန်ရဲ့ပြယုဂ်တစ်ခုဖြစ်တဲ့ ဧကရာဇ်ဘုရင်မင်းမြတ်
စစ်ပွဲပြီးဆုံးပြီးဒီအနေအထားကိုရောက်လာခဲ့ပေမဲ့၊ ထိုအချိန်အထိကတော့ “ အရိဟိတို ဂမိ” လို့ခေါ်တဲ့၊
မျက်မှောက်ခေတ်မှာထင်ရှားတဲ့ နတ်ဘုရားတစ်ပါးဆိုပြီးဖြစ်လာခဲ့ပါတယ်.
ဂျပန်ဒဏ္ဍာရီလာနတ်ဘုရားတွေကို ယနေ့အထိဘိုးဘေးဘီဘင်တွေပြောလေ့ရှိတဲ့ ဧကရာဇ်မိသားစုဟာ ထူးခြားတဲ့တည်ရှိမှုတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ထိုအထဲမှာတော့ ဘယ်လို့မှလက်မခံနိုင်လောက်တဲ့အရာကိုလုပ်ခဲ့တဲ့သူရှိခဲ့ပါတယ်။
အဲ့ဒါကတော့ ဟောဒီဧကရာဇ်ဘုရင်မင်းမြတ်ပဲဖြစ်ပါတယ်။

https://mag.japaaan.com/

“ ဧကရာဇ်ကာဇန်” ဆိုသူဖြစ်ပြီး၊ တော်တော်များများဂျပန်လူမျိုးတွေတောင် ဒီနာမည်ကိုကြားဖူးကြမှာမဟုတ်ပါဘူး။
အုပ်စိုးခဲ့တဲ့ ၂ နှစ်၊ အချိန်ကာလအားဖြင့်တိုတောင်းသော်လည်း၊ တော်တော်လေးကိုဆိုးရွားတဲ့အခြေအနေဖြင့်၊ မျိုးဆက်သစ်တွေကိုတောင်
လက်ဆင့်ကမ်းမပြောပြချင်လောက်တဲ့အရာကိုလုပ်ဆောင်ခဲ့ပါတယ်…

သူဟာ ၉၈၄ ခုနှစ်မှာ အသက် ၁၆ နှစ်နဲ့ ၆၅ ဆက်မြောက်ဧကရာဇ်အဖြစ် နန်းတက်လာခဲ့ပါတယ်။
ထိုနန်းတက်ပွဲနေ့မှာတင် ချက်ချင်းဗီဇပြပါတော့တယ်။

ဧကရာဇ်ဘုရင်မင်းမြတ်နဲ့ ၎င်းရဲ့အမျိုးသမီးဖြစ်သူ ဧကရာဇ်မိဖုရားတို့ ၂ ဦးကလွဲပြီးထိုင်ခွင့်မရှိတဲ့အထူးသီးသန့်ထိုင်ခုံမှာ၊ တရားရုံးတော်ဂုဏ်သရေရှိအမျိုးသမီးကို
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်လိုက်ပါတယ်။
အခမ်းအနားမှာ “ သရဖူကလေးလိုက်တာ” ဆိုတာမျိုးညည်းညူးပြီး၊ ပတ်ဝန်းကျင်ကဝန်ကြီးတွေကိုအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။
နတ်ဘုရားတဲ့၊ လိင်အလိုဆန္ဒတို့ရဲ့နတ်ဘုရားများလား? ဒီပုဂ္ဂိုလ်က

ဒီအပြင် မိခင်ဖြစ်သူရဲ့ ညီမကိုကိုယ်ဝန်ရစေပြီး၊ သူမရဲ့ကလေးကိုပါ ထပ်မံကိုယ်ဝန်ရစေတဲ့ ဆိုးရွားလွန်းတဲ့ဘုရင်ဖြစ်ပါတယ်။
သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတွေတော့ လွတ်မယ်မထင်ပါဘူး။

ထင်တဲ့အတိုင်းပဲပတ်ဝန်းကျင်ကလည်းစိတ်အနှောင့်အယှက်ဖြစ်လာပြီး၊ ဘယ်သူကမှသူ့ကိုမကာကွယ်ချင်တော့ဘဲ၊ အသက်ကိုပစ်မှတ်ထားခံရလာပါတယ်။
ဒီအပြင် သူ့ရဲ့ တရားဝင်အမျိုးသမီးဟာ ကလေးမီးဖွားချိန်မှာ၊ မိခင်ရောကလေးကိုပါဆုံးရှုံးလိုက်ရတာကြောင့်၊ အကြီးအကျယ်စိတ်ဓါတ်ကျသွားခဲ့ပါတယ်။

သို့သော်၊ တော်လောက်ပြီး…ဆိုတဲ့အကြောင်းကြောင့်နဲ့ အင်အားအလုံးအရင်းဖြင့် ထိုဧကရာဇ်ကိုနန်းချကာ၊ ဘုန်းကြီးကျောင်းတစ်ခုမှာအကျဥ◌်ချထားလိုက်ပါတော့တယ်။
အတင်းအကြပ်ချုပ်နှောင်ထားတယ်ဆိုတဲ့ သမိုင်းရှိပါတယ်.

ဒါဟာဂျပန်လူမျိုးတွေအတွက် ထပ်ပြီးလက်ဆင့်မကမ်းချင်တဲ့သမိုင်းတစ်ခုဖြစ်ပါတယ်။
သို့သော် ဧကရာဇ်ဆိုတဲ့နေရာမှာရှိခဲ့တဲ့အတွက် အလွယ်တကူပျောက်ဖျက်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ သမိုင်းမှာတော့ ဘယ်သူမှအဲ့ဒီအကြောင်းပြန်မပြောချင်တဲ့အခြေအနေထိဖြစ်သွားပါတယ်။

အမိန့်အာဏာဆုတ်ကိုင်ထားတယ်ဆိုပြီး လုပ်ချင်တာလုပ်လို့မရပါဘူး။
အဲ့ဒါဟာ ဧကရာဇ်ပဲဖြစ်နေပါစေ အားလုံးအတူတူပဲဖြစ်ပါတယ်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: