‌ရောဂါကိုဖယ်ရှားပေးတဲ့ မကောင်းဆိုးဝါးများ !!!!!!

‌ရောဂါကိုဖယ်ရှားပေးတဲ့ မကောင်းဆိုးဝါးအနေနဲ့ Amabier က ၂၀၂၀ ခုနှစ်မှာ ရေပန်းစားခဲ့တာ ယခင် ဆောင်းပါးမှာလည်း ပြောပြခဲ့ပြီးသလို နောက်ထပ်အကြောင်းအရာတွေလည်း ရှိပါသေးတယ်။
ရောဂါကိုဖယ်ရှားပေးတဲ့ မကောင်းဆိုးဝါး သရဲများ
နည်းနည်းရင်ခုန်ဖို့ကောင်းတယ်. သို့သော် သူတို့တွေက ပရလောကမှာ တိုက်ခိုက်ပေးနေကြတယ်?

မကောင်းဆိုးဝါး Amabier


မနှစ်ကအထိ ဂျပန်လူမျိုးအများစုတောင် သိပ်မသိခဲ့ကြတဲ့ မကောင်းဆိုးဝါး Amabier က၊ ၂၀၂၀ ခုနှစ် ကိုရိုနာဂယက်ထမှုမှာတော့ တစ်ဟုန်ထိုးနာမည်ကြီးလာကာ၊ လက်ရှိ Amabier ပုံတွေပါတဲ့ ပစ္စည်းတွေအမြောက်အများ ဂျပန်မှာ ထုတ်လုပ်လာကြပါတယ်။

Amabier ဘယ်လောက်စွမ်းလဲဆိုတာတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ကျေးဇူးတင်ဖို့ကောင်းတာက ဂျပန်မှာ လူသေနှုန်းနည်းပြီး, အပြင်းအထန်ဖျားနာမှုအရေအတွက်လည်း နိမ့်နေပါတယ်။
သို့သော် ‌ရောဂါကိုဖယ်ရှားပေးတယ်လို့ပြောကြတဲ့ မကောင်းဆိုးဝါး သရဲဟာ Amabier တစ်ခုတည်းမကပါဘူးတဲ့…….

နောက်ထပ် မကောင်းဆိုးဝါး သရဲ ၃ ကောင်အကြောင်းကိုပြောပြပေးပါမယ်။

 

海坊主(うみぼうず) Umibozu

https://mag.japaaan.com/archives/123237

ပင်လယ်ထဲမှာ ကျက်စားတဲ့ မကောင်းဆိုးဝါး
ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက်လှိုင်းတွေကြီးလာပြီး ဂတုံးနဲ့တစ်ကိုယ်လုံးအမည်းအတိ၊ မျက်လုံးကလင်းနေတယ်လို့ပြောကြပါတယ်။
ကြုံတွေ့လိုက်ရတဲ့အချိန်မှာ သင်္ဘောကကြိုးပဲ့ပျက်ဆီးသွားကာ နှစ်မြှုပ်သွားရတယ်လို့ပြောကြပြီး၊ သင်္ဘောသားတွေအလွန်ကြောက်ကြတဲ့ သရဲဖြစ်ပါတယ်။
ဒါပေမဲ့ Chiba ခရိုင်ရဲ့တစ်နေရာမှာတော့ ဒီပင်လယ်ထဲကပေါ်လာတဲ့ မကောင်းဆိုးဝါးဂတုံးရဲ့ပုံစံကိုဆွဲပြီး အိမ်အဝင်အဝမှာကပ်ထားမယ်ဆို မကောင်းတဲ့ဖျားနာခြင်းတွေမလာတော့ဘူးလို့ ယုံကြည်နေကြပါတယ်။

ပင်လယ်ရဲ့မကောင်းဆိုးဝါးက မြေကြီးပေါ်ကအိမ်တွေမှာစောက်ရှောက်မယ် ?.. တဲ့
အနည်းငယ်နားလည်ရ ခက်တယ်နော်…

神社姫(じんじゃひめ) Shrine princess

လည်ပင်းကနေအပေါ်က မိန်းမ မကောင်းဆိုးဝါးပုံစံ၊ လည်ပင်းကနေအောက်ဘက်က ငါးပုံသဏ္ဍာန်ရှိတဲ့ သရဲ
ပင်လယ်ရဲ့ဟိုးအနက်ဆုံးမှာရှိတဲ့ ဒဏ္ဍာရီ paradise ၊ 、竜宮城(りゅうぐうじょう)ရဲတိုက်မှာနေထိုင်တယ်လို့ပြောပါတယ်။

နတ်ကွန်းမင်းသမီးဟာ ၁၈၁၉ ခုနှစ်မှာ လက်ရှိ Saga စီရင်စု၊ Nagasaki စီရင်စု ဝန်းကျင်လောက်မှာပေါ်လာပြီး နောက် ၇ နှစ်အတွက် ကောင်းသောစပါးရိတ်ရာကာလနဲ့အတူ အဲ့ဒီနောက်ဖြစ်လာမယ့် ရောဂါတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
ရောဂါကို ကာကွယ်ဖို့အတွက် မိမိရဲ့ပုံစံကိုဆွဲပြီး အဲ့ဒါကိုကြည့်မယ်ဆိုရင် ရောဂါဘေးမှလွတ်ငြိမ်းနိုင်မယ်လို့ ပြောခဲ့ပြီး ပင်လယ်ထဲမှာပဲ ပျောက်သွားတယ်လို့ပြောပါတယ်။
သူပြောတာက Amabier ပြောခဲ့တာနဲ့ အနည်းငယ်တူတယ်နော်…..

 

神虫(しんちゅう) Shinchū

ပေါ်ခဲ့တယ်….. အရမ်းကိုဆိုးသွမ်းတဲ့ မကောင်းဆိုးဝါးပါပဲ…
တစ်မြို့လုံးကိုတိုက်ခိုက်ဖျက်ဆီးကာ လူတွေကိုသတ်ဖြတ်စားသုံးတဲ့ပန်းချီဖြစ်သော်လည်း၊ တကယ်ကအဲ့ဒီလိုမဟုတ်ပါဘူး။

800〜1200 နှစ်ဝန်းကျင်လောက်က ဆွဲထားတဲ့ပုံဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက 疫鬼(えんき)လို့ခေါ်တဲ့ ဖျားနာခြင်းမကောင်းဆိုးဝါးက ရောဂါတွေကိုပျံ့နှံ့စေခဲ့တယ်လို့ပြောပြီး, အဲ့ဒီ 疫鬼 မကောင်းဆိုးဝါးကိုဖမ်းပြီး စားပစ်လိုက်တဲ့ ကြီးမားတဲ့ပိုးကောင်ပုံစံ မကောင်းဆိုးဝါးက 神虫(しんちゅう) ပဲဖြစ်ပါတယ်။

အမြင်နဲ့ပဲ ဆုံးဖြတ်လိုက်မိတယ်။ ဆောရီးပါနော်……

 

မကောင်းဆိုးဝါးဖြစ်တာတောင် ကောင်းတာတွေလုပ်ပေးနေတာလား?
လို့ဆိုတာက နည်းနည်းအထူးအဆန်းကြီးလို့ ထင်နေမလားမသိဘူး၊

ဒါပေမဲ့ မကောင်းဆိုးဝါးတွေနဲ့ နတ်ဘုရားတို့ရဲ့ နယ်နိမိတ်ဟာ တော်တော်လေးဇဝေဇဝါဖြစ်နေရတာက ဂျပန်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရေးအမြင်ပဲဖြစ်ပါတယ်။

八百万の神(やおよろずのかみ) လို့ခေါ်တဲ့စကားလုံးမှာ 八百万 ဆိုတာက ရေတွက်၍မကုန်သောအမြောက်အများ ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံထဲမှာ နတ်ဘုရားတွေအများကြီးရှိပြီး သွားတဲ့နေရာတိုင်းမှာတွေ့နိုင်ပါတယ်။
အဲ့ဒီထဲကမှ မကောင်းတာလုပ်တဲ့ နတ်ဘုရားလည်းရှိပါတယ်။

 

မကောင်းဆိုးဝါးရဲ့အစက 物の怪(もののけ) ဆိုတဲ့အဓိပ္ပါယ်တဲ့…
Studio Ghibli ရဲ့နာမည်ကြီးရုပ်ရှင်မှာ မင်းသမီး もののけMononoke ရဲ့ကမ္ဘာကိုမြင်ယောင်ကြည့်လိုက်ရင် သဘောပေါက်နားလည်သွားမလာမသိဘူး….

 

တိရစ္ဆာန်နဲ့ အရာဝတ္ထုကနေ 物の怪(もののけ)Mononoke ဆိုတာဖြစ်လာပြီး၊ ကြီးမားတဲ့စွမ်းအားကိုပိုင်ဆိုင်ထားပြီး အရွယ်ရောက်လာကာ နတ်ဘုရားလို့ပြောနိုင်လောက်တဲ့အထိ ဖြစ်လာတယ်။
နတ်ဘုရားမို့လို့ဆိုပြီး ကောင်းတာတွေကိုသာလုပ်တာမဟုတ်ဘဲ၊ သဘာဝတရားကိုကြည့်ရှု့စောက်ရှောက်တဲ့ နတ်ဘုရားပဲဖြစ်ပါတယ်။

ကောင်းမကောင်းကို ဘုရားသခင်နှင့် မာရ်နတ် ကဲ့သို့ခွဲခြားထားတဲ့ ခရစ်ယာန်ဘာသာနဲ့တော့မတူဘဲ၊ ဇဝေဇဝါမရှင်းမလင်းမှုတွေအရမ်းများတာက ဂျပန်နိုင်ငံဘာသာရေးရှုထောက်အမြင်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ပဲဖြစ်ပါတယ်။

“ ဂျပန်ရဲ့မကောင်းဆိုးဝါး၊ နတ်ဘုရားတို့ကို စီးပူးချည်းကပ်လိုက်ချိန် နောက်ဆုံးရှာတွေ့သွားမှာက သဘာဝတရားပဲ ” …

ဆိုတဲ့ခံယူချက်က မြေငလျင်၊ လေမုန်တိုင်း၊ ဆူနာမီကဲ့သို့သော ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကို ကျော်လွှားလာခဲ့တဲ့ ဂျပန်ဆန်တဲ့တွေးခေါ်ယူဆမှုပါပဲ……..

 

Kengo Abe

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: