နတ်ဆိုးတွေဟာ တစ်ဦးနှင့်တစ်ဦး ဘာကြောင့် ရင်မဆိုင်လို့မရတာလဲ ?

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကလေးတွေအတွက် ပုံပြင်တွေအများကြီးရှိပါတယ်။
မကောင်းတာကို မလုပ်မိစေဖို့ တရားမျှတတဲ့ မှန်ကန်တဲ့ ကျင့်ဝတ်တွေကို သိမြင်နိုင်စေရန် ရည်ရွယ်ထားတဲ့ ပုံပြင်တွေ ကလေးဘဝတုန်းက အားလုံးပဲ ကြားသိနားထောင်ခဲ့ဖူးကြမှာသေချာပါတယ်။

ဂျပန်မှာလည်း ဒီလိုမျိုးပုံပြင်တွေ အများကြီးရှိတဲ့ အထဲကမှ Momotaro ကတော့ အကျော်ကြားဆုံးဖြစ်ပါတယ်။

https://mag.japaaan.com/archives/121965

ကလေးမရနိုင်တဲ့ အသက်ကြီးနေပြီဖြစ်တဲ့ လင်မယားနှစ်ယောက်ရှိပြီး . . .
ဇနီးသည်က မြစ်ကမ်းမှာ အဝတ်လျှော်နေတဲ့ အချိန် မက်မွန်သီးကြီးတစ်လုံး စီးမျောလာပါတယ်။
အဲဒီ မက်မွန်သီးကြီးကို ဆယ်ယူပြီး ခွဲလိုက်တဲ့ အခါမှာတော့ ကလေးငယ်ကောင်လေးထွက်လာပါတယ်။

သူအရွယ်ရောက်လာတဲ့ အခါမှာတော့ မကောင်းတဲ့နတ်ဆိုးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ တရားမျှတမှုကို ဖော်ပြတဲ့ ပုံပြင်ဖြစ်ပါတယ်။ဒါပေမယ့် နတ်ဆိုးက ဘယ်လိုမကောင်းတာကို လုပ်တာများလဲ ?

ကျွန်တော်တို့ ကြားဖူးခဲ့တဲ့ ပုံပြင်အရတော့ နတ်ဆိုးတွေက ရွာထဲက လယ်ယာတွေကို ဖျက်ဆီးမယ်၊ သူတစ်ပါးရဲ့ အဖိုးတန် အရာတွေကို ခိုးယူလုယက်မယ်။
ရွာရဲ့ သမီးမိန်းကလေးတွေနဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ မကောင်းတဲ့ အရာတွေကို လုပ်တဲ့သူလို့ တွေးမိစေခဲ့ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးညှိနှိုင်းမှုမပါပဲ ရုတ်တရက်အသတ်ခံရမှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
သင် ဒီအကြောင်းကို သေသေချာချာ ရှာကြည့်မည်ဆိုလျှင် ၎င်းသည် အံ့သြဖွယ်ဖြစ်ကြောင်း သင်တွေ့ရှိရပါလိမ့်မယ်။

Meiji ခေတ်နောက်ပိုင်းတွင် နတ်ဆိုးသည်မကောင်းမှုများကိုပြုလုပ်ခဲ့တယ်ဆိုတဲ့ အရာကိုဖော်ပြထားတဲ့အရာ။လွန်ခဲ့သောအနှစ် ၁၀၀ ကျော်က

Momotaro က အဖိုးတန်အရာတွေကို လိုချင်လို့ နတ်ဆိုးတွေဆီကို ဖျက်ဆီးဖို့သွားတယ် လို့ ရေးသားထားခဲ့ပါတယ်။အဲဒါဟာလုယက်သူမဟုတ်ဘူးလား . . .

Momotaro . . .မျှော်လင့်ထားသည့်အတိုင်းပဲ ဒီတိုင်းတော့ ကလေးတွေကို ပေးမဖတ်စေလိုသောကြောင့် ဆက်တင်အသစ်များထပ်ထည့်ပြီး နတ်ဆိုးက မကောင်းတာလုပ်တဲ့ ဆိုးရွားတဲ့သူ့ဖြစ်သွားပါတယ်။

နာမည်ကြီးစာရေးဆရာ Ryunosuke Akutagawa သည် Momotaro ရဲ့ ပုံဖော်ထားတဲ့ အဓိပ္ပာယ်ကို ထင်ကျန်ထားခဲ့ပေမယ့် Momotaro နှင့် နတ်ဆိုးတို့ အပြန်အလှန်ပြောဆိုမှုများတွင် သူရေးသားခဲ့တာကတော့ . . .နတ်ဆိုး

ငါတို့တွေက မင်းကို ဘယ်လိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့လို့ ဒီလိုပြုမူရတာလဲပြောပါ။

Momotaro အရင်တည်းက ဒီနေရာကို သိမ်းပိုက်ချင်လို့ပဲ။

ဒါဟာ လူထွား Momotaro ပါပဲ။
အစစ်အမှန်မကောင်းမှုကို လုပ်တဲ့သူက Momotaro ဖြစ်နိုင်ပါတယ်။
စကားမစပ်, ဒီလိုပုံပြင်တွေထဲမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ နတ်ဆိုးဆိုတာ ဂျပန်မှာ အရင်တည်းက တကယ်ရှိခဲ့တယ်ဆိုတဲ့ စကားတွေကြားခဲ့ ဖူးပါတယ်။

ဂျပန်သည် ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ယခင်က အခြားတိုင်းပြည်များနှင့် ဆက်ဆံမှုများစွာမရှိသောကြောင့်လည်း နိုင်ငံခြားသားများနေထိုင်ခြင်းမှာ ရှားပါးမှာသေချာပါတယ်။

ကြီးမားတဲ့ လူဖြူကြီး။
နေပူလောင်ပြီး အသားရောင်က အနီရောင်ပြောင်းသွားတဲ့ လူတစ်ဦး သင်္ဘောပျက်ရာက ကမ်းကနေမျောပါလာတဲ့ သူကို နတ်ဆိုးလိုမျိုးပဲ မြင်မိသွားသလား?ဆိုတဲ့ သီအိုရီလည်းရှိပါတယ်။

အရပ်ရှည်ပြီး ပုခုံးကျယ်ကျယ်၊ အပြာရောင်မျက်လုံးနဲ့ ရှုပ်ထွေးနေတဲ့ ရွှေအိုရောင် ဆံပင်။


https://www.city.fukuchiyama.lg.jp/site/promotion/20660.html

ဦးချိုတွေတော့ မပေါက်နေပေမယ့် ဤအရာကိုပြောပြီးနောက် နတ်ဆိုးရဲ့ ပုံသဏ္ဍာန်ကို ပြန်စဉ်းစားကြည့်လိုက်တော့ ၎င်းသည် လူဖြူတစ်ယောက်ပုံသဏ္ဍာန်နှင့်တူနေတယ်လို့ ထင်မိပါတယ်။

ကမ်းခြေသို့ လှေပျက်ပြီး ရောက်လာတဲ့ လူဖြူများသည် ထိုအချိန်က ဂျပန်ဘာသာစကားကိုနားမလည်ကြပါ။ ဒါကြောင့် ဆက်သွယ်ပြောဆိုလို့ မရတဲ့ အပြင် နတ်ဆိုးတွေဆိုပြီး အကြောက်ခံရကာ တောင်များ၌လျှို့ဝှက်စွာနေထိုင်ကြရပုံပေါ်ပါတယ်။

ကောင်းပြီ၊ ဒါဆိုရင် သူတို့ အသက်ရှင်ဖို့အတွက် ကျေးရွာလယ်ကွင်းထဲက ပစ္စည်းတစ်ခုခုကို မယူဘူးဆိုရင် သူတို့ အသက်ရှင်လို့မရဘူး၊ ခက်ခဲမယ်။

ဒါကြောင့် ဘာမှလုပ်လို့မရတော့တဲ့ အဆုံး သူတို့ အသက်ရှင်ရေးအတွက် မဖြစ်မနေ ဒီလိုပြုလုပ်ကြရတယ်လို့ ထင်ပါတယ်။

ခေတ်သစ်ဗားရှင်းအနေနဲ့ အပိုဆောင်းအစိတ်အပိုင်းတွေကိုထည့်သွင်းရင်တောင် ဆိုးနေတဲ့ မကောင်းတဲ့သူက Momotaro ပဲ ဖြစ်မယ်ထင်တယ်နော် .. ..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: