စက္ကူနဲ့လုပ်ထားတဲ့ ဂျပန်ရှေးဟောင်းရိုးရာအိမ်ကတံခါး

ဂျပန်နိုင်ငံမှာ ရှေးဟောင်းရိုးရာအိမ်တွေ တဖြည်းဖြည်းလျော့နည်းလာပြီး အနောက်တိုင်းပုံစံအိမ်တွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးများလာပါတယ်။

အဲ့ဒီရှေးဟောင်းအိမ်တွေရဲ့ အဓိကသင်္ကေတတွေကတော့ Tatami ဖျာ ရယ် စက္ကူနဲ့ပြုလုပ်ထားတဲ့တံခါးတွေပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စက္ကူနဲ့ပြုလုပ်ထားတဲ့တံခါးတွေရဲ့ ထူးခြားတဲ့အချက်တွေကို တင်ပြပေးပါမယ်။

စက္ကူနဲ့ပြုလုပ်ထားတဲ့တံခါးတွေမှာ တံခါးရွက် ၂ ရွက်ပါပါတယ်။

အရင်ဦးဆုံး ဒီပုံလေးကိုအရင်ကြည့်ကြည့်ပါ။ ふすま fusuma လို့ခေါ်ပါတယ်။

https://shopping.geocities.jp/wasitu-reform/product/shoji/shoji.html

အထူးသဖြင့် အခန်းနှစ်ခန်းကို ကန့်ထားပေးပြီး တခြားအခန်းထဲကို တိုက်ရိုက်ဝင်ရောက်လို့ရတဲ့တံခါးအနေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဖျာတွေကို သေသေသပ်သပ်နဲ့ခင်းကျင်းထားပြီး တစ်ဖက်ကနေ အခြားတစ်ဖက်ကိုမမြင်ရလို့ စိတ်ချလက်ချနေလို့ရပါတယ်။

နောက်ပြီး အဲ့ဒီတံခါးရဲ့မျက်နှာပြင်က တော်တော်လေးကျယ်တာကြောင့် အဲဒီစက္ကူမှာ ဒီဇိုင်းလှလှလေးတွေဆွဲထားတော့ အခန်းထဲမှာ ပန်းချီကားနဲ့အလှဆင်ထားသလို အကျိုးရလဒ်ကိုရရှိစေပါတယ်။

ဒီလိုပုံဆွဲထားတာတွေလည်း စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမယ့် စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ဒီလိုပုံစံမျိုးပါ။

https://shopping.geocities.jp/wasitu-reform/product/shoji/shoji.html

障子(しょうじ)Shouji လို့ခေါ်ပါတယ်။

သစ်သားဘောင်သေးသေးလေးတွေမှာ စက္ကူပါးပါးလေးတွေကပ်ထားတာဖြစ်ပါတယ်။

အဖြူရောင်စာရွက်က အလင်းဖောက်နိုင်လို့ အပြင်ဘက်ခြမ်းမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

နေရောင်ခြည်ဖောက်ထွင်းနိုင်တယ်ဆိုပေမယ့် အထဲကိုတော့မမြင်ရပါဘူး။ ဒါကတော့ အရင်ဆုံးတွေ့ရမယ့် အားသာချက်တစ်ခုပါ။

နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာက အစိုဓာတ်ကိုစုပ်ယူပေးနိုင်တာဖြစ်ပါတယ်။

အစိုဓာတ်တွေကို ကောင်းကောင်းစုပ်ယူပေးနိုင်တဲ့ စက္ကူတွေကို အသုံးပြုထားပါတယ်။

အခန်းထဲမှာ စိုထိုင်းဆတွေရှိနေမယ်ဆိုရင် မှိုတွေစွဲလာနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ၆ လပိုင်းလောက်က မိုးများတဲ့ရာသီဖြစ်ပါတယ်။

ဒီလိုရာသီမျိုးမှာ ဘေးဆွဲတံခါးရဲ့စက္ကူက ရေငွေ့တွေကိုစုပ်ယူပေးတာကြောင့် အခန်းတွင်းမှာရှိတဲ့အစိုဓာတ်တွေကို ညှိနှိုင်းပေးနိုင်တာဖြစ်ပါတယ်။

နောက်ပြီး အသက်ရှုချောင်စေပြီး အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီက တော်တော့်ကိုအေးလို့ လျှပ်စစ်အပူပေးစက်တွေ မရှိသေးတဲ့ခေတ်တုန်းကဆိုရင် အခန်းထဲမှာပဲ မီးမွှေးပြီးမီးလှုံကြရပါတယ်။ အလုံပိတ်ထားတဲ့အခန်းထဲမှာ အောက်စီဂျင်မရှိရင် ကာဗွန်မိုနောက်ဆိုဒ်ကြောင့် အဆိပ်သင့်ပြီး သေသွားတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါပေမယ့် စက္ကူတံခါးနဲ့အိမ်တွေမှာတော့ အသက်ရှုရတာချောင်လို့ ဒီလိုအဆိပ်သင့်တာမျိုးမရှိပါဘူး။

ဒါတွေကြောင့် အအေးမိမှာကို စိုးရိမ်စရာမလိုတော့တဲ့အပြင် …

အပူချိန်ကိုထိန်းသိမ်းပေးနိုင်တာကလည်း စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။

စက္ကူတံခါးဆိုပေမယ့်လည်း တစ်ချို့စက္ကူတံခါးတွေကို အခန်းရဲ့မျက်နှာပြင်ကျယ်ကြီးဖြစ်တဲ့ နံရံကြီးတစ်ခုလိုမျိုး အပြည့်ဖြစ်နေတာမျိုးကို တွေ့ရပါတယ်။

သစ်သားချောင်းလေးပေါ်မှာ စာရွက်အပါးလေးပဲကပ်ထားလို့ ပေါ့ပါးပြီး အပြင်ထုတ်ရတာလည်း လွယ်ပါတယ်။

အပေါ်ကပုံတွေထဲမှာလည်း ဒီလိုပဲဆိုပေမယ့် ဆွဲတံခါးတွေအားလုံးကိုဖွင့်လိုက်မယ်ဆိုရင် လှောင်နေတာမျိုးမရှိတော့ဘဲ လေဝင်လေထွက်ကောင်းအောင်လုပ်လို့ရပါတယ်။

နေ့စဥ်ပုံမှန်မှာတော့ ဘေးဆွဲတံခါးတွေကိုပိတ်ထားပေမယ့် ပွဲတွေလုပ်တဲ့အချိန်မှာတော့ တံခါးတွေကိုဖွင့်ထားပြီး အပြင်ကိုကြည့်လို့လည်းရပါတယ်။

နောက်ပြီးဒီလိုပုံစံမတူတဲ့ စက္ကူတံခါးမျိုးတွေလည်းရှိပါတယ်။

https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwiRn43U-5PlAhUKPnAKHSQKAnIQjB16BAgBEAM&url=https%3A%2F%2Fwww.aeras-group.jp%2Fcolumn%2Fa173866%2F&psig=AOvVaw0G6SSEPR_YO30mrE3RuAVK&ust=1570874887501109

စက္ကူတံခါးအောက်တစ်ဝက်ကိုအပေါ်ကိုတင်လို့ရတဲ့ပုံစံဖြစ်နေပြီး ဒါကို ဆွဲဖွင့်လိုက်မယ်ဆိုရင် အပြင်ကိုမြင်ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။

雪見障子(ゆきみしょうじ)Yukimishoji လို့ခေါ်ပြီး ခြံထဲမှာနှင်းတွေကျနေေတာကို ကြည့်ဖို့ဖြစ်ပါတယ်။

ခုခေတ်မှာတော့နှင်းတွေကြည့်ဖို့ Yukimishoji နေရာမှာ မှန်တွေကို သုံးလိုက်တာကြောင့် အပြင်ကိုတိုက်ရိုက်ကြည့်နိုင်တာမျိုးမဟုတ်ပါဘူး။

အိမ်ထဲမှာနွေးနွေးလေးနဲ့ အပြင်ကနှင်းတွေကိုကြည့်နေရတဲ့အရသာက တကယ်ကိုကောင်းပါတယ်။

အရက်လေးပါတစ်ခွက်နှစ်ခွက်ဆိုရင်တော့ …

ဒါပေမယ့် အားနည်းချက် တစ်ချို့တော့ ရှိပါတယ်။ ကြောင်လေးတွေနဲ့ကလေးတွေရှိနေတဲ့အိမ်အတွက်တော့ အားနည်းချက်ပါ။

စက္ကူအပါးလေးဖြစ်တာကြောင့် ချက်ချင်းပြဲသွားနိုင်ပါတယ်။

သူတို့က စက္ကူပြဲသွားတဲ့အချိန်မှာ ထွက်လာတဲ့အသံကို ကြိုက်လို့ ထပ်ထပ်ပြီးဖြဲတတ်ပါသေးတယ်။

 

https://news.biglobe.ne.jp/trend/1104/blnews_161104_5128344108.html

ဘယ်လောက်ပဲစိတ်တိုတို ကြောင်လေးတွေကတွေကတော့ ဂရုမစိုက်ဘဲပျော်နေတဲ့ပုံပါပဲ။

ဒါပေမယ့် စိတ်ညစ်စရာမရှိပါဘူး။ စာရွက်လေးတွေကို အလွယ်တကူပြန်ကပ်လိုက်လို့ရပါတယ်။

https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwji-p-E_ZPlAhWRMd4KHRWsAwsQjB16BAgBEAM&url=http%3A%2F%2Flaxiyo.com%2Fshouji-harikae%2F&psig=AOvVaw1R1S1cg6oD5wQeTPJ95FL3&ust=1570875394823932

စာရေးသူငယ်ငယ်တုန်းကလည်း ခဏခဏပြဲအောင်ဆော့ခဲ့ဖူးပြီး ပြန်ကပ်ခိုင်းတာခံခဲ့ရတာကိုလည်း မှတ်မိနေပါသေးတယ်။

ပြန်ကပ်လို့ရလို့ ပြဲသွားရင်လည်း စိတ်ပူစရာမလိုပါဘူး။

စာရေးသူက ကြောင်မဟုတ်ပေမယ့်လည်း ဖြဲရတာတကယ်ကိုပျော်စရာကောင်းပါတယ်။

ရုပ်ရှင်တွေထဲမှာဆိုရင်လည်း အပေါက်လေးတွေဖောက်ပြီး ချောင်းကြည့်ကြတာကို မြင်ဖူးကြမယ်ထင်ပါတယ်။

ယခုဖော်ပြသွာတဲ့အချက်တွေအပြင် ကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ သစ်သားတံခါးတွေများတယ်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: