ဂျပန်သွားကြားထိုးတံနောက်က အရစ်တွေရဲ့အဓိပ္ပာယ်

သွားမှာညှပ်နေတဲ့ စားကြွင်းစားကျန်တွေကိုဖယ်ရှားတဲ့အခါ သွားကြားထိုးတံတွေကို အသုံးပြုကြပါတယ်။

ဒီသွားကြားထိုးတံကို တစ်ကမ္ဘာလုံးကလူတွေ အသုံးပြုနေကြပြီး သစ်သားတစ်ခုထဲနဲ့လုပ်ထားတာမျိုးမဟုတ်ဘဲ ပလပ်စတစ်နဲ့လည်း ထုတ်လုပ်ထားတာမျိုးလည်းရှိပါတယ်။

မြန်မာနိုင်ငံမှာ အသုံးများတာကတော့ နှစ်ဖက်ချွန်သွားကြားထိုးတံတွေဖြစ်ပြီး၊ ဂျပန်သွားကြားထိုးတံ ကတော့ ဒီလိုပုံစံမျိုးပါ။

https://mag.japaaan.com/archives/94846

 

ဂျပန်နိုင်ငံမှာရှိတဲ့သွားကြားထိုးတန်တွေရဲ့ ထိပ်ချွန်က တစ်ဖက်တည်းရှိပြီး နောက်တစ်ဖက်မှာတော့ အရစ်လေးတွေရှိပါတယ်။

အဲ့ဒီ အရစ်လေးတွေကို ဘာလို့ထည့်ထားလည်းဆိုတာကို သိပါသလား?

ကိုင်တဲ့အခါမှာချော်မထွက်သွားဖို့လို့ ဖြေလိုက်ရင်တော့ မှားပါတယ်။

တကယ်တော့ အဲ့ဒါက ခိုခဲရှိအရုပ်လေးဖြစ်ပါတယ်။

ခိုခဲရှိဆိုတာ ဂျပန်နိုင်ငံရဲ့ လက်ဆောင်လေးအဖြစ်နဲ့ တော်တော်များများဝယ်ယူကြတဲ့အရုပ်လေး ဖြစ်ပါတယ်။

http://iwashita.shop-pro.jp/?pid=63793835

 

ဟုတ်ပါတယ် အလှဆင်တဲ့အနေနဲ့ ခိုခဲရှိ ပုံဖော်ထားတာဖြစ်ပါတယ်။

ဟိုအရင်တုန်းက သွားကြားထိုးတံတွေကို လွှနဲ့ထွင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်ဒီလိုလုပ်တဲ့နည်းလမ်းက အရည်အသွေးမကောင်းတဲ့အတွက်ကြောင့် ဖြတ်တောက်ထားတာတွေကလည်း မသေမသပ်ဖြစ်နေပါတယ်။

အဲ့ဒီနောက်မှာ ဖြတ်စက်ကိုသုံးပြီးထုတ်လုပ်ဖို့ဖြစ်လာခဲ့ပေမယ့် ဒီတစ်ခါမှာလည်း ပွတ်တိုက်မှုတွေဖြစ်ပွားပြီး မီးပွားတွေထွက်လာတာကြောင့် မဲသွားပါတယ်။

ဒီလိုအမဲအတိုင်းဆိုမလှလို့ တမင်မဲအောင်လုပ်တယ်လို့ထင်အောင် အမြောင်းအပိုလေးတွေ ထပ်ထည့်လိုက်ပြီး ခိုခဲရှိအရုပ်လေးပုံကိုစပြီးဖော်ခဲ့ပါတယ်။

ဖြတ်တောက်တာနဲ့ပတ်သက်ပြီး အမြောင်းလေးတွေဖော်လိုက်ရုံပဲဖြစ်တာကြောင့် အထူးတလည် ငွေကြေးကုန်ကျတာမျိုးတွေလည်းမရှိပါဘူး။

အခုလက်ရှိမှာတော့ သပ်သပ်ရပ်ရပ်ဖြစ်လာတဲ့အတွက်ကြောင့် ဂျပန်သွားကြားထိုးတံကို လူကြိုက်များလာခဲ့ပါတယ်။

https://mag.japaaan.com/archives/94846/2

 

အဲ့ဒီအမြောင်းလေးတွေရဲ့အဓိပ္ပာယ်ကို ဂျပန်လူမျိုးတွေတောင် မသိလောက်ဘူးလို့ထင်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ဂျပန်လူမျိုးတွေရှိတယ်ဆိုရင် မေးကြည့်လိုက်နော်။

ပိုပြီးသိချင်တဲ့သူတွေဆိုရင် ဒီ Link ထဲကိုဝင်ကြည့်လိုက်ပါ။

http://www.cleardent.co.jp/siryou/

ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးသွားကြားထိုးတံထုတ်လုပ်တဲ့ အိုဆာကာမြို့ ခဝချိနဂနိုမှာ ရှိတာကြောင့် အဲ့ဒီမှာထုတ်လုပ်တဲ့နည်းလမ်းက အကောင်းဆုံးပဲလို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: