နည်းပညာတွေမြင့်မားလာပြီဖြစ်တဲ့ ဘုန်းကြီးကျောင်း

တိုကျိုမှာရှိတဲ့ 高台寺(たかだいじ)တကဒိုင်းဂျိ ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ ယန်း 100,000,000 အကုန်ကျခံပြီး ကမ္ဘာ့ပထမဦးဆုံး စက်ရုပ်သူတော်စင်ကို တီထွင်ခဲ့ပါတယ်။

အောက်ကခံထားတဲ့ခြေထောက်အပြားပါဆိုရင် အမြင့်က ၁.၉၅ မီတာဖြစ်ပြီး၊ ဘေးအကျယ်က ၉၀ စင်တီမီတာ ကျယ်ပါတယ်။

လူသားတွေနဲ့တူတဲ့အရွယ်အစားနဲ့ ဒီစက်ရုပ်ကို တီထွင်ခဲ့တာက ဂျပန်နိုင်ငံရဲ့ ရုပ်မြင်သံကြားအစီအစဥ်မှာရော ပြသဖို့အတွက်ဖြစ်ပြီး စက်ရုပ်တီထွင်တဲ့သူတွေကတော့ 石黒浩さん အိရှိဂုရုဟိရိုရှိစံ ဖြစ်ပါတယ်။

သူ့ရဲ့ပုံစံက စကားလုံးတွေနဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို လူတွေနားလည်အောင် ရှင်းပြရတာဖြစ်ပါတယ်။

https://www.youtube.com/watch?v=KptQUZ6Vjj0&feature=youtu.be

နောက်ဆုံးတီထွင်လိုက်တဲ့ပုံစံက ဒီလိုပုံစံဖြစ်ပါတယ်။

https://www.youtube.com/watch?v=ZL3rJeKhbio&feature=youtu.be

Ex_Machina ဆိုတဲ့ ဇာတ်လမ်းကိုတောင်သွားပြီးသတိရမိပါတယ်။

http://riotheatre.ca/movie/ex-machina/

ဒီစက်ရုပ်သူတော်စင်ကိုကြည့်ခြင်းအားဖြင့် နည်းပညာအရမ်းကိုမြင့်တယ်ဆိုတာကို သိရပြီးအရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဗုဒ္ဓဘာသာတွေအတွက် အရမ်းကိုအကျိုးရှိစေတာကြောင့် ခေတ်သစ်ဗုဒ္ဓဘာသာဆိုတဲ့အနေအထားကို ရောက်လာတော့မယ်ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: