こけしခိုခဲရှိ ရဲ့ ကြောက်စရာကောင်းတဲ့ အဓိပ္ပာယ်

ဟိုးအရင်ကတည်းကနေ ဂျပန်နိုင်ငံမှာ こけし လို့ခေါ်တဲ့ ရိုးရာယဥ်ကျေးမှု လက်မှုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

https://www.furusato-tax.jp/product/detail/04215/45320

 

ချစ်စရာကောင်းတဲ့ ပုံစံလေးဖြစ်တဲ့အတွက်ကြောင့် အိမ်ပြန်တဲ့အခါမှာ ဝယ်သွားတဲ့သူတွေလည်းများပြီး တစ်ချိန်ကမိန်းကလေးတွေကြားမှာ အရမ်းကိုရေပန်းစားခဲ့ပါတယ်။

မြင်ဖူးတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ခိုခဲရှိ မှာ နည်းနည်းကြောက်စရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။

ခိုခဲရှိက ၁၆၀၀ ခုနှစ်ကနေ ၁၈၀၀ ခုနှစ် လောက်မှာ 東北地方 တိုးဟိုခုဒေသရဲ့ ရေပူစမ်းကနေ ပေါ်ပေါက်လာခဲ့တယ်လို့ပြောကြပါတယ်။

အဲ့ဒီအချိန်တုန်းက တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့သွားရာကနေ စတင်ခဲ့ပြီး 東北地方 တိုးဟိုခုဒေသရဲ့ ရေပူစမ်းတွေမှာ လယ်သမားတွေများခဲ့ပါတယ်။

နေ့စဥ်နေ့တိုင်း ခန္ဓာကိုယ်ကိုအသုံးပြုပြီး အလုပ်လုပ်ရတဲ့အတွက် အဲ့ဒီပင်ပန်းမှုတွေကို ဖြေလျှော့ဖို့အတွက် ရေပူစမ်းကိုသွားခဲ့ကြပါတယ်။

ဒီလိုရေပူစမ်းကိုသွားတဲ့သူတွေက ခိုခဲရှိကို စပြီးဝယ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီခိုခဲရှိရဲ့မူရင်းစကားလုံးက “子消し” မဟုတ်ဘူးလား….. ဆိုတာလည်းရှိပါတယ်။

子供を消す ( ခိုဒိုမိုဝိုခဲဇု ) ဆိုတာ ကလေးတွေကိုဖျောက်ပစ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ ဒါဟာ တစ်ချိန်က လယ်သမားတွေရဲ့ အခြေအနေတစ်ရပ်ကို ဖော်ပြနေတာဖြစ်ပါတယ်။

လယ်သမားတွေက အရမ်းကိုဆင်းရဲပြီးတော့ ကလေးမွေးဖို့ဆိုတာလည်း အရမ်းကိုခက်ခဲခဲ့ကြပါတယ်။

နည်းနည်းလေးအရွယ်ရောက်လာရင်လဲ ကာယအလုပ်သမားအနေနဲ့လည်းလုပ်ဆောင်နိုင်တဲ့ ယောကျ်ားလေးတွေနဲ့ယှဥ်ပြီး  မိန်းကလေးတွေက လယ်ယာအလုပ်မှာ သိပ်ပြီးတော့ မလုပ်ဆောင်နိုင်ပါဘူး။

ဒါကြောင့် မိန်းကလေးတွေကို သတ်ဖြတ်မှုတွေ တော်တော်လေးဖြစ်ပွားခဲ့ပါတယ်။

ကိုယ့်ကလေးတွေကိုသတ်ချင်တဲ့ မိဘမျိုးမရှိဘူးဆိုပေမယ့်လည်း ကိုယ့်ရဲ့ စားဝတ်နေရေးနဲ့ တခြားကလေးတွေရဲ့ စားဝတ်နေရေး ပြေလည်ဖို့အတွက် ယောကျ်ားလေးကလွဲပြီးမမွေးနိုင်ဘူးဆိုတဲ့ ရှေးတုန်းကဖြစ်တည်မှုတစ်ရပ်ရှိခဲ့တယ်လို့ပြောပါတယ်။

ဒီလိုပုံစံနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေအကြောင်းပုံဖော်ဖို့  こけし ခိုခဲရှိ အရုပ်ကိုပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒီပုံပြင်လေးက အမှန်ဖြစ်ပါတယ်ဆိုပြီးတော့ သက်သေပြနေတဲ့ဖော်ပြချက်မျိုးတော့မရှိပါဘူး ။

ကလေးကစားဖို့အတွက် ပြုလုပ်ထားတဲ့ကစားစရာလို့ပြောကြတာများပေမယ့် ဘာကြောင့်

“こけし” ခိုခဲရှိလို့ နာမည်ပေးရပါလိမ့်နော်။

အဲ့လိုစဥ်းစားလိုက်ပြန်တော့လည်း ဒီဇာတ်လမ်းကလည်းမဖြစ်နိုင်ဘူးလို့တွေးမိပါတယ်။

ဘာကြောင့်လည်းဆိုတော့ ခုခေတ်မှာလည်း ကလေးတွေကိုသတ်ပစ်တဲ့ ရိုးရာဓလေ့က လုံးဝမရှိတဲ့အပြင်  ခိုခဲရှိအရုပ်ကို ရေပူစမ်းတွေမှာ ချစ်စရာကောင်းတဲ့ လက်ဆောင်အနေ ဝယ်ယူရရှိနိုင်ပါတယ်။

 

ချစ်စရာကောင်းတဲ့ ခိုခဲရှိ ကိုတွေ့လိုက်မိရင် သေချာပေါက်ဝယ်ချင်မှာသေချာပါတယ်။

https://item.rakuten.co.jp/kokeshi/10000086/

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: