ကမာၻေက်ာ္ ဂ်ပန္စတိုင္တက္တူး

TATOO ကို ဂျပန်မှာဆိုရင် အီရဲဇုမိ လို့ခေါ်ကြပါတယ်။

ဂျပန်မှာ ရဲ့ အီရဲဇုမိ(မှင်ကို အရေပြား အောက်မှာ ထိုးသွင်းခြင်း) ကို

ဟိုးအရင်တုန်းက အပြစ်သားတွေ အပြစ်ရှိကြောင်း သက်သေပြတဲ့ အနေနဲ့ သုံးတာဖြစ်ပါတယ်။

လက်နဲ့မျက်နှာ အစရှိတဲ့နေရာတွေမှာ ထိုးသွင်းကြပြီးတော့ ဘယ်သူကပဲကြည့်ကြည့် အပြစ်သားဆိုတာကို နားလည်ကြပါတယ်။

 

အဲ့တာက လှပတဲ့ပုံစံတွေအဖြစ် ပုခုံး နဲ့ လက်မောင်းမှာ ထိုးဖို့ ဖြစ်လာပြီး အခုတော့ တက်တူးရဲ့ စံပုံစံတွေ ပေါ်ထွက်လာပါတယ်။

ဒါကြောင့် ဂျပန်မှာ ဖက်ရှင်အနေနဲ့ ဖြစ်လာပြီး ၊ ရာကူဇာ တွေရဲ့ အမှတ်တံဆိပ် အနေနဲ့ ကြောက်ဖို့ကောင်းတယ်ဆိုတာ လူတွေကိုပြဖို့ ဖြစ်လာပါတယ်။

https://do-tt.jp/tattoo/wabori-meaning/

အဲ့လိုတက်တူးက ဂျပန်စတိုင် ဒီဇိုင်း ဖြစ်ပြီးတော့ ဝဘိုရိ ( 和彫り ) လို့ခေါ်ကြပြီးနိုင်ငံခြားမှာလည်း အရမ်းကိုနာမည်ကြီးပါတယ်။

တက်တူးရဲ့ စိတ််ဝင်စားစရာ ကောင်းတာကသူ့ရဲ့လှပမှု ၊ ဂန္တဝင်မြှောက်တဲ့ ဒီဇိုင်း ၊ အရောင် ၊ ပေါင်းစပ်မှုနဲ့ ကြွယ်ဝတဲ့ သင်္ကေတ တွေပဲ ဖြစ်ပါတယ််။

တကယ်တော့ လုံးဝမိုက်ရုံ မဟုတ်ပဲ အဲ့ဒါတွေက အဓိပ္ပာယ်ရှိပါတယ်။

 

 

ဗုဒ္ဓရုပ်ပွားတော်အစရှိတဲ့ ဘုရားပုံတော်

http://www.red-bunny.com/wp/?cat=19

 

ကိုယ့်ကို နတ်ဘုရားကာကွယ်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲ့ဒီ ဘုရားက မွေးနေ့ကိုလိုက်ပြီး ကိုယ့်ရဲ့ ကာကွယ်ပေးတဲ့ နတ်ဘုရား ပြောင်းလဲသွားပါတယ်။

ဒါမှမဟုတ် လိုချင်တဲ့ စွမ်းအားနဲ့ ကိုက်ညီတဲ့ နတ်ဘုရားကိုရွေးချယ်တဲ့ သူတွေလည်းများပါတယ်။

 

 

 

နဂါးပုံစံ ဒီဇိုင်း

http://www.inspire-tattoo.com/newpage13.html

 

အပြာရောင်နဂါးက အောင်မြင်ခြင်း၊တိုးတက်ခြင်း ၊ ငွေကြေး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

အဲ့ဒီနဂါးက အပေါ်ကို ဦးတည်ပြီးတက်နေတဲ့ ဒီဇိုင်းက ဆုတောင်းတွေကို ပြည့်စေတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

 

 

ပင်လယ်လိပ်ပုံ

https://seisin1023.exblog.jp/26513605/

 

သိပ်မများတဲ့ ဒီဇိုင်းဆိုပေမယ့် ပင်လယ်လိပ်တွေက နှစ်တစ်ထောင်အသက်ရှင်နိုင်တယ်ဆိုပြီးတော့ ပြောကြတဲ့ အတွက် အသက်ရှည် ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

နောက်ပြီး လာဘ်ကောင်းစေတဲ့ အဓိပ္ပာယ် အနေနဲ့ လည်း အသုံးပြုကြပါတယ်။

 

 

ဖီးနစ်ငှက်ပုံ

http://www.red-bunny.com/wp/?p=3174

 

မီးငှက်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ ၊ ငြိမ်းချမ်းရေး ၊ ပျော်ရွှင်မှု ဆိုတဲ့ အဓိပ္ပာယ်ရပါတဲ့ အတွက် မိန်းကလေးတွေတော်တော်များများ ရွေးချယ်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

 

 

 

ကျားပုံ

http://dt-tattoo.com/dt-blog/1025

 

ခုနကလိုပဲ နဂါးနဲ့ ဆန့်ကျင်ဖက်အရာက ကျားဆိုပြီးတော့ တွေးကြပါတယ်။

အဲ့ဒါက ခွန်အားဆိုတဲ့ သင်္ကေတ ပဲဖြစ်ပါတယ်။

 

 

 

ရွှေငါးပုံ

ရွှေငါးက အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ရွှေငါးက အပေါ်ကို ဦးတည်ပြီး ရေတံခွန် ကို ဆန်တက်တဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုတာဖြစ်ပါတယ်။

ဂျပန်ရဲ့ ဘာသာရေးနဲ့ ဆက်ဆိုင်တဲ့နေရာတွေမှာဆိုရင် အဝင်ဝ တွေမှာ ရွှေငါးကန်ကို ထားကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးကို ထင်ဟပ်စေပါတယ်။

 

 

 

ဦးခေါင်းပုံ

http://www.horitaku1.com/worklist/gaman/生首女形/

 

လည်ပင်းကိုဖြတ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ဒီဇိုင်းဆိုပေမယ့် အဆောင်လက်ဖွဲ့ လိုမျိုးအကျိုးသက်ရောက်စေတယ်လို့ပြောပါတယ်။

 

 

ချယ်ရီပန်းပုံစံတက်တူး

 

https://tattoodo-mobile-app.imgix.net/images/posts/IMG_20171118_180739_CaHb3134Xn.jpg?w=1080&fit=crop&auto=format%2Ccompress

 

ချယ်ရီပန်းတွေဟာ ပန်းပွင့်တဲ့ရာသီရဲ့ ပထမဆုံးလမှာ ပွင့်တာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ လူသိများတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

ရှေးတုန်းက ဂျပန်လူမျိုးတွေကို ဆွဲဆောင်နိုင်တဲ့ပန်းဖြစ်ပြီးတော့ ဆာမူရိုင်းတွေတောင် သူတို့ရဲ့ အနုပညာနဲ့ ကဗျာတွေမှာ ထည့်ပြီးရေးဆွဲ ကြပါတယ်။

လူဘဝ ဟာ ချယ်ရီပန်းလေး တွေလို တိုတောင်းပြီးတော့ ပွင့်လန်းနေတဲ့အချိန်မှာ အပြည့်အဝ ပျော်သင့်တယ် လို့ယုံကြည်ကြပါတယ်။

ဒါကြောင့် ချယ်ရီပန်းပုံံစံတက်တူးဟာ ဂျပန်လူမျိုးတွေ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။

 

တက်တူးမထိုးခင်မှာ လေးလေးနက်နက်နဲ့ မဖြစ်မနေ စဉ်းစားရမယ့်အရာရှိပါတယ်။

 

အဲ့ဒီတစ်ခုက ဂျပန်လူမျိုးတွေနဲ့ ဆက်ဆံဖို့ခက်ခဲတယ် ဆိုတာပဲဖြစ်ပါတယ်။

ဂျပန်မှာ တက်တူးက ရာခူစာ တွေနဲ့ တူတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲ့ဒီအတွက် ချစ်သူ ကောင်လေးကောင်မလေးနဲ့ တွေဖို့ခက်တာ တစ်ခုထဲမဟုတ်ပဲသူငယ်ချင်းတွေကြားမှာလည်း အသားမကျနိုင်တော့တဲ့သူတွေလည်း တော်တော်များများ ထွက်လာပါတယ်။

 

ဂျပန်မှာတက်တူးထိုးခဲ့တဲ့ ယောက်ျားလေးအများစုက မထိုးခဲ့ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တရကြတဲ့ သူတွေကများပါတယ်။

 

နောက်တစ်ခုက ရေပူစမ်းတွေနဲ့ ရေကူးကန်တွေသွားလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်လည်းရပါတယ်။

ဂျပန်ရဲ့ ရေပူစမ်းနဲ့ ရေကူးကန်တွေအများစုမှာ တက်တူးထိုးထားတဲ့ သူတွေဝင်ရောက်တာကို ပိတ်ပင်တားမြစ်ထားပါတယ်။

 

ဆေးဘက်ဆိုင်ရာမှာလည်း အနှောက်ယှက်တွေလည်းထွက်ပေါ်လာပါတယ်။

MRI ဆိုတဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကိုရှာဖွေတဲ့ စက်တွေရှိပေမယ့် TATOO ရဲ့ မှင်ကြောင့်အနှောက်ယှက်ဖြစ်တဲ့ အတွက် တက်တူးရှိတဲ့သူတွေက စက်တွေကို အသုံးပြုလို့မရပါဘူး။

ရောဂါဖြစ်လာတဲ့ အခါမှာသေချာပေါက် ရောဂါရှိမရှိစစ်ဆေးတဲ့အခါမှာလည်းအဲ့ဒီစက်တွေကိုပဲအသုံးပြုရမှာဖြစ်ပါတယ်။

သင့်ရဲ့ဘဝကို ကြီးမားတဲ့ အနုတ်လက္ခဏာဖြစ်လာစေမှာ မလွဲပါဘူး။

 

လွတ်လွတ်လပ်လပ်တက်တူးထိုးတာကလည်းကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပေမယ့် အဲ့ဒီရလဒ်က ကန့်သတ်ချက်တွေထွက်လာတယ်ဆိုတာကို နားလည်ရမယ့် အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ဂရုစိုက်ကြပါနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: