ဂျပန်မှာ အဖမ်းခံထားရတဲ့ ဗီယက်နမ်အမျိုးသားတစ်ဦး ရဲစခန်းမှာ သေဆုံး

Ibaraki စီရင်စုက ရဲစခန်းမှာ အဖမ်းခံထားရတဲ့ ဗီယက်နမ်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဧပြီလ ၂၉ ရက်နေ့က ကြေညာလိုက်ပါတယ်။
Shimotsuma ရဲဌာနရဲ့ ပြောကြားချက်အရ ၂၈ ရက်နေ့ မနက် ၇နာရီခွဲလောက်မှာ အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဖြူဖပ်နေပြီး၊ ရဲအရာရှိ ခေါ်နေတာကို ပြန်မထူးနိုင်တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ခဲ့ပေမယ့် ၁၃နာရီကြာပြီးတဲ့နောက်မှာ သေဆုံးသွားခဲ့တာပါ။
လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုသံသယနဲ့ ဧပြီလ ၂၀ ရက်နေ့က အဖမ်းခံထားရတဲ့ အဆိုပါအမျိုးသားဟာ ချော်လဲပြီး ဘယ်ဘက်ပုခုံးမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာအတွက်လည်း ဆေးရုံကနေ အကိုက်အခဲပျောက်ဆေးနဲ့ ဒဏ်ကြေပလာစတာတွေကို ပေးခဲ့ပါသေးတယ်။ သူ့မှာလည်း ဒီဒဏ်ရာကလွဲရင် တခြား ကျန်းမာရေးပြဿနာ ဘာမှမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဧပြီလ ၂၉ ရက်နေ့ကတော့ ရဲတွေက မနက်စာမစားလို့ စားဖို့တော်တော်ပြောယူခဲ့ပေမယ့် နည်းနည်းလေးပဲ စားခဲ့တယ်လို့ သိရပါတယ်။
ရဲဌာနကတော့ “စုံစမ်းရတဲ့ အချက်အလက်တွေအရ ဖမ်းဆီးထားတဲ့ အချိန်အတွင်းမှာ ဘာပြဿနာမှ မရှိခဲ့ဘူး” လို့ပြောခဲ့ပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: