လူမပြောနဲ့ တိရိစ္ဆာန်တွေတောင် ဘေးကင်းလုံခြုံတဲ့ ဂျပန်

လမ်းဘေးကြောင်လေးတစ်ကောင်ကို လေမှုတ်ပြောင်းနဲ့ “အပျော်တမ်းပစ်တာ” ဆိုပြီးပစ်ခဲ့တဲ့ ဂျပန်တစ်ဦး အဖမ်းခံရ
Saitama စီရင်စု Kumagaya မြို့မှာနေတဲ့ အမျိုးသားတစ်ဦးဟာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ လေမှုတ်ပြောင်းနဲ့ လမ်းဘေးကြောင်လေးတစ်ကောင်ကို ပစ်ခဲ့ပါတယ်။ “အပျော်တမ်းပစ်တာပါ” လို့ပြောခဲ့တဲ့သူ့ကို မေလ ၂ ရက်နေ့က ရဲဌာနက တိရိစ္ဆာန်စီမံထိန်းသိန်းရေးဥပဒေ ချိုးဖောက်မှုသံသယနဲ့ ဖမ်းလိုက်ပါတယ်။
သူဟာ Arakawa မြစ်ကမ်းဘေးမှာ နေနေတဲ့ ကြောင်လေးတစ်ကောင်ကို ဧပြီလကုန်ပိုင်းလောက်မှာ လေမှုတ်ပြောင်းနဲ့ပစ်ပြီး ဒဏ်ရာရစေခဲ့တာပါ။
မြို့ခံတစ်ဦးက ကြောင်လေးတစ်ကောင်က ခန္ဓာကိုယ်မှာ ၁၀စင်တီမီတာလောက်ရှည်တဲ့ အရာတစ်ခု စိုက်ဝင်နေတာကို တွေ့ပြီး ရဲကိုအကြောင်းကြားလိုက်တာပါ။ စုံစမ်းကြည့်တော့ တရားခံဟာ မနှစ်တုန်းကလည်း မြစ်ကမ်းဘေးမှာ လေမှုတ်ပြောင်းနဲ့ လျှောက်ပစ်နေလို့ သတိပေးခံထားရပါသေးတယ်။ မြှားတံကို ၂၀စင်တီမီတာလောက်ရှည်တဲ့ သံချောင်းနဲ့ပြုလုပ်ထားပြီး၊ ဖမ်းဆီးတဲ့အချိန်မှာ သံချောင်းတွေအများကြီး သိမ်းဆည်းရခဲ့ပါတယ်။
ကြောင်လေးကိုတော့ ဒဏ်ရာနဲ့တွေ့ခဲ့တဲ့ အိမ်နားမှာပဲ ဧပြီလ ၃၀ ရက်က ရှာတွေ့ခဲ့ပြီး ဆေးရုံကိုပို့ပေးနိုင်လိုက်ပါတယ်။ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ ဆေးရုံကပြောပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: