လက်ရှိဂျပန်နိုင်ငံမှာနေနေတဲ့ နိုင်ငံခြားသားကလေးငယ် ၈ထောင်ခန့်ဟာ အခြေခံပညာ သင်ကြားခွင့်မရနေဘူးလား?

ယမန်နှစ် မေလက စစ်တမ်းအရ ဂျပန်နိုင်ငံမှာနေထိုင်နေတဲ့ နိုင်ငံခြားသားကလေးငယ် ၈ထောင်ခန့်ဟာ တရားဝင်ပညာရေးကို သင်ကြားခွင့်ရမနေဘူးလို့ဆိုပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားကလေးငယ် 136,923 ဦးနေထိုင်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတစ်ဝှမ်းက စစ်တမ်းတွေအရ ယခင်နှစ်တွေထက်ကို ကျောင်းတက်တဲ့ ကလေးဦးရေက နည်းလာတာပဲဖြစ်ပါတယ်။
ဂျပန်လူမျိုးမိဘတွေက သားသမီးတွေကို အရွယ်ရောက်ရင် ကျောင်းမထားမနေရဆိုတဲ့ တာဝန်ရှိပေမယ့်၊ နိုင်ငံခြားသားတွေကတော့ ဒီဥပဒေမှာ အကျုံးမဝင်နေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
အစိုးရဝန်ကြီးဌာနကလည်း ဒေသဆိုင်ရာ ပညာရေးအဖွဲ့အစည်းတွေကိုခေါ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်အရ နိုင်ငံခြားသားကလေးတွေ ကျောင်းတက်ဖို့ဆန္ဒရှိရင် အခွင့်အရေးပေးဖို့ ပြောခဲ့ပါတယ်။
Youth Support Center nonprofit organization ဆိုတဲ့ အဖွဲ့အစည်းက ပညာရေးဘုတ်အဖွဲ့ကလည်း ကျောင်းမတက်ရတဲ့ နိုင်ငံခြားသားကလေးငယ်တွေ ဘယ်မှာရှိနေလဲဆိုတာ လိုက်လံစုံစမ်းဖို့ ပျက်ကွက်နေတယ်လို့ ပန်လှန်အပြစ်တင် ဝေဖန်နေကြပါတယ်။
“ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရဖို့ အခွင့်အရေးရသင့်ပါတယ်။”
“ဒါဟာ သူတို့အတွက် တကူးတကလုပ်ပေးနေရတာလို့ မသတ်မှတ်ဘဲ၊ အခွင့်အရေးအနေနဲ့ ခံစားခွင့်ရသင့်တယ်” လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
Source: Asahi Shimbun
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: