မွေးကင်းစကလေးလေးကို စွန့်ပစ်မှု

ယခုလ ၁၈ ရက်နေ့က Hiroshima စီရင်စု Akitsu မြို့က မြေကွက်အလွတ်ထဲမှာ မွေးကင်းစကလေးလေးကို စွန့်ပစ်ထားတာကို ရှာတွေ့ခဲ့ပါတယ်။
ကလေးဟာ ယောကျ်ားလေးဖြစ်ပြီး အဝတ်အစားမပါဘဲ မှောက်လျက်လဲကျနေတာပါ။
မှုခင်းဆေးပညာဌာနရဲ့ ထုတ်ပြန်ချက်အရ ကလေးခန္ဓာကိုယ်ပေါ်မှာ ဓာဏ်ရာကြီးကြီးမားမား ရှိမနေဘဲ၊ ပုပ်သိုးနေပြီးဖြစ်တာကြောင့် သေသွားတာ ၁လကနေ ၄လခန့်အထိရှိနေပြီလို့ ဆိုပါတယ်။
ယခုလ ၂၀ရက်မှာပဲဂျပန်ရဲဌာနဟာ ကလေးကိုစွန့်ပစ်ထားတဲ့ နေရာနဲ့ မနီးမဝေးမှာနေတဲ့ သံသယရှိသူ ဗီယက်နမ်လူမျိုး အလုပ်သင်သင်တန်းသူ (၁၉နှစ်) ကိုဖမ်းဆီးခဲ့ပါတယ်။ သူမက ကလေးကို စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
Source: NHK
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: