ဂျပန်နိုင်ငံ social media မှာ လူပြောများနေတဲ့ စုံတွဲလေးအကြောင်း

နှစ်ယောက်သားအသက်က ၃၂ နှစ်တောင်ကွာခြားနေတယ်ဆိုတာက???
အချစ်မှာအသက်အပိုင်းအခြားမရှိဘူးလို့ ပြောတတ်ကြပေမယ့်လည်း တကယ်တမ်း အသက်အရမ်းကွာနေတဲ့ အတွဲတွေကတော့ လူတွေအာရုံစိုက်တာခံရတတ်ပါတယ်။
ရှင်းဂျုခုမြို့မှာ နေနေတဲ့ Kurata Ratsuko (61နှစ်) ဟာ 29နှစ်အရွယ် ချစ်သူကောင်လေးနဲ့ ဒီနှစ်မကုန်ခင် လက်ထပ်မယ်လို့ဆိုပါတယ်။ ဓာတ်ပုံကိုကြည့်လိုက်ရင်တော့ သူမဟာ 61 နှစ်လို့မထင်ရလောက်အောင် ငယ်ရွယ်နုပျိုနေတာကြောင့် ဒီအတိုင်းကြည့်လိုက်ရင်တော့ အသက်ကွာတယ်လို့မထင်ရပါဘူး။
သူမဟာ ကောင်လေးနဲ့အတူ ရိုက်ထားတဲ့ပုံတွေကို Instagram မှာတင်တတ်ပြီး follower ၂သောင်းကျော်တောင်ရှိပါတယ်။ ဒါပေမယ့် တစ်ခါမှ ကောင်လေးရဲ့မျက်နှာကိုမပြခဲ့ပါဘူး။
သူမဟာ အိမ်ထောင်ပြုခဲ့ဖူးပြီး ကွာရှင်းထားကာ တစ်ဦးတည်းရပ်တည်နေတဲ့ သူဌေးမတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှ ကော်ဖီဆိုင်ထိုင်ပြီးအပြန် ပစ္စည်းကို ဆိုင်မှာမေ့ကျန်ခဲ့ပါတယ်။ ပြန်လာရှာတော့ ပစ္စည်းပိုင်ရှင်လာရင် ပေးဖို့ဆိုပြီး စောင့်နေတဲ့ အခုသူမရဲ့ သတို့သားလောင်းဖြစ်သူနဲ့ ဆုံတွေခဲ့တာပါ။ ရုပ်ရှင်ဆန်ဆန်ပါပဲ။
ရုပ်ရှင်အကြောင်း Manga အကြောင်းတွေလည်း အကြိုက်တူလို့ စကားလက်စုံကျခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီနောက် အိမ်အပြန်ရထားပေါ်မှာ မထင်မှတ်ဘဲ ထပ်တွေ့ကြတဲ့အချိန် သူမဟာ ရေစက်ပါလို့ပဲလို့ တွေးပြီး ကောင်လေးရဲ့ ဖုန်းနံပါတ်ကိုတောင်းလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီမှာတင်ပဲ စတယ်လို့ ပြောနိုင်ပါတယ်။
အသက်ကွာခြားချက်ထက် လူတွေကိုပိုပြီး အံ့ဩစေတာကတော့ သူမရဲ့ အသက်အရွယ်နဲ့မလိုက်တဲ့ ငယ်ရွယ်နုပျိုလှပမှုပဲဖြစ်ပါတယ်။ သူမထက် ၃၂ နှစ်ငယ်တဲ့ကောင်လေးနဲ့ အတူရိုက်ထားတဲ့ပုံထဲမှာ အသက်ကြီးတယ်လို့ မမြင်ရတဲ့အပြင် ပိုတောင်ငယ်နေသလိုပါပဲ။
သူမမှာ သတို့သားလောင်းထက် ၇နှစ်ကြီးတဲ့ သားတစ်ယောက်လည်းရှိပြီး မြေးလည်းရှိပါတယ်။ ဆိုတော့ ဒီကောင်လေးဟာ သူနဲ့လက်ထပ်ပြီးတာနဲ့ အသက် ၃၀ မပြည့်ခင် အဖိုးတန်းဖြစ်မှာပါ။
တွဲတာအချိန်တစ်ခုရောက်တဲ့အခါမှာ သူတို့နှစ်ဦးက လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်လေးမိဘတွေကလည်း သဘောတူတယ်လို့ဆိုပါတယ်။
Source: Skydoor
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: