ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကြိုးပမ်းမှု

ရှင်ဇိုအဘေးစံ ကွယ်လွန်ပြီးတော့ နောက်တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် Mr.Kishida Fumio ကို လုပ်ကြံဖို့ကြိုးပမ်းတဲ့သတင်း ကြားပြီးကြမယ်လို့ထင်ပါတယ်။
မအောင်မြင်လိုက်ပေမယ့် သံသယရှိသူရဲ့ အိမ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ယမ်းမှုန့်လိုအရာတွေကို တွေခဲ့ရတဲ့လို့ NHK သတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဧပြီလ၁၅ရက်နေ့က ဝကယမမြို့မှာပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောဖို့လုပ်နေတဲ့ ဝန်ကြီးချုပ် Mr.Kishida Fumio ဆီကို Kimura Ryuji (24 နှစ်) ဆိုသူက ပေါက်ကွဲတဲ့ပစ္စည်းတစ်ခုကို လှမ်းပစ်လိုက်ပါတယ်။ တရားခံကို ရဲတွေနဲ့ လုံခြုံရေးတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်လိုက်ပါတယ်။
ဒီဖြစ်ရပ်မှာ ရဲတစ်ဦးဘဲ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဝန်ကြီးချုပ် Mr.Kishida လည်း ဘေးကင်းကင်းနဲ့ တိမ်းရှောင်နိုင်ခဲ့ပါတယ်။
Hyogo စီရင်စု Kawanishi မြို့မှာရှိတဲ့ တရားခံရဲ့အိမ်ကို ရှာဖွေတဲ့အခါ ထိုသူရဲ့ ဖုန်း၊ ကွန်ပျူတာတွေနဲ့အတူ ယမ်းမှုန့်လိုအရာတွေထည့်ထားထည့် ပုံး ၁၀ ပုံးကို သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။
Source: NHK
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: