တရုတ်နိုင်ငံ သဲကန္တာရမှ သဲမှုန့်များ ဂျပန်သို့ပျံ့နှံံ

ဂျပန်မိုးလေဝသအေဂျင်စီရဲ့ အဆိုအရ တရုတ်နိုင်ငံ သဲကန္တာရမှ သဲမှုန့်တွေဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းမှ အနောက်ဘက်တစ်လျှောက် ဧရိယာတော်တော်များများမှာ ပျံ့နေတယ်လို့ဆိုပါတယ်။
ဧပြီလ 13 ရက်နေ့ နံနက်မှာ တိုကျိုမြို့လယ်မှာပဲ သဲမှုန့်များကို တွေ့ရှိခဲ့ရပါတယ်။ ယခင်ကလည်း အခုလိုသဲမှုန့်များကို ဧပြီလ ၁၂ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်းမှ အနောက်ဘက်အထိ နေရာအများအပြားတွင် မြင်တွေ့ခဲ့ရပါသေးတယ်။
ဂျပန်နိုင်ငံ မြောက်ဘက်မှ အနောက်ဘက်မှာ သဲတွေကြောင့် 10 ကီလိုမီတာ လောက်အထိပဲမြင်ရပြီး၊ အချို့နေရာများမှာ 5 ကီလိုမီတာအောက်အထိသာ မြင်ရပါတယ်။
ယာဉ်မောင်းများကို ကားမောင်းနေစဉ် အလွန်သတိထားဖို့ အစိုးရက တိုက်တွန်းထားပြီး ပြည်သူများအား ယခုကာလအတွင်း အပြင်ဘက်မှာ အဝတ်မလှန်းဖို့ကိုလည်း အကြံပြုထားသည်။
ထို့အပြင် ဤသဲမှုန့်များကြောင့် “ဝတ်မှုန်ဓာတ်မတည့်မှု” ဖြစ်နိုင်ချေကို မိုးလေဝသပညာရှင်အများအပြားက စိုးရိမ်နေကြပါသေးတယ်။ သေးငယ်တဲ့သဲမှုန့်တွေ ပွတ်တိုက်တာကြောင့် ပန်းဝတ်မှုန်အစေ့များကို ထိခိုက်ပြီး ကွဲထွက်သွားကာ ဝတ်မှုန်များကို လေထဲသို့ ပြန့်နှံ့စေတာကြောင့်ပါ။
ဟော့ကိုင်းဒိုးကနေ ခယူးရှူးအထိ ဂျပန်နိုင်ငံရဲ့ နေရာအများအပြားမှာ သဲမှုန့်တွေ ပေါ်လာတာ 2021 ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အရင်းအမြစ်: NHK
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: