ဂျပန်မှာ လာမည့်နှစ် 30 အတွင်း ရစ်ခ်ျတာစကေး 8 မှ 9 အထိရှိတဲ့ ငလျင်လှုပ်ခတ်နိုင်ခြေ 70 မှ 80 ရာခိုင်နှုန်းရှိ

ထိခိုက်ပျက်စီးမှု ခန့်မှန်းခြေဆိုင်ရာ နောက်ဆုံးရအချက်အလက်ကို သတ်မှတ်ဖို့ Japan’s mega-quake ငလျင်ခန့်မှန်းမှု ကျွမ်းကျင်သူများ တွေ့ဆုံခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် Nankai လေဖိအားနည်းရပ်ဝန်းမှာ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားတဲ့ ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်များဆိုင်ရာ လေ့လာမှု အချက်အလက်ကို update လုပ်ဖို့ ဂျပန်အစိုးရမှ ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဟာ တွေ့ဆုံခဲ့ကြပါတယ်။
ဂျပန်မှာ လာမည့်နှစ် 30 အတွင်း ရစ်ခ်ျတာစကေး 8 မှ 9 အထိရှိတဲ့ ငလျင်လှုပ်ခတ်နိုင်ခြေ 70 မှ 80 ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
အပြင်းထန်ဆုံး ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါမှာ ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းရှိ နေရာအနှံ့အပြားမှာ ပြင်းထန်သော ငလျင် သို့မဟုတ် ဆူနာမီဒဏ်တွေ ခံရနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားကြောင်း ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုးဆုံးအခြေအနေမှာ ငလျင်ကြောင့် လူပေါင်း ၃၂၃,၀၀၀ ထက်မနည်း အသက်ဆုံးရှုံးနိုင်ပြီး အဆောက်အအုံပေါင်း ၂.၄ သန်းခန့် ပြိုကျပျက်စီးခြင်း သို့မဟုတ် ဆိုးရွားစွာ ပျက်စီးမှုများ ဖြစ်စေနိုင်ကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။
ယခုအချိန်အထိ လုပ်ဆောင်ခဲ့သည့် နောက်ဆုံးသုတေသနနဲ့ သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေး အစီအမံရလဒ်တွေကို သိသာထင်ရှားစေဖို့ အစိုးရက ဒီခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်္ဂါနေ့က တိုကျိုမြို့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူ ၁၇ ဦး တက်ရောက်ခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လတ်တလောဖြစ်ပေါ်နေတဲ့ တိုးတက်မှုများအပေါ်အခြေခံပြီး စိန်ခေါ်မှုအသစ်များနှင့် အကျိုးသက်ရောက်မှုများကို ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီထဲမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ တိုးတက်လာဖို့၊ ခိုလှုံစရာနေရာ ပိုမိုရရှိရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်မှုတွေကို မြှင့်တင်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။ ကျွမ်းကျင်သူများဟာ အထပ်မြင့် အဆောက်အအုံများ တိုးလာခြင်း၊ သက်ကြီးရွယ်အို တိုးများလာခြင်းနဲ့ လူဦးရေ ကျဆင်းလာခြင်းတို့ကိုလည်း ထည့်သွင်း စဉ်းစားနေကြပါတယ်။
အစိုးရက မျှော်မှန်းထားတဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေကို ၈၀ ရာခိုင်နှုန်း လျှော့ချဖို့နဲ့၊ ပြိုကျနိုင်ခြေရှိတဲ့ အဆောက်အအုံ အရေအတွက်ကို ထက်ဝက်ခန့် လျှော့ချဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ လာမည့်နွေဦးရာသီမှာ ပြန်လည်သုံးသပ်မှုကို အပြီးသတ်ဖို့ ရည်ရွယ်ထားပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: