တရုတ်နိုင်ငံတွင် နေနေသော ဂျပန်လူမျိုးတစ်ဦးကို သူလျှိုလုပ်သည်ဟု စွပ်စွဲကာ တရုတ်အစိုးရမှဖမ်းဆီး

ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံကြား အခြေအနေတွေ တင်းမာနေတဲ့ကြားမှာ ဆေးဝန်ထမ်းတစ်ဦးဟာ ကြားညပ်သွားတဲ့ပုံပါပဲ။
ဂျပန်နိုင်ငံပိုင် Astellas ဆေးဝါးကုမ္ပဏီဝန်ထမ်းတစ်ဦးကို သူလျှိုဆိုပြီး တရုတ်နိုင်ငံက မတ်လမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသီတင်းကို ဘယ်ဘက်အစိုးရကမှ ကြေညာတာမဟုတ်ဘဲ ကုမ္ပဏီတာဝန်ရှိသူက ပြင်ပသတင်းဌာနကို ပြောပြလိုက်တာပဲဖြစ်ပါတယ်။
အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Matsuno Hirokazu ဟာ ABC News ကို ဘေဂျင်းမြို့မှာ ဒီလအစောပိုင်းက အသက် ၅၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံသား ဆေးဝါးကုမ္ပဏီဝန်ထမ်းတစ်ဦး အဖမ်းခံရကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ဂျပန်နိုင်ငံသားတစ်ဦးကို “သူလျှိုလုပ်မှု” ဆိုတဲ့ တရုတ်နိုင်ငံ ပြစ်မှုကျူးလွန်မှုဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“ဒီနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားတိုင်းကို ခရီးသွားသူဖြစ်စေ၊ အချိန်ကြာနေထိုင်သူပဲဖြစ်စေ ဖမ်းဆီးစစ်ဆေးသွားမယ်” လို့လည်း ပြောခဲ့ပါသေးတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: