ဂျပန်ခရီးသွားသင်္ဘောတစ်စင်း တိမ်းမှောက်

မတ် ၂၈ ရက်က ကျိုတို၊ ကာမဲအိုကမြို့ရှိ ဟိုဇုမြစ်တစ်လျှောက်ကို အပန်းဖြေခရီးထွက်လာတဲ့ ခရီးသွား ၂၉ ဦးလိုက်ပါလာတဲ့ ဂျပန်ခရီးသွားသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ပါတယ်။
သင်္ဘောတိမ်းမှောက်ချိန် လှေပေါ်မှာ ခရီးသည် ၂၉ ဦး (ကလေး ၃ ဦး အပါအဝင်) ဟာ မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သင်္ဘောဝန်ထမ်း လေးဦးအနက်ကတစ်ဦးဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် Tanaka Saburo သေဆုံးခဲ့ပြီး၊ အသက် ၄၀ ၀န်းကျင်ရှိ အခြားတစ်ဦးကိုတော့ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။
အသက် ၁၃ နှစ်မှ ၅၄ နှစ်ကြား အမျိုးသမီး ၉ ဦး အပါအဝင် ခရီးသည် ၂၅ ဦးစလုံးကို ကံကောင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီရှုခင်းကြည့် အပျော်စီးသင်္ဘောတွေကို မြစ်ကမ်းတစ်လျှောက် ခုတ်မောင်းဖို့ သင်္ဘောသားတွေဟာ လှော်တက်နဲ့ ဝါးတိုင်တွေကို အသုံးပြုကြပါတယ်။ ကမ်းကနေ ထွက်ခွာပြီး ၁၅ မိနစ်ခန့်အကြာမှာ သင်္ဘောဟာ ကျောက်ဆောင်နဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
သင်္ဘောသားတစ်ဦးရဲ့ အမှားကြောင့် တိမ်းမှောက်ခဲ့တယ်လို့ ခရီးသွား လှေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုးကား : NHK
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: