ဂတ်စ်အိုးစက်ရုံမှာ ဂတ်စ်ပေါက်ကွဲမှု

၁၁ ရက်နေ့က ဖူကူရှီးမားခရိုင် နိဟွန်းမဆုမြို့က ဂတ်စ်အိုးစက်ရုံမှာ ဂတ်စ်ပေါက်ကွဲမှုဖြစ်ပွားခဲ့
အမျိုးသား ၄ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရကာ ဒေသခံ ၂၄ ဦးနဲ့ စက်ရုံအလုပ်သမား ၂၄ ဦးဟာ မြို့ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်
ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနရဲ့ အဆိုအရ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်မှာ နိဟွန်းမဆုမြို့မှာရှိတဲ့ ဂတ််စ်အိုးနဲ့ အခြားပစ္စည်းတွေ ထုတ်လုပ်တဲ့ Tohoku Tokai က ဝန်ထမ်းတစ်ဦးက “ ဓာတ်ငွေ့ပေါက်ကွဲပြီး မီးလောင်နေတယ်” လို့ သတင်းပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
စက်ရုံအတွင်း ဂက်စ်အိုးအများအပြား ရှိနေပြီး၊ မီးဟာ စက်ရုံအဆောက်အအုံကနေ သစ်တောဘက်ကို ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီနေရာဟာ Tohoku Expressway ပေါ်ရှိ Nihonmatsu Interchange ရဲ့ အနောက်တောင်ဘက် 1.6 ကီလိုမီတာအကွာရှိ တောင်ထူထပ်တဲ့ ဧရိယာမှာ တည်ရှိပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ညနေ ၃ နာရီ မထိုးခင်လောက်မှာ အနက်ရောင် မီးခိုးတွေကိုမြင်နေရပြီး၊ ပေါက်ကွဲသံများလည်း ကြားခဲ့ရကြောင်း သိရပါတယ်။
ထို့အပြင် အဆိုပါမီးလောင်မှုကြောင့် Tohoku Expressway ရှိ Motomiya IC နဲ့ Fukushima IC ကြားလမ်း အတက်အဆင်း လိုင်းတွေကို ယာယီပိတ်ထားခဲ့ရပါတယ်။
စက်ရုံ၏ မီတာ 500 အချင်းဝက်အတွင်း နေထိုင်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ တောင်းဆိုခဲ့ရပြီး ည 9:30 နာရီအထိ အနီးနားနေထိုင်သူ 20ဦး နဲ့ စက်ရုံအလုပ်သမား 4 ယောက်အပါအဝင် စုစုပေါင်း လူ 24 ဦးကို အနီးနားရှိ ရပ်ရွာစင်တာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သူများကလည်း “ အော်သံလို ဆူညံသံတွေ ကြားရတယ်။ ဘယ်လောက်ကြာကြာ တိမ်းရှောင်နေရမယ်ဆိုတာ မသိတဲ့အတွက် စိုးရိမ်မိတယ်” “အသံအကျယ်ကြီးတွေနဲ့၊ အပြင်မှာလည်း မီးခိုးတွေကမြင်နေရတာ။ အိပ်လို့လည်းမရပါဘူး။ မြန်မြန် အိမ်ကို ပြန်ချင်တယ်” လို့ စိတ်မချမ်းမသာနဲ့ ပြောနေခဲ့ကြပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: