ထီးမွေနန်းမွေတွေကို စွန့်လွှတ်ခဲ့သူ ဂျပန်မင်းသမီး၏ ခင်ပွန်း

ယခင်ဂျပန်မင်းသမီးဖြစ်ခဲ့သူရဲ့ အမျိုးသားဟာ New York မှာ တရားဝင်ရှေ့နေဖြစ်သွားပြီ ဖြစ်ပါတယ်
ဂျပန်မင်းသမီး Mako Komuro ၏ခင်ပွန်းဖြစ်သူ Kei Komuro ဟာ အမေရိကန်ပြည်ထောင်စု New York ပြည်နယ်မှာ ရှေ့နေတစ်ဦးအဖြစ် မှတ်ပုံတင်ထားကြောင်း ဒေသဆိုင်ရာ တရားရေးဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်
New York State Unified Court System အရ တနင်္လာနေ့ ရက်စွဲပါ Komuro ရဲ့ မှတ်ပုံတင်ခြင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက တတိယအကြိမ် ကြိုးစားခဲ့ရာမှာ အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်
New York မှာ သူအလုပ်လုပ်ကိုင်နေတဲ့ ဥပဒေလုပ်ငန်းကလည်း ရာထူးကို ဥပဒေစာရေးကနေ တွဲဖက်အဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်
Komuro (31) နှစ်ဟာ New York City’s Fordham University School of Law ကနေ 2021 ခုနှစ် မေလမှာ Juris Doctor ဘွဲ့ရရှိခဲ့ပါတယ်။ သူနှင့် ဘုရင်ကြီး Naruhito ၏ 31 နှစ်အရွယ်တူမတို့ဟာ 2021 ခုနှစ်နှောင်းပိုင်းမှစတင်ပြီး မြို့ထဲကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ
ဘုရင်မင်းမြတ်ရဲ့ ထီးနန်းဆက်ခံမှုကို ကန့်သတ်ထားတဲ့ 1947 Imperial House Law အရ သာမန်လူများနဲ့ လက်ထပ်တဲ့အခါမှာ တော်ဝင်မျိုးရိုးဂုဏ်ကို စွန့်လွှတ်ရပါတယ်။
Mako Komuro ဟာ ထီးမွေနန်းမွေတွေကို စွန့်လွှတ်ပြီး Kei Komuro နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: