နင်ဂျာကိုချစ်တဲ့ ဂျပန်မြို့တစ်မြို့

နင်ဂျာလိုဝတ်ပြီး အလုပ်လုပ်ကြမလား?
နင်ဂျာကိုချစ်တဲ့ ဂျပန်မြို့တစ်မြို့
ဖေဖော်ဝါရီလ ၂၂ရက်နေ့က “Ninja Day” ဆိုပြီး Koga-ryu ဆိုတဲ့ နာမည်ကြီးနင်ဂျာရဲ့ မွေးရပ်မြေ ဂျပန်နိုင်ငံ Koka City, Shiga Prefecture က မြို့တော်ခန်းမက ဝန်ထမ်းတွေဟာ နင်ဂျာလိုဝတ်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်
အဲ့ဒီနေ့မှာ မြို့တော်ခရီးသွားလာရေး မြှင့်တင်မှုဌာနက ဝန်ထမ်း၁၄ယောက်ဟာ “ Nin Nin Nin” လို့ရွတ်ရင်း နင်ဂျာအဝတ်တွေဝတ်လာတာပါ။ shuriken ပုံရိုက်ထားတဲ့ mask တွေကို တစ်နေကုန်တပ်ထားကြတာပါ
ဝန်ထမ်းတစ်ယောက်က “နင်ဂျာဝတ်စုံဝတ်ထားတော့ မိုက်တယ်လို့ခံစားရပြီး၊ အလုပ်ကိုလည်း တက်တက်ကြွကြွနဲ့ မြန်မြန်လုပ်နိုင်တယ်လို့ ခံစားရတယ်” “Koka City ကို နင်ဂျာတွေအတွက် မြင့်မြတ်တဲ့နေရာအဖြစ် လူအများအသိအမှတ်ပြုစေချင်တယ်” လို့ပြောခဲ့ပါတယ်
တခြား အစိုးရရုံးဌာန ၁၄ ခုနဲ့ မူကြိုကျောင်းတွေမှာလည်း နင်ဂျာပုံပါတဲ့ ထမင်းဘူး၊ နင်ဂျာတွေစားတတ်တယ်ဆိုတဲ့ အနက်ရောင်ထမင်း၊ shuriken kamaboko ပါတဲ့ စွပ်ပြုတ်တို့ကို ကျွေးခဲ့တယ်လို့ဆိုပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: