ဘူတာ ပလက်ဖောင်းပေါ်က အရေးပေါ်သတိပေးခလုတ်ကို ဘယ်လိုသုံးရလဲ?

“ရထားမမှီလိုက်လို့” ဘူတာ ပလက်ဖောင်းပေါ်က အရေးပေါ်သတိပေးခလုတ်ကို နှိပ်လိုက်တဲ့ အစိုးရဝန်ထမ်းတစ်ယောက် ဖမ်းဆီးခံရ
Hyogo စီရင်စု Chuo ရပ်ကွင် Kobe မြို့ရှိ Kobe Sannomiya ဘူတာရုံပလပ်ဖောင်းပေါ်မှာ ရထားပေါ်မှာ အထူးတလည်ဘာမှဖြစ်မနေဘဲ အရေးပေါ်သတိပေးခလုတ်ကို နှိပ်လိုက်တာကြောင့်၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ Kobe လေကြောင်း ထိန်းချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းဖြစ်သူ အသက် 35 နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ဝတ္တရားနှောက်ယှက်မှုနဲ့ ရဲကဖမ်းဆီးလိုက်ပါတယ်။
အဆိုပါအမျိုးသားက ဘူတာဝန်ထမ်းကို “ရထားမမှီလိုက်လို့ နှိပ်လိုက်တာ” လို့ပြောခဲ့ပါတယ်။
ကြေညာချက်အရ အဆိုပါအမျိုးသားဟာ ၁၂ရက်နေ့ ည ၁၀:၄၀ လောက်မှာ အထက်ပါဘူတာရဲ့ ပလက်ဖောင်းပေါ်က အရေးပေါ်သတိပေးခလုတ်ကို နှိပ်လိုက်တာကြောင့်၊ ဘူတာကနေထွက်မယ့် ရထား ၂ စင်းစလုံး မိနစ်အနည်းငယ်စီ နောက်ကျသွားခဲ့ပြီး၊ ဝန်ထမ်းတွေအပေါ် ဝတ္တရားနှောက်ယှက်မှုသံသယနဲ့ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ထိုအမျိုးသားကို မေးတဲ့အခါမှာ “မူးနေတာနဲ့ သိပ်တော့မမှတ်မိပေမဲ့၊ နှိပ်လိုက်မိတယ်လို့ထင်ပါတယ်” လို့ပြောပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: